အသည်းရောင် အသားဝါဘီ ကာကွယ်ဆေးမထိုးရသေးသော ကလေးများကို အထူးအစီအစဉ်ဖြင့် ထိုးနှံ

အသည်းရောင်ဘီနှင့် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးရန်ကျန်သည့် ကလေးငယ်များအား ဇူလိုင်လကုန်အထိ နီးစပ်ရာကျန်းမာရေးဌာနများတွင် ထိုးနှံပေးနေသည်။ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

အသည်းအရောင်အသားဝါဘီ ကာကွယ်ဆေးထိုးရန် ကျန်သည့် ကလေးငယ်များကို အထူးအစီ အစဉ်အဖြစ် ဆေးရုံများနှင့် နီးစပ် ရာ ကျန်းမာရေးဌာနများတွင် ထိုး နှံပေးနေကြောင်း တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်း ဒုတိယညွှန် ကြားရေးမှူးဒေါက်တာ ထားထား လင်းက ပြောသည်။

၂၀၁၁ ဧပြီမှ ၂၀၁၂ နိုဝင် ဘာအတွင်း မွေးဖွားခဲ့ပြီး အသည်း ရောင်အသားဝါဘီ ကာကွယ်ဆေးမထိုးရသေးသည့် ကလေးများကို ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက ယခုနှစ် မေ၊ ဇွန် နှင့်ဇူလိုင်ကုန်အထိ ထိုးနှံပေးနေပြီး မေလတွင် မမီဘဲ ဇွန်လတွင် ပထမအကြိမ် ထိုးနှံလျှင်မူ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှုမရရှိပေ။

‘‘မိဘတိုင်းက ကလေးတွေ ကို ကူးစက်ရောဂါတွေ သိပ်များ တဲ့ နိုင်ငံမှာ ကာကွယ်ဖို့လုပ်ပေး ရုံကလွဲလို့ တခြားနည်းလမ်းမရှိ ဘူး။ နောက်ဖြစ်လာလို့ရှိရင်လည်း ကုသဖို့က သိပ်ခက်ခဲတယ်ဆို တော့။ လူတိုင်းကလည်း အချိန် မီကုသနိုင်ဦးမှ၊ ကုသနိုင်သည့်တိုင်အောင် ရောဂါနဲ့ အခြေအနေက ကောင်းဦးမှ၊ တချို့ရောဂါတွေ ဆိုရင် အသက်အန္တရာယ်ထိရောက်သွားတာတွေ ရှိတယ်’’ဟု ဒေါက်တာထားထားလင်းက ပြောသည်။

ကလေးမိဘများအနေဖြင့် ရင်သွေးငယ်များ ကူးစက်ရောဂါများ မဖြစ်ပွားစေရန် ကာကွယ်ဆေးကို မပျက်မကွက် ထိုးနှံရန်လိုအပ်ပြီး ဗဟိုအဆင့်ဆေးရုံကြီးများရှိ ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးခန်းများ၊ တိုင်း၊ ပြည်နယ်၊ ခရိုင်အဆင့် ခုတင် ၁၀၀ နှင့်အထက် ဆေးရုံကြီးများ၊  မြို့နယ်ဆေးရုံ များ၊ ဒေသန္တရ၊ မိခင်ကလေးကျန်း မာရေးဌာနများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများတွင် ကာကွယ်ဆေး ၁၁ မျိုး ထိုးနှံနိုင်သည်။

‘‘အဓိကက ၁၁ မျိုးစလုံး အကုန်ရပြီးပြီလား။ မရသေးရင် သက်ဆိုင်ရာဌာနတွေကို အကုန် မေးပြီးတော့ ထိုးလို့ရပါတယ်။ (၅)နှစ်အထိဆိုရင်လည်း ဆေးရုံတွေ မှာ ထိုးလို့ရတယ်’’ ဟု ဒေါက်တာ ထားထားလင်းက ပြောသည်။

ယခုအထူးအစီအစဉ်တွင် အသည်းရောင်ဘီကာကွယ်ဆေး အပြင် ဂျပန်ဦးနှောက်ရောင်ကာ ကွယ်ဆေးထိုးရန် ကျန်သည့် အ သက်(၉)လမှ (၁၅)နှစ်အရွယ် ကလေးငယ်များအား သုံးလအ တွင်း နီးစပ်ရာကျန်းမာရေးဌာန များ၌ ဇူလိုင်လကုန်အထိ ထိုးနှံပေးနေသည်။

‘‘ကလေးတွေကို ကာကွယ် ဆေးထိုးသင့်ပါတယ်။ ဖြစ်လာမှ ဆိုရင် ဘာမှမတတ်နိုင်ပါဘူး’’ဟု မြောက်ဒဂုံမြို့နယ်နေ ကလေးနှစ် ဦးမိခင်ဒေါ်ဌေးဌေးက ပြောကြားသည်။