ပေါ်တူဂီ၊ ဥရုဂွေးနှင့် စပိန်တို့ နိုင်ပွဲယူမည့် ကမ္ဘာ့ဖလားအုပ်စု ဒုတိယပွဲစဉ်များ

ပေါ်တူဂီ - မော်ရိုကို
ညနေ ၆ နာရီခွဲ

ပေါ်တူဂီတိုက်စစ်တွင် ရော် နယ်ဒိုကိုသာ မှီခိုနေရပြီး ပီပီနှင့် ဖွန်တီတို့ ဦးဆောင်သော နောက် တန်းက အားနည်းနေသည်။
သို့သော် ပေါ်တူဂီသည် ကမ္ဘာ့ဖလားဗိုလ်စွဲရန် ရေပန်းစား အသင်းဖြစ်သည့် စပိန်ကို သရေ ကစားခဲ့ပြီး ယခုပွဲအနိုင်ရလဒ်က နောက်တစ်ဆင့်တက်ရန် အား ထည့်ကစားနိုင်သည်။
အီရန်ကို ရှုံးနိမ့်သော်လည်း ခြေစွမ်းမညံ့ခဲ့သည့် မော်ရိုကိုတွင် ဗဟိုနောက်ခံလူ ဘီနာတီယာအ နေဖြင့် ရော်နယ်ဒိုကို ထိန်းချုပ်ရန် ကြိုးစားမည်ဖြစ်ပြီး တန်ပြန်တိုက် စစ်အားပြုကစားပါက တိုက်စစ် မှူး အယ်လ်ကာဘီအနေဖြင့် အ ဆုံးသတ်ကောင်းမွန်ရန် လိုအပ်သည်။
၁၉၈၆ ကမ္ဘာ့ဖလားတွင် မော်ရိုကိုက ၃-၁ ဂိုးဖြင့် အနိုင်ရ ဖူးသော်လည်း ယခုပွဲစဉ်ကို ပေါ် တူဂီက၂-၀ ဂိုးဖြင့် အနိုင်ရမည် ဟု Sportsmole ဝက်ဘ်ဆိုက်က ခန့်မှန်းသည်။

ဥရုဂွေး−ဆော်ဒီအာရေးဗီးယား
ည ၉ နာရီခွဲ

ဥရုဂွေးသည် ကစားပုံမာ ကျောပြီး အသင်းကြီးများကို ဒုက္ခပေးနိုင်သည်အထိ ခြေစွမ်း ကောင်းသဖြင့် အဖြည့်ခံဆော်ဒီ အာရေးဗီးယားကို အနိုင်ယူကာ နောက်တစ်ဆင့်တက်မည်ဟု ခန့် မှန်းသည်။
ကာဗာနီနှင့် ဆွာရက်ဇ်ကဲ့ သို့ အဆုံးသတ်ကောင်းမွန်သော တိုက်စစ်က ဂိုးအလှူပေးရလေ့ရှိ သော ဆော်ဒီနောက်တန်းကို အ ချိန်မရွေးဖိအားပေးနိုင်၍ ဆော်ဒီအနေဖြင့် အရှက်တကွဲမရှုံးနိမ့်ရေး ကြိုးစားရမည်ဖြစ်သည်။
ထိပ်တိုက်တွေ့ဆုံမှု တစ် ကြိမ်တွင် အနိုင်ရခဲ့သည့် ဥရုဂွေး က အနည်းဆုံး သုံးဂိုးပြတ်အနိုင်ရ မည်ဟု Foot Ballexpert ဝက်ဘ် ဆိုက်က ခန့်မှန်းသည်။

အီရန် - စပိန်
ည ၁၂ နာရီခွဲ
ခြေစမ်းပွဲစဉ်များ မကစားခဲ့ ရသဖြင့် ပြင်ဆင်မှုအခက်တွေ့ခဲ့ သော အီရန်သည် တစ်ဖက်က လည်း အနားယူချိန်ပိုရခဲ့သည်။ ထို့အပြင် အဖွင့်ပွဲတွင် သုံးမှတ်ရရှိ ထားသောကြောင့် အီရန်အနေ ဖြင့် စပိန်ထံမှ တစ်မှတ်ခွဲယူနိုင် အောင် ကြိုးစားလာနိုင်သည်။
သို့သော် စပိန်သည် အသင်း လိုက်ကစားပုံကောင်းပြီး အလယ် တန်းနှင့် ရှေ့တန်းကစားသမား အားလုံး ဂိုးသွင်းနိုင်စွမ်းရှိသလို ခံစစ်ကလည်း ကမ္ဘာ့အကောင်း ဆုံးအသင်းများတွင် ပါဝင်သည်။
အီရန်နောက်တန်းအနေဖြင့် မော်ရိုကိုတိုက်စစ်ကို တောင့်ခံနိုင် ခဲ့သော်လည်း ဘောလုံးကိုင် ကစားကာ တစ်သင်းလုံး ထိုး ဖောက်တတ်သည့် စပိန်ကို ကြာကြာတောင့်ခံနိုင်ဖွယ်မမြင်ပေ။
ပထမဆုံးထိပ်တိုက်တွေ့ဆုံ မှုတွင် စပိန်က အနည်းဆုံး သုံးဂိုး ပြတ်အနိုင်ရမည်ဟု Sportsmole ဝက်ဘ်ဆိုက်က ခန့်မှန်းသည်။
—Ref: Sportsmole.co.uk/footballexpert.com