အမျိုးသမီးတစ်ဦးထံက ဆွဲကြိုးဖြတ်ပြေးသူနှစ်ဦးကို နာရီပိုင်းအတွင်း ဖမ်းမိ

ဆိုင်ကယ်စီးလာသည့် အမျိုးသမီးတစ်ဦးဆွဲထားသည့် ရွှေဆွဲကြိုးကို နေ့ခင်းကြောင် တောင် ဆွဲဖြတ်ကာ  ဆိုင်ကယ် ဖြင့် ထွက်ပြေးသည့် အမျိုးသား နှစ်ဦးကို လေးနာရီအတွင်း ဖမ်းမိ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံး က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၄ ရက် မွန်းလွဲ ၁၂ နာရီခွဲက နတ်စင်ကုန်း ကျေးရွာဘက်မှ တရုတ်ကုန်း ကျေးရွာဘက်သို့ ဆိုင်ကယ်စီးနင်း လာသော အမျိုးသမီး၏ ဆိုင် ကယ်အနီးသို့ အမျိုးသားနှစ်ဦးစီး လာသည့် ဆိုင်ကယ်က ဘေးချင်း ယှဉ်ကပ်လာပြီး လည်ပင်းတွင် ဆွဲထားသည့် သုံးကျပ်သားခန့်ရှိ Mc ဆွဲကြိုးကို ဖြတ်ကာ မောင်းနှင်ထွက်ပြေးသဖြင့် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူ နှစ်ဦး၏ ပုံသဏ္ဌာန်နှင့် အချက်အ လက်များကို တောင်ပိုင်းခရိုင်မြို့ နယ်ရှိ ရဲစခန်းများသို့ ဖြန့်ဝေခဲ့ သည်။

ထို့နောက် ဒလ-တွံတေး ကားလမ်းမပေါ်တွင်  လုယက်မှု ကျူးလွန်သူနှစ်ဦးနှင့် ပုံစံတူအမျိုး သားနှစ်ဦးစီးလာသည့် ဆိုင်ကယ် ကို ဒလမြို့မရဲစခန်း တပ်ဖွဲ့ဝင်များ က တားဆီးစစ်ဆေးရာ ဆိုင် ကယ်တူးဘောက်စ်အတွင်းမှ အပေါင်ဗောက်ချာနှစ်ရွက်နှင့် ကျပ်၁၈ သိန်းခန့် တွေ့ရှိရာမှ လုယက်မှု ပေါ်ပေါက်ခဲ့သည်။

ဖမ်းဆီးခံရသူနှစ်ဦးသည် ကော့မှူးမြို့နယ် ထန်းတပင်ကျေး ရွာနေ အသက် (၂၅)နှစ်အရွယ် ရဲလင်းနိုင်နှင့် (၁၉)နှစ်အရွယ် ဝင်းဆန်းကျော်တို့ဖြစ်ပြီး အမျိုး သမီးတစ်ဦးထံမှ လုယက်ခဲ့သည့် ရွှေဆွဲကြိုးကို ပေါင်နှံပြီးပြန်လာ စဉ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ရွှေဆွဲကြိုးလုယက်မှုဖြင့် သံသယရှိသော ဖမ်းဆီးခံထားရ သည့် အမျိုးသားနှစ်ဦးကို ကော့ မှူးမြို့မရဲစခန်းက  အမှုဖွင့်ကာ အခြားပြစ်မှုကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိ ဆက်လက်စစ်ဆေးနေသည်။

More in Crime Section