တောင်ကိုရီးယားကို အနိုင်ယူပြီး မက္ကဆီကိုအုပ်စုဗိုလ်နေရာယူ

ကမ္ဘာ့ချန်ပီယံ ဂျာမနီကို အနိုင်ရရှိခဲ့သော မက္ကဆီကိုက တောင်ကိုရီးယားကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီး ဂျာမနီ နှင့် ဆွီဒင်ပွဲမတိုင်မီ အုပ်စုထိပ် ဆုံးနေရာကို သိမ်းပိုက်သည်။

တောင်ကိုရီးယားသည် မက္ကဆီကိုအသင်းကို ဖိအားပေး ကစားနိုင်ပြီး ဂိုးသွင်းခွင့်များစွာရ ခဲ့သော်လည်း အခွင့်အရေးများ အသုံးမချနိုင်သဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

ပွဲချိန် ၂၆ မိနစ်တွင်တောင် ကိုရီးယားနောက်ခံကစားသမား  ဧရိယာအတွင်း လက်နဲ့ထိသဖြင့် ပင်နယ်တီပေးရပြီး မက္ကဆီကို တောင်ပံ တိုက်စစ်ကစားသမား ကားလို့ဗီလာက အမှားအယွင်းမ ရှိကန်သွင်းကာ ဦးဆောင်ဂိုးရယူ ခဲ့သည်။

ပွဲချိန် ၆၆ မိနစ်တွင် တန် ပြန်တိုက်စစ်မှတစ်ဆင့် ဟာဗင် လိုဇာနိုက ဖန်တီးပေးသည်ကို တိုက်စစ်မှူး ဟာနန်ဒက်စ်က ပြိုင် ဘက်နောက်တန်းလူကို     ခြေ ယောင်ပြကာ  ကန်သွင်းခဲ့သည်၊ ယင်းဂိုးမှာ ဟာနန်ဒက်ဇ်အတွက် နိုင်ငံအသင်းအတွက်     ဂိုး၅၀ မြောက်ဖြစ်သည်။

ပွဲချိန်အတွင်း အခွင့်အရေး များစွာ ဖြုန်းတီးခဲ့သော တောင် ကိုရီးယားက ၉၃ မိနစ်တွင် ဆွန် ဟောင်မင်က ဘယ်ခြေကန်ချက် ဖြင့်   ဂိုးသမားအဝေးထောင့်ကို လှပစွာသိက္ခာဆယ်ဂိုး  သွင်းယူခဲ့ သည်။

အကောင်းဆုံးကစားသမား ဆုကို မက္ကဆီကိုတိုက်စစ်မှူး ဟာ နန်ဒက်စ်က ရရှိသည်။         

Ref; Fifa