ဂျပန်နှင့် ဆီနီဂေါ သရေကျပြီး နှစ်သင်းစလုံး အခြေအနေကောင်း

(Reuters)

ဂျပန်နှင့် ဆီနီဂေါတို့ အပြန်အလှန်သွင်းဂိုးများဖြင့် သရေတစ်မှတ်စီ ခွဲယူခဲ့ပြီးနောက် နှစ်သင်းစလုံး နောက်တစ်ဆင့်တက်ရေး အခြေအနေကောင်း နေသည်။

ကျွမ်းကျင်မှုဖြင့် ကစားသော ဂျပန်က ဘောလုံးပိုင်ဆိုင်မှု ၅၄ ရာခိုင်နှုန်းထိ ရှိသော်လည်း ကိုယ်ကာယတောင့်တင်းမှု၊ ခွန်အားနှင့် အမြန်နှုန်းတို့တွင်  ဆီနီဂေါက သာလွန်ကာ ကစားဟန်မတူသည့် နှစ်သင်း အကြိတ်အနယ်ရှိခဲ့သည်။


 ယခုပွဲ၏ အကောင်းဆုံး ကစားသမားဆုကို ဆီနီဂေါအ တွက် ဗွေဆော်ဦးဂိုး သွင်းယူခဲ့ သော လီဗာပူးတိုက်စစ်မှူးမာနေးက ရရှိခဲ့သည်။

ယခုရလဒ်ကြောင့် ထိပ်ဆုံး မှ ဂျပန်နှင့် ဒုတိယနေရာမှ ဆီနီ ဂေါတို့ အုပ်စု(H)တွင် ရမှတ်တူ လေးမှတ်စီဖြင့် နဂိုအတိုင်း ဆက်ရှိနေပြီး နောက်တစ်ဆင့်တက်ရေး လမ်းကြောင်းမှန်ပေါ်၌ ဆက်ရှိ နေသည်။

ယခုပွဲရလဒ်ကြောင့် ပိုလန်နှင့် ကိုလံဘီယာတို့ နောက်တစ်ဆင့်တက်ရေး အနိုင်၊ အရှုံး ပြတ်သားအောင် ယှဉ်ပြိုင်ရမည်ဖြစ် သည်။ ယခု ဂျပန်၊ ဆီနီဂေါပွဲတွင် နှစ်ဖက်အသင်းခြေစွမ်းကို ဘော လုံးပွဲလေ့လာသူများက ချီးကျူး ပြီး နှစ်သင်းစလုံးမရှုံးသင့်ဟု သုံး သပ်ကြသည်။

‘‘ကျွန်တော်တို့ ပိုလန်ကိုနိုင် တဲ့ပွဲကလောက် စွမ်းဆောင်ရည် မကောင်းခဲ့ဘူး။ ရိုးရိုးသားသား ပြောရရင် ဂျပန်က ပိုကောင်းပါ တယ်။ ကိုလံဘီယာနဲ့ပွဲအတွက် အကောင်းဆုံးဖြစ်ဖို့ မျှော်လင့်ရ ပါတော့မယ်’’ဟု ဆီနီဂေါနည်းပြ အလီယော့စီဆီကပြောသည်။

ဂျပန်နည်းပြ နီရှီနိုက ယခု ရလဒ်သည် နှစ်သင်းစလုံးအတွက် ကောင်းသောရလဒ်ဖြစ်ပြီး နောက် တစ်ဆင့်တက်ရေး အကောင်းဆုံး ပြင်ဆင်သွားမည်ဟု ပြောသည်။

—Ref: FIFA