မက်ဆီကလွဲ၍ အာဂျင်တီးနားကစားသမားများကို မကြောက်ဟု ခရိုအေးရှား ကွင်းလယ်လူပြော

မော်စကို- မက်ဆီကို မှီခိုနေရ သော အာဂျင်တီးနားထက် မိမိ တို့က ပိုကောင်းကြောင်း ခရိုအေး ရှားကွင်းလယ်လူ ကိုဗာဆစ်က ပြောပြီး နှစ်သင်းထိပ်တိုက်တွေ့ ပါက အသာစီးရမည်ဟု ယုံကြည် နေသည်။

အုပ်စု (D) တွင် နောက်တစ် ဆင့်တက်မည်ဟု ခန့်မှန်းခံရသော အာဂျင်တီးနားနှင့် ခရိုအေးရှား တို့သည် ဇွန်လ ၂၂ ရက်၌ ထိပ် တိုက်တွေ့ဆုံနေပြီး နောက်တစ် ဆင့်တက်ရေး နှစ်သင်းစလုံးအ တွက် အရေးပါနေသည်။

ခရိုအေးရှားသည် ဖွင့်ပွဲတွင် နိုင်ဂျီးရီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ရထားပြီး အာဂျင်တီးနားက အိုက် စလန်နှင့် တစ်ဂိုးစီသရေကျထား သည်။ ‘‘တခြားနေရာမှာကစားတဲ့ ကစားသမားတွေ ကောင်းပေမယ့် လည်း အာဂျင်တီးနားဟာ မက် ဆီကို အများကြီးမှီခိုရပါတယ်။ မက်ဆီဟာ ပွဲအဖြေကို အချိန် မရွေးပြောင်းလဲပေးနိုင်သူပါ’’ဟု ကိုဗာဆစ်က ပြောသည်။

မိမိတို့သည် မက်ဆီကလွဲ၍ ကျန်အာဂျင်တီးနားကစားသမား များထက် တစ်ဦးချင်းပိုကောင်း သဖြင့် အလွန်ကြောက်စရာမလို ကြောင်း၊ ထို့ကြောင့် အခြားသူ ထက် ကိုယ့်ကိုယ်ကိုယ် အာရုံစိုက် သင့်ကြောင်း ကိုဗာဆစ်က ထပ် လောင်းပြောကြားသည်။

—Ref: Goal