တူနီးရှားကို ဂိုးပြတ်သွင်းပြီး ဘယ်လ်ဂျီယံ နောက်တစ်ဆင့်တက်ရန် သေချာ

(Reuters)

ရုရှားကမ္ဘာ့ဖလားတွင် ယခုအချိန်ထိ သွင်းဂိုးအများဆုံး ပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံက တူနီးရှားကို ၅-၂ ဂိုးဖြင့် အနိုင်ရရှိပြီး လူကာကူနှင့် ဟာဇက်တို့က နှစ် ဂိုးစီသွင်းယူခဲ့သည်။

အကယ်၍ အင်္ဂလန်က ပနား မားကို ယနေ့ညပွဲတွင် မရှုံးလျှင် ဘယ်လ်ဂျီယံသည် နောက်တစ် ဆင့်တက်ရန် သေချာပြီဖြစ်ကာ တူနီးရှားကို ချေမှုန်းခဲ့သော ပုံစံနှင့်ဆိုလျှင် နည်းပြရော်ဘတ်တို မာတီနက်စ်၏ အသင်းကို မည် သူမျှ ထိပ်တိုက်တွေ့ဆုံလိုမည် မဟုတ်ပေ။


ဘယ်လ်ဂျီယံသည် ပွဲစဉ်စကတည်းက တိုက်စစ်ဆင်ခဲ့ပြီး ဘင်ယူဘက်ဖ်က ဟာဇက်ကို အ မှားလုပ်ခဲ့ရာမှ ဟာဇက်က ပင် နယ်တီအဖွင့်ဂိုး ရယူခဲ့သည်။ ၁၆ မိနစ်တွင် လူကာကူက ဒုတိယဂိုး ရယူခဲ့သည်။

တူနီးရှားက ချေပဂိုးတစ်ဂိုး ရယူခဲ့သော်လည်း လူကာကူနှင့် ဟာဇက်တို့က ဂိုးများထပ်မံသွင်းယူခဲ့ကာ လူစားဝင်လာသူ ဘက် ရွှာရီကလည်း တစ်ဂိုးသွင်းယူခဲ့သည်။ ပွဲပြီးခါနီးတွင် တူနီးရှားက ဒုတိယချေပဂိုးရယူခဲ့သည်။

လူကာကူသည် ယခုကမ္ဘာ့ ဖလားတွင် သွင်းဂိုးလေးဂိုးရှိလာ ပြီဖြစ်ကာ ရော်နယ်ဒိုနှင့် ဂိုးအ ရေအတွက် တူညီနေသည်။ ထို့ အပြင် ဟာဇက်သည် ၎င်း၏ နောက်ဆုံးလက်ရွေးစင်ပွဲ ၂၁ ပွဲ တွင် ၂၃ ဂိုး၌ ပါဝင်ပတ်သက်ပြီး ၁၁ ဂိုးကို ကိုယ်တိုင်သွင်းကာ ၁၂ ဂိုး ဖန်တီးပေးခဲ့သည်။ ယခုပွဲ အ ကောင်းဆုံး ကစားသမားဆုကို ဟာဇက်က ရရှိခဲ့သည်။

ဘယ်လ်ဂျီယံသည် ယခုအ ချိန်အထိ ရုရှားကမ္ဘာ့ဖလားတွင် အကောင်းဆုံး တိုက်စစ်ပုံစံကို ပြ သထားသည်။  သို့သော် တောင် အမေရိက (သို့မဟုတ်) ဥရောပ ပြိုင်ဘက်များနှင့် တွေ့ဆုံရခြင်း မရှိသေးပေ။

‘‘ထင်တဲ့အတိုင်း အရမ်းခက် ခဲပါတယ်။ ဒီအုပ်စုထဲမှာ ပါဝင်က တည်းက ဘယ်လ်ဂျီယံဟာ ခက် ခဲတဲ့ပြိုင်ဘက်ဆိုတာ သိပါတယ်။ တူနီးရှားပရိသတ်တွေကို တောင်း ပန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်’’ဟု တူနီးရှားနည်းပြ နာ ဘီလ်ကပြောသည်။

—Ref: AP