နိုင်ဂျီးရီးယားက အိုက်စလန်ကိုနိုင်ပြီးနောက် အုပ်စု (D) အသင်းအားလုံး မျှော်လင့်ချက် ဆက်လက်ရှင်သန်

နိုင်ဂျီးရီးယားက အိုက်စလန်ကို အနိုင်ရရှိသဖြင့် ရမှတ်သုံးမှတ်ဖြင့် အုပ်စုဒုတိယ နေရာမှ နောက်တစ် ဆင့်တက်ရန် လမ်းကြောင်း မှန်ပေါ်ပြန်ရောက် လာပြီး တစ်မှတ်စီရထားသော အာဂျင်တီးနားနှင့် အိုက်စလန်တို့ လည်း မျှော်လင့်ချက်ရှိနေသေး သည်။


အိုက်စလန်ကို ၂-၀ ဂိုးဖြင့် နိုင်သောပွဲတွင် နှစ်ဂိုးစလုံးသွင်း ယူသော နိုင်ဂျီးရီးယားတိုက်စစ်မှူး မူဆာသည် ယင်းပွဲ၏ အကောင်း ဆုံး ကစားသမားဆုရရှိခဲ့သည်။

နိုင်ဂျီးရီးယားနည်းပြ ဂါနော့ ရိုဟာက ယခုကမ္ဘာ့ဖလားမတိုင် မီ မိမိတို့သည် သင်ယူရန်ရောက် လာခြင်းဖြစ်သည်ဟု ထင်ခဲ့သော် လည်း အာဂျင်တီးနားကို အနိုင်ရ နိုင်သည့် အခွင့်အရေးကောင်း တစ်ရပ်ရှိနေသည်ဟု ပြောသည်။

အိုက်စလန်နည်းပြ ဟိုင်မာ ဟော်ဂရင်ဆန်က ယှဉ်ပြိုင်မှုအ တွင်း မိမိတို့ဆက်လက်ရှင်သန်နေ ဆဲမှာ ထူးဆန်းသော အချက်ဖြစ် သည်ဟု ပြောသည်။ မိမိတို့ နောက်တစ်ဆင့်တက်နိုင်သေး သည်ဟု ၎င်းကပြောသည်။

ယင်းပွဲသည် နိုင်ဂျီးရီးယား ၏ပထမဆုံး တစ်ဂိုးထက်ပိုသည့် ရလဒ်ဖြင့် နိုင်ပွဲဖြစ်သည်။ ဇွန်လ ၂၆ ရက်တွင် အာဂျင်တီးနားနှင့် နိုင်ဂျီးရီးယား ရင်ဆိုင်ရမည်ဖြစ် ပြီး အိုက်စလန်နှင့် ခရိုအေးရှား လည်း တစ်ချိန်တည်းယှဉ်ပြိုင်ပြီး မှ နောက်တစ်ဆင့်တက်ခွင့်အ ဖြေပြတ်သားမည်ဖြစ်သည်။

ခရိုအေးရှားသည် နှစ်ပွဲနိုင် ခြောက်မှတ်ရထားပြီး နောက် တစ်ဆင့် သေချာသော်လည်း အိုက်စလန်နှင့်ပွဲတွင် အနည်းဆုံး သရေကျမှသာ အုပ်စုဗိုလ်နေရာ ရရှိမည်ဖြစ်သည်။

ထို့ကြောင့် ခရိုအေးရှားနှင့် အတူ နောက်တစ်ဆင့်တက်ရန် သုံးသင်းစလုံးတွင် မျှော်လင့်ချက် ရှိနေဆဲဖြစ်သည်။

—Ref:FIFA/BBC