ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အကြိုဗိုလ်လုပွဲတွင် ရှမ်းနှင့် ဟံသာဝတီ တွေ့ဆုံ

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ကွာတားအဆင့်တွင် ရှမ်းနှင့်ရခိုင်အသင်း ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ - စိုင်းဇော်)

 ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲအဆင့်တွင် လက်ရှိချန် ပီယံ ရှမ်းနှင့် ဟံသာဝတီအသင်း တို့ တွေ့ဆုံမည်ဖြစ်သည်။

 ဇွန်လ ၂၀ ရက်က ကျင်းပ သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ကွာတားအဆင့်ပြိုင်ပွဲတွင် ရှမ်း အသင်းက ရခိုင်ကို ၃-၀ ဂိုး၊ ဟံ သာဝတီက စစ်ကိုင်းကို ၂-၁ ဂိုး ဖြင့် အသီးသီးအနိုင်ရပြီး အကြို ဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။


သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် သည့်ပွဲ၌ ရှမ်းအသင်းက ရခိုင် အသင်းကို ခြေစွမ်းအသာဖြင့် ဖိ အားပေးကစားပြီး ဒွေးကိုကိုချစ်၏ ဟက်ထရစ်သွင်းဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ ရှမ်းအသင်းသည် ၂ နှစ်ဆက်တိုက် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အကြိုဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည်။

အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်သည့်ပွဲတွင် ဟံသာဝတီအသင်း က စစ်ကိုင်းအသင်းကို အကြိတ် အနယ်ယှဉ်ပြိုင်ပြီး ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဟံသာဝတီအ သင်းအတွက် အနိုင်ဂိုး နှစ်ဂိုးကို တိုက်စစ်မှူးမက်ဆာကီက သွင်း ယူပြီး စစ်ကိုင်းအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ကောင်းဇော်ထွေးက သွင်းယူခဲ့သည်။

ဟံသာဝတီအသင်း အနေ ဖြင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းအ ဖြစ် အမည်ပြောင်းလဲကျင်းပ သည့် ၂၀၁၅ နောက်ပိုင်း ပထမဆုံးအကြိမ် အကြိုဗိုလ်လုပွဲတက် ရောက်ခြင်းဖြစ်သည်။

ရှမ်းနှင့် ဟံသာဝတီအသင်း သည် ၂၀၁၈ မြန်မာလိဂ်ပထမ အကျော့၌ တွေ့ဆုံစဉ်က ရှမ်းအ သင်းက ၂-၁ ဂိုးဖြင့် အနိုင်ရထား သည်။

 ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အကြိုဗိုလ်လုပွဲများကို နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပထမအကျော့ပွဲစဉ်များကို ဇူလိုင် ၂၁ နှင့် ၂၂ ရက်၊ ဒုတိယအကျော့ကို စက်တင်ဘာ ၁၈ နှင့် ၁၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။ အကြိုဗိုလ်လုပွဲတွင် ရန် ကုန်နှင့် မကွေး၊ ရှမ်းနှင့် ဟံသာဝ တီတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။