ယူ-၂၀ အရှေ့တောင်အာရှဘော်လီဘောပြိုင်ပွဲ မြန်မာနိုင်ငံ၌ လက်ခံကျင်းပမည်

အရှေ့တောင်အာရှ အသက် (၂၀) အောက် အမျိုး သား ဘော်လီဘောပြိုင်ပွဲကို မြန် မာနိုင်ငံ၌ လက်ခံကျင်းပမည်ဖြစ် သည်။


အဆိုပါပြိုင်ပွဲကို ဇူလိုင် ၁၂ ရက်မှ ၁၆ ရက်အထိ နေပြည် တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (ဘီ) တွင် ကျင်းပမည်ဖြစ်သည်။ (၂၀) ကြိမ်မြောက် ယူ-၂၀ အရှေ့ တောင်အာရှ ဘော်လီဘောပြိုင်ပွဲ တွင် အိမ်ရှင် မြန်မာအသင်းက မြန်မာ(က) နှင့်(ခ)၊ ထိုင်း၊ မလေး ရှား လေးသင်း ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

ထို့အပြင် ယင်းပြိုင်ပွဲကာလ အတွင်း ချစ်ကြည်ရေးလက်ရည် စမ်းပွဲ ယှဉ်ပြိုင်ရန် နယူးဇီလန်၊ သြစတြေးလျ၊ ကာဇက်စတန်၊ မော်လဒိုက်နှင့် ဟောင်ကောင် အသင်းကို ဖိတ်ကြားထား ကြောင်း အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမျိုးလှိုင်က ပြောသည်။

လူငယ်များ ဘော်လီဘော အားကစားနည်းကို စိတ်ပါဝင်စား လာစေရန်၊ နိုင်ငံ့ဂုဏ်ဆောင် ဘော်လီဘောမျိုးဆက်သစ် အား ကစားသမားများ ထွက်ပေါ်လာ စေရန် အဓိကရည်ရွယ်၍ ကျင်းပ ခြင်းဖြစ်ကြောင်း ၎င်းကပြော သည်။

ယင်းပြိုင်ပွဲပြီးနောက် အာရှ ကလပ် အမျိုးသားဘော်လီဘော ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် ဆက်လက်ကျင်းပမည်ဖြစ် သည်။ အဆိုပါပြိုင်ပွဲကို ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၈ ရက် အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (ဘီ) နှင့် (စီ)ရုံတွင် ကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ ဘော်လီဘောအသင်း သည် အုပ်စု (ဃ)၌ ပါကစ္စတန်၊ ဂျော်ဒန်၊ တာ့ခ်မင်နစ္စတန်နိုင်ငံ တို့မှ ကလပ်အသင်းတို့နှင့် ကျ ရောက် နေသည်။ အုပ်စု(က)၌ အီရန်၊ ဂျပန်၊ ကာတာ၊ ကာဇက် စတန်၊ အုပ်စု(ခ)တွင် အီရတ်၊ တရုတ်၊ တိုင်ပေ၊ ဗီယက်နမ်နှင့် အုပ်စု(ဂ)တွင် ထိုင်း၊ သြစတြေး လျ၊ ဟောင်ကောင်၊ သီရိလင်္ကာ နိုင်ငံမှ ကလပ်အသင်းတို့ပါဝင် သည်။

အာရှကလပ် ဘော်လီဘော ပြိုင်ပွဲတွင် အနိုင်ရရှိသောအသင်း များသည် ကမ္ဘာ့ကလပ် အမျိုး သား ဘော်လီဘောပြိုင်ပွဲသို့ ဝင် ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ် သည်။ အဆိုပါပြိုင်ပွဲနှစ်ရပ်စ လုံးကို မြန်မာ့ရုပ်မြင်သံကြား (MRTV) နှင့် Sky Net Channel တို့တွင် ထုတ်လွှင့်ပြသရန် စီစဉ် ထားကြောင်း မြန်မာနိုင်ငံ ဘော် လီဘောအဖွဲ့ချုပ် အတွင်းရေးမှူး  ဦးသိန်းဝင်းက ပြောသည်။