နိုင်ဂျီးရီးယားက အိုက်စလန်ကိုနိုင်ပြီး ရှေ့ဆက်ရန် မျှော်လင့်ချက်ရှင်သန်လာ

ရုရှားကမ္ဘာ့ဖလား အုပ်စု (D) နိုင်ဂျီးရီးယားနှင့် အိုက် စလန် ပွဲစဉ်တွင် နိုင်ဂျီးရီးယား က အာမက်မူဆာသွင်းယူသော ဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိပြီး နောက် တစ်ဆင့်တက်ရန် မျှော်လင့်ချက် ရှင်သန်လာခဲ့သည်။

နိုင်ဂျီးရီးယားပွဲကြောင့် အုပ် စု (D) ကို နှစ်ပွဲနိုင်ထားသော ခရို အေးရှားက ခြောက်မှတ်ဖြင့် ဦး ဆောင်ထားပြီး နိုင်ဂျီးရီးယားက သုံးမှတ်ဖြင့် ဒုတိယ၊ အိုက်စလန် က တစ်မှတ်နှင့် တတိယ၊ အာဂျင် တီးနားကလည်း တစ်မှတ်နှင့် အောက်ဆုံးနေရာ ရောက်ရှိနေ သည်။ အုပ်စုနောက်ဆုံးပွဲစဉ်တွင် အိုက်စလန်က ခရိုအေးရှားနှင့် ကစားရမည်ဖြစ်ကာ အာဂျင်တီး နားက နိုင်ဂျီးရီးယားနှင့်ရင်ဆိုင်ရ မည်ဖြစ်သည်။

နိုင်ဂျီးရီးယားနည်းပြ ဂါနော့ ရိုဟာက ယခုပွဲအတွက် တိုက်စစ် မှူးနှစ်ဦးကို အပြောင်းအလဲလုပ် ကာ အစ်ဟာလိုနှင့်အီဝိုဘီတို့နေ ရာတွင် မြန်ဆန်သွက်လက်သော အာမက်မူဆာနှင့် အီဟီနာချိုတို့ ကို အစားထိုးခဲ့ပြီး မူဆာက ၄၉ မိနစ်နှင့် ၇၅ မိနစ်တွင် ဂိုးများ သွင်းယူနိုင်ခဲ့သည်။

အိုက်စလန်ကလည်း အာ ဂျင်တီးနားနှင့်ပွဲ လူစာရင်းကို နှစ် နေရာအပြောင်းအလဲ လုပ်ကာ အသင်းဖွဲ့စည်းပုံကိုလည်း ၄-၅-၁ မှ ၄-၄-၂ ပုံစံပြောင်းကစား ခဲ့သည်။

သို့သော်နည်းပြဟော်ဂရင် ဆန်၏ အဖွဲ့သည် နုပျိုသော နိုင်ဂျီးရီးယားအသင်းကို အပြည့် အဝမထိန်းချုပ်နိုင်ခဲ့ဘဲ ဂိုးများခွင့် ပြုခဲ့ရသည်။

နိုင်ဂျီးရီးယားက ၂-၀ ဂိုး ဖြင့်ဦးဆောင်နေစဉ် အိုက်စလန် အသင်း ပင်နယ်တီရရှိသော် လည်း ဂိုင်ဖီဆစ်ဂတ်ဆန်၏ ကန် ချက်လွဲချော်ခဲ့သည်။

နောက်ဆုံးပွဲရလဒ်များအ ပေါ်မူတည်၍ ခရိုအေးရှားနှင့်အ တူ အာဂျင်တီးနား (သို့မဟုတ်) အိုက်စလန် (သို့မဟုတ်) နိုင်ဂျီးရီး ယားတို့ နောက်တစ်ဆင့်တက်ရန် အသီးသီးအခွင့်အရေး ရှိနေသေး သည်။                   —Ref:AP