မြန်မာလိဂ် တိုက်ရိုက်ထုတ်လွှင့်ပြသခွင့်ကို MY SPORTS က ကိုးနှစ် မူပိုင်ခွင့်ရ

 မြန်မာလိဂ်ပွဲစဉ်များ တိုက်ရိုက်ထုတ်လွှင့်ပြသမှုအ တွက် MY SPORTS က ကိုးနှစ် မူပိုင်ခွင့်ရရှိကြောင်း အင်္ဂလန်အ ခြေစိုက် အားကစားရုပ်သံလုပ် ငန်း Aser ကုမ္ပဏီကထုတ်ပြန် သည်။


MY SPORTS နှင့် မြန်မာ လိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီ တို့သည် ၂၀၁၉ ကစတင်ကာ မြန် မာလိဂ်ပွဲစဉ်များကို တိုက်ရိုက် ထုတ်လွှင့်ပြသရန် သဘောတူညီ မှုရရှိခဲ့သည်။

သဘောတူညီမှုအရ ၂၀၁၉ တွင် စတင်မည်ဖြစ်သော်လည်း ဇွန်လ ၂၃ ရက်၌ ယှဉ်ပြိုင်မည့် ၂၀၁၈ မြန်မာလိဂ်ပွဲစဉ်(၁၇)ရှမ်း နှင့် ရန်ကုန်ပွဲက စတင်ကာ MY SPORTS ဖေ့စ်ဘွတ်ခ်စာမျက်နှာ မှတစ်ဆင့် တစ်ကမ္ဘာလုံးသို့တိုက် ရိုက်ပြသမည်ဖြစ်သည်။

‘‘လက်ရှိမှာ တရားဝင်တော့ စာချုပ်မချုပ်ရသေးဘူး။ ဒါပေမဲ့ ဒီတစ်ပတ်ဘောလုံးပွဲစဉ်တွေက စပြီး အွန်လိုင်းကတိုက်ရိုက်ထုတ် လွှင့်မယ်။ ၂၀၁၉ ကစပြီး ရုပ်သံနဲ့ အွန်လိုင်းက တိုက်ရိုက်ကြည့်ရ တော့မှာပါ။ ပြီးခဲ့တဲ့ ယူ-၁၉ နဲ့ စင်ကာပူပွဲတုန်းကလည်း သူတို့ပဲ ရိုက်ပြီးလွှင့်ခဲ့တာ။ ပြည်ပရုပ်သံ လိုင်းဖြစ်တာကြောင့် ရုပ်သံရိုက် ကူးတာ၊ ထုတ်လွှင့်တာတွေက ပို ပြီးအဆင့်အတန်းမြင့်လာတာ ပေါ့’’ ဟု မြန်မာလိဂ်မီဒီယာတာ ၀န်ခံဦးရဲမင်းဝင်းက ပြောသည်။

၂၀၁၉ ကစတင်၍ မြန်မာ လိဂ်ပွဲစဉ်များကို တစ်ကမ္ဘာလုံးသို့ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကာ အစီရင်ခံစာပြောကြားမှု၊ ပွဲစဉ် သုံးသပ်မှုနှင့် ဆွေးနွေးချက်များပါ ထုတ်လွှင့်ပြသမည်ဟု ထုတ်ပြန် ချက်တွင် ပါဝင်သည်။

ပြည်တွင်းအခမဲ့ရုပ်သံလိုင်း ဖြစ်သည့် MRTV မှ တစ်ပတ်လျှင် မြန်မာလိဂ်ပွဲစဉ် နှစ်ပွဲပြသနေမှု ကို ဆက်လက်ထုတ်လွှင့်မည်ဖြစ် ပြီး MY SPORTS အနေဖြင့် အ ခြားအခမဲ့ ရုပ်သံလိုင်းများတွင် လည်း ကစားပွဲများကို ထုတ်လွှင့် ပြသနိုင်ရန်ဆောင်ရွက်မည်ဖြစ် သည်။

ထို့အပြင် MY SPORTS အ နေဖြင့် ကစားပွဲများမှ စိတ်ဝင်စား ဖွယ်ရာပြကွက်များကို ပြန်လည် ပြသခြင်းနှင့် အပတ်စဉ်အစီအစဉ် များထုတ်လွှင့်ပြသခြင်းအပါအ ၀င် အွန်လိုင်းနှင့်လူမှုမီဒီယာကွန် ရက်များကို အသုံးပြုပြီးပရိသတ် များနှင့် ထိတွေ့ဆွေးနွေးမည်ဖြစ် သည်။ MY SPORTS နှင့်ရရှိသည့် သဘောတူညီမှုတွင် ဗိုလ်ချုပ် အောင်ဆန်းရှုံးထွက်ဖလားပွဲ များကို မူပိုင်ထုတ်လွှင့်ခွင့်လည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။