မလေးရှားရောက်မြန်မာလုပ်သားများ၏ မိသားစုထံ လွှဲပို့ငွေစာရင်းကို လစဉ်တင်ပြရန် အေဂျင်စီများအားညွှန်ကြား

မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင် သည့်အလုပ်သမားများ၏ မိသား စုထံသို့ လွှဲပို့ငွေစာရင်းကိုလစဉ် တင်ပြရန် အလုပ်သမားစေလွှတ် သည့်အေဂျင်စီများအားညွှန်ကြား ထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးကပြောသည်။ 


မလေးရှားနိုင်ငံသို့ အလုပ် သမား ပြန်လည်စေလွှတ်ခွင့်ပြု စဉ်က ၎င်းတို့၏ မိသားစုထံလွှဲပို့ ငွေကို ဘဏ်မှတစ်ဆင့်တရားဝင်  ပို့ရန် ညွှန်ကြားပြီးဖြစ်သော်လည်း အလုပ်သမားစေလွှတ်ခွင့်ပြုခဲ့ပြီး လေးလကြာအထိ စာရင်းအတိ အကျမရရှိသဖြင့် လစဉ်စာရင်း ပေးပို့ရန် အေဂျင်စီများအား ထပ် မံညွှန်ကြားထားကြောင်း ၎င်းက ဆိုသည်။

‘‘စာရင်းအတိအကျရဖို့ ခက် နေတဲ့အတွက် အေဂျင်စီတွေက ကိုယ်ပို့ထားတဲ့ အလုပ်သမား ဘယ်လောက်ကဘဏ်ကနေငွေ လွှဲပို့နေလဲဆိုတာကို ပေးပို့ဖို့ ပြောထားတယ်။ အဲဒီစာရင်းတွေ သိရမှ ကျန်တာတွေဆက်လုပ် လို့ရမှာလေ’’ ဟု အထက်ပါတာ ၀န်ရှိသူကပြောသည်။ 

မလေးရှားနိုင်ငံသို့ သွား ရောက်အလုပ်လုပ်ကိုင်သည့် မြန် မာအလုပ်သမားများအနေဖြင့် ဘဏ်မှ တစ်ဆင့်တရားဝင်ငွေလွှဲ ပို့မှုကို ပိုမိုတွန်အားပေးဆောင် ရွက်နိုင်ရန် ဇွန်လ ၂၃ ရက်တွင် အလုပ်သမားညွှန်ကြားမှုဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိ ကဘဏ်များမှ တာဝန်ရှိသူများ နှင့် မလေးရှားနိုင်ငံသို့ အလုပ် သမားစေလွှတ်သည့် အေဂျင်စီ များ အစည်းအဝေးပြုလုပ်ခဲ့ သည်။ 

‘‘အလုပ်သမားတွေဘဏ်က နေလွှဲပို့နိုင်အောင် အေဂျင်စီတွေ ဘက်က ဘယ်လိုတာဝန်ယူစည်း ရုံးဆောင်ရွက်ပေးနိုင်မလဲ ဆိုတာ တွေ၊ အလုပ်သမားတွေငွေလွှဲပို့ မှုအခြေအနေကို ပုံမှန်တင်ပြဖို့ ဆိုတာတွေ ညှိနှိုင်းဆွေးနွေးဖြစ် တယ်။ ဘဏ်တွေဘက်ကလည်း သူတို့ အခက်အခဲတွေပြောတယ်’’ ဟု ယင်းအစည်းအဝေးသို့ တက် ရောက်ခဲ့သည့် ငွေကြိုးကြာပြည် ပအလုပ်အကိုင်ရှာဖွေရေးဝန် ဆောင်မှုကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးစိုင်းစည်သူကပြော သည်။ 

လက်ရှိတွင် မလေးရှား နိုင်ငံသို့ အလုပ်သမားစေ လွှတ်ခွင့် ပြန်လည်ခွင့်ပြုခဲ့ပြီး လေးလအတွင်း သွားရောက် အလုပ်လုပ်ကိုင်သူ သုံးထောင် ကျော်ရှိခဲ့ကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနက ထုတ် ပြန်ထားသည်။ 

အလုပ်သမားများသည် အ စိုးရသတ်မှတ်ထားသော ဘဏ်မှ မလွှဲပြောင်းဘဲ ဟွန်ဒီမှ တစ်ဆင့် လွှဲပြောင်းမှုများသည်။ မလေးရှား နိုင်ငံတွင် မြန်မာအလုပ်သမားများ အဓိကငွေလွှဲပို့နေသည့် ‘အောင် ရတနာဆိုင်’သည် မူးယစ်ဆေး သယ်ယူပို့ဆောင်သည့် ပြဿနာ နှင့်ဆက်စပ်နေသဖြင့် မလေးရှား အစိုးရ၏ ဘဏ်စာရင်းပိတ်ခံထား ရကာအလုပ်သမားများ ပေးပို့ငွေ ထုတ်ယူမရသည့် ပြဿနာများရှိ နေကြောင်း အေဂျင်စီလုပ်ငန်းရှင် အချို့က ဆိုသည်။

‘‘အဲဒီကိစ္စကတော့ ကျွန် တော်တို့ဆီ ဆက်သွယ်အကူ အညီတောင်းထားတာတော့မရှိ ဘူး။ အဲဒီဖြစ်စဉ်ဖြစ်ပြီးတော့ တ ရားမ၀င်ငွေလွှဲလုပ်ငန်းတွေက ဒါ မျိုးအာမခံချက် မရှိဘူးဆိုတာ ထောက်ပြပြီးဘဏ်က တရားဝင် လွှဲပို့မှုတွေလုပ်ဖို့အလုပ်သမား တွေကို ပိုပြီးအသိပညာပေးစည်း ရုံးနိုင်တဲ့ အခွင့်အလမ်းတော့ရ လာတယ်’’ ဟုဦးစိုင်းစည်သူက ပြောသည်။