၂၀၁၇ မြန်မာ့အကောင်းဆုံးအားကစားသမားဆု ထွန်းထွန်းအောင်နှင့် မေပိုးဝါရရှိ

 မြန်မာနိုင်ငံ အားကစား မီဒီယာများအဖွဲ့ချုပ်က ချီးမြှင့် သည့် ၂၀၁၇ မြန်မာ့အကောင်း ဆုံးအားကစားသမား အမျိုးသား ဆုကို ကာယဗလမောင် ထွန်းထွန်းအောင်နှင့် အမျိုးသမီးဆုကို သေနတ်ပစ်မယ် မေပိုးဝါက ရရှိခဲ့သည်။


မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ပံ့ပိုးမှုဖြင့် ကျင်းပသည့် အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ ၂၃ ရက် ညနေတွင် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပခဲ့သည်။

အကောင်းဆုံးအမျိုးသားဆု ကို ကမ္ဘာ့ပြိုင်ပွဲရွှေဆုရ ထွန်းထွန်း အောင်၊ အမျိုးသမီးဆုကို ဆီးဂိမ်း ရွှေဆုရ သေနတ်ပစ်မယ် မေပိုးဝါ၊ နည်းပြဆရာဆုကို ဦးမင်းဇော် ဦး (ကာယဗလ)၊ အကောင်းဆုံး အသင်းလိုက်ဆုကို ကမ္ဘာ့ရိုးရာလှေပြိုင်ပွဲရွှေဆုရ မြန်မာ့လှေ လှော်အသင်း၊ အထူးဂုဏ်ပြုဆု ကို MMA (One Championship) ကမ္ဘာ့လိုက်ဝိတ်တန်းနှင့်နှင့် မစ် ဒယ်ဝိတ်တန်းချန်ပီယံ အောင်လ အန်ဆန်က ရရှိခဲ့သည်။

‘‘၂၀၁၇ အတွင်း အကောင်း ဆုံး နိုင်ငံအတွက် ဂုဏ်ယူနိုင် အောင် ရွှေတံဆိပ်ဆွတ်ခူးပေးခဲ့ တဲ့သူတွေထဲက ရွေးချယ်တာပါ။ သက်ဆိုင်ရာအဖွဲ့ချုပ်ထဲက ဆုရ တဲ့ အကောင်းဆုံးကစားသမားကို အရင်ရွေးလိုက်တယ်။ ကမ္ဘာ့အ ဆင့်၊ အာရှအဆင့်၊ အရှေ့တောင်အာရှအဆင့်ဆိုပြီး အဆင့်အ လိုက် အမှတ်ပေးရွေးချယ်တယ်။ အိုလံပစ် အားကစားနည်းကိုတော့ ဦးစားပေးရွေးချယ်ပါတယ်။ အောင်လကတော့ နိုင်ငံတကာမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး ဂုဏ် ယူဖွယ်ကောင်းအောင် MMA ရွှေ ခါးပတ်ဆုတွေ ရယူပေးတဲ့အ တွက် အထူးဆုပေးဖို့ ရွေးချယ်ခဲ့ တာပါ’’ဟု မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးမိုးကျော်ကပြောသည်။

အဆိုပါ မြန်မာ့အကောင်း ဆုံးအားကစားသမား အမျိုးသား နှင့် အမျိုးသမီးဆု ရရှိသူများအား ဆုကြေးကျပ်သိန်း ၂၀ စီနှင့် ဆု တံဆိပ်၊ အကောင်းဆုံးနည်းပြ ဆရာဆုနှင့် အကောင်းဆုံးအ သင်းလိုက်ဆု ရရှိသူများအား ဆု ကြေးကျပ် ၁၀ သိန်းစီနှင့် ဆုတံဆိပ်၊ အထူးဂုဏ်ပြုဆုရရှိသူအား အမှတ်တရဆုဖလား ချီးမြှင့်ခဲ့ သည်။