ရဲတိုက်၊ ဒေါင်း၊ ရွှေထူးနဲ့ ၀တ်မှုံရွှေရည်တို့ အတွဲထူးတဲ့ ဒဏ္ဍာရီမိုး

 7 Sense ထုတ်လုပ် ရေးကစီစဉ်သည့် ဒဏ္ဍာရီမိုး ရုပ် ရှင် ကန်တော့ပွဲပေးအခမ်းအနား ကို ရွှေတိဂုံစေတီအောင်မြေ၌ ယမန်နေ့ကပြုလုပ်ခဲ့သည်။

‘‘ဒရာမာကားလေးပါ။ ပရိ သတ်တွေအတွက် ဆွေးဆွေး မြည့်မြည့်လေးကြည့်ရမယ့် ကား မျိုးပါ’’ ဟု  ပုံဖော်ရိုက်ကူးမည့် ဒါရိုက်တာဝင်းလွင်ထက်က ပြော သည်။

ဒဏ္ဍာရီမိုး ဇာတ်ကားကို ဒါရိုက်တာ ၀င်းလွင်ထက်က ပုံ ဖော်ရိုက်ကူးမည်ဖြစ်ပြီး ရဲတိုက်၊ ဒေါင်း၊ ရွှေထူးနှင့် ၀တ်မှုံရွှေ ရည်တို့ အဓိကပါဝင်သရုပ် ဆောင်မည်ဖြစ်သည်။

‘‘ဒီကားထဲမှာ ကျွန်တော်က ရုပ်အဆိုးဆုံးဖြစ်မယ်ထင်တယ်။ ကာရိုက်တာကတော့ဇာတ်ကား ထွက်မှပဲကြည့်ပါ။ ကစ်(၀တ်မှုံရွှေ ရည်) နဲ့က ဇာတ်ကားရိုက်တိုင်း  ရန်ဖြစ်တယ်။ ကြားထဲမှာမဆုံ ဖြစ်ဘူး။ အခုဒီကားမှာမှ ပြန်ဆုံ ဖြစ်မှာပေါ့’’ ဟု သရုပ်ဆောင်ရဲ တိုက်ကပြောသည်။

အဆိုပါဇာတ်ကားတွင် ဂျစ် ကန်ကန်သူဌေးသားနေရာကပါ ၀င်သရုပ်ဆောင်မည့် ဒေါင်းက ဇာတ်ကားနှင့် ပတ်သက်၍ ယခု လိုပြောသည်။

‘‘ဇာတ်လမ်းကို အကောင်း ဆုံးဖန်တီးပြချင်တယ်။ ကျွန်တော် တို့ အားလုံး အနှစ်သာရရှိတဲ့ ကျောက်ကောင်း လေးတစ်ပွင့်ကို ဖန်တီးနိုင်မလားပေါ့။  အဲဒီဇာတ် ကားထဲက  ကျွန်တော်သရုပ် ဆောင်ရမယ့်ဇာတ်ရုပ်ရဲ့   စိတ် ခံစားချက်ကို အမိအရ ဖမ်းဆုပ်ဖို့ ကြိုးစားထားပါတယ်’’ဟု ပြော သည်။

ဒဏ္ဍာရီမိုးဇာတ်ကားတွင်စာ ရေးဆရာနေရာက ပါဝင်သရုပ် ဆောင်မည့် အဆိုတော်ရွှေထူးက နာမည်ရပြီးသား သရုပ်ဆောင် များနှင့် တွဲဖက်ရိုက်ကူးရမည်ဖြစ် သောကြောင့် အနည်းငယ်စိုးရိမ် ကြောင်းဆိုသည်။

‘‘ဒီထဲမှာ စာရေးဆရာကာ ရိုက်တာအတွက် အရမ်းကြီးမပြင် ဆင်ရပေမယ့် ကျွန်တော်လေ့လာ ဖြစ်တယ်။ စာရေးဆရာ ကာရိုက် တာစာပေနဲ့ ရင်းနှီးတဲ့သူတွေအား လုံးက ဘယ်လိုမျိုးနေထိုင်တယ်၊  ဘယ်လိုမျိုးသွားလာလှုပ်ရှား တယ်၊ ဘယ်လိုစိတ်နေစိတ်ထား ရှိတယ်ဆိုတာလေးတွေလေ့လာ ဖြစ်ပါတယ်’’ဟု ရွှေထူးကပြော သည်။

ဒဏ္ဍာရီမိုးဇာတ်ကားကိုလွန် ခဲ့သည့် သုံးလကတည်းက ရိုက် ကူးရန်ပြင်ဆင်နေသကဲ့သို့ မင်း သားသုံးဦးနှင့် အတွဲညီညီ ရိုက် ကူးရမည်ဖြစ်သည့်အပြင် ဇာတ် ကားကောင်းတစ်ကောင်း ဖြစ် သောကြောင့် လက်ခံရိုက်ကူး ခြင်းဖြစ်ကြောင်း သရုပ်ဆောင် ၀တ်မှုံရွှေရည်ကပြောသည်။

‘‘ကိုရဲတိုက်နဲ့မဆုံတာ တော် တော်ကိုကြာပါပြီ။ ဒေါင်းနဲ့လည်း သရဲကားရိုက်ဖူးတယ်ဆိုပေမယ့် ဆုံတဲ့ကဒ်ရှားတယ်။ ရွှေထူးနဲ့က တော့ ပထမဆုံးပေါ့။ တစ်နှစ်လုံး မှာမှ ကစ်ရဲ့ သုံးကားမြောက်ရိုက် တဲ့ကားပါ’’ဟု ၎င်းကပြောသည်။

ယင်းဇာတ်ကားကို ဇွန် လ ၂၅ရက်တွင်ရန်ကုန်နှင့် ပဲခူး၌ စတင်ရိုက်ကူးမည်ဖြစ်ပြီး ဇာတ် လမ်းအကျဉ်းကိုမူ ထုတ်ဖော်ပြော ကြားခြင်းမရှိပေ။