ရုပ်ရှင်အကြိုခံစားခြင်း

ဝိညာဉ်စိမ်း

- ဒီကနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာတော့ သေဆုံးပြီးသူတွေရဲ့ ဝိညာဉ်တွေကို အမျှအတန်းပေး ဝေဖို့ ခေါ်ရင် သတိထားသင့်တဲ့ အကြောင်း ရိုက်ကူးထားတဲ့ ဇာတ် ကားကို ညွှန်းလိုက်ပါတယ်။

ဦးဘသိန်းမောင်နဲ့ ဒေါ်မြနှစ်တို့မှာ သားလေးယောက် ရှိပါ တယ်။ သူတို့သားတွေက တစ် ယောက်ကို အမူအကျင့်တစ်မျိုးစီ ပါ။ အကြီးဆုံးသားက အရက် သမားပါ။ ဒုတိယမြောက်သားက ဖဲသမား။ တတိယမြောက်သားက လူမိုက်။ နောက်ဆုံးတစ်ယောက် ကတော့ အနုပညာဝါသနာပါသူ ပါ။

တစ်ရက်မှာတော့ ဦးဘသိန်းမောင် ရုတ်တရက် ဆုံးပါးခဲ့ပါ တယ်။ သူတို့အိမ်မှာ ဦးဘသိန်း မောင်က အစစအရာရာကို တာဝန်ယူသူတစ်ယောက် ဖြစ်တာကြောင့် အခက်အခဲတွေတော့ ရှိခဲ့ပါတယ်။ နောက်ပြီး သူ့သား အကြီးဆုံးနှစ်ယောက်ကပဲ သူတို့နဲ့ အတူတူနေကြတာပါ။ အဲဒါ ကြောင့် အသုဘချတဲ့နေ့မှာ သားနှစ်ယောက်ပဲရှိနေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသားနှစ်ယောက်စလုံး က အားမကိုးရပါဘူး။ အရက် သမားဖြစ်တဲ့ သားအကြီးက သူ့ ဝသီအတိုင်း တရားနာနေတဲ့အ ချိန်မှာတောင် အုတ်ဂူလုပ်တဲ့သူဆီကနေ အရက်တောင်းသောက် ခဲ့ပါတယ်။ အဲဒီလို အားကိုးရတာ ပါ။

အဲဒီလိုနဲ့ ညနေဘက်အချိန် မှာတော့ ရန်ကုန်မှာနေတဲ့သားအ ငယ်ဆုံးပြန်လာခဲ့သလို တတိယ မြောက်သားလည်း မမှောင်ခင်အ ချိန်မှာပြန်ရောက်ခဲ့ပါတယ်။ အဲဒီ မှာ ဒုက္ခရောက်ခဲ့သူက အုတ်ဂူလုပ်တဲ့သူပါ။ သားတစ်ယောက် ရောက်လာတိုင်း သူတို့အဖေကို တွေ့ချင်တယ် ဆိုတာကြောင့် အုတ်ဂူကို ခဏခဏပြန်ဖွင့်ပေးခဲ့ ရပါတယ်။

နောက်ဆုံး သင်္ချိုင်းမှာ ကျန်ခဲ့တာကတော့ သားလေးယောက်နဲ့ သူတို့အဖေရဲ့ ဝိညာဉ်ကို အိမ်ကို ဖိတ်ဖို့အတွက် လူကြီးတစ်ယောက်ပါ။ ဝိညာဉ်ကိုခေါ်တဲ့အ ချိန်မှာတော့ အဲဒီလူကြီးက သူတို့အရပ်ထဲမှာ ဦးဘသိန်းမောင်ကိုခေါ်တဲ့ နာမည်ဖြစ်တဲ့ ကိုသိန်းဆို တဲ့ နာမည်နဲ့ပဲခေါ်ခဲ့ပါတယ်။

ဖြစ်ချင်တော့ ဦးဘသိန်း မောင်ကို မြှုပ်တဲ့ သုသာန်မှာက ကိုသိန်းဆိုတဲ့လူတစ်ယောက်က မကျွတ်မလွတ်ပဲ ရှိနေခဲ့ပါတယ်။အဲဒါကြောင့် ကိုသိန်းကို ဖိတ်တယ်ဆိုတော့ သူ့နာမည်ကိုခေါ်ပြီး ဖိတ်သလိုဖြစ်နေတာကြောင့် လိုက် သွားပါတယ်။

ဖြစ်ချင်တော့ ဦးဘသိန်း မောင်က သူ့ကိုယ်သူ သေမှန်း တောင်မသိသေးတဲ့အချိန်ပါ။ ဒါပေမဲ့ သင်္ချိုင်းမှာ တရားအားထုတ် တဲ့ဆရာတော်တစ်ပါးနဲ့တွေ့ပြီး သူ့က ဝိညာဉ်ဘဝကိုရောက်ရှိနေ တယ်ဆိုတာကို သိခဲ့ရပါတယ်။ အဲဒါကြောင့် အိမ်ကလူတွေအမျှ အတန်းဝေရင် သာဓုခေါ်နိုင်ဖို့ဆို ပြီး အိမ်ကိုပြန်လာခဲ့ပါတယ်။

ဒါပေမဲ့ သူ့အိမ်မှာက သူ့အစား ကိုသိန်းဆိုတဲ့လူရဲ့ ဝိညာဉ် က အရင်ရောက်နေခဲ့ပါတယ်။ နောက်ပြီး ကိုသိန်းဆိုတဲ့ မကျွတ်မလွတ်ဖြစ်နေသူက လူ့ဘဝမှာ တုန်းက သူခိုးတစ်ယောက်ပါ။ ဒေါ်မြနှစ်ကို သူလူ့ဘဝမှာရှိတုန်း က တိတ်တခိုးသဘောကျခဲ့သူ လည်းဖြစ်ပါတယ်။ အဲဒါကြောင့် ကိုသိန်းက သူဝိညာဉ်မှားပြီး အ ခေါ်ခံရတာကို ပျော်နေခဲ့ပါတယ်။

အိမ်ထောင်ဦးစီးလည်းဖြစ်၊ စီးပွားရေးကိုလည်း သူ့ဟာသူပဲ လုပ်တဲ့ ဦးဘသိန်းမောင် သေသွား တာကြောင့် သူ့အိမ်မှာ အခက်အ ခဲတွေ ရှိခဲ့ပါတယ်။ အဲဒါက ဘယ် လို အခက်အခဲတွေ ဖြစ်မှာလဲ၊ ဝိညာဉ်မှားပြီး ရောက်လာတဲ့ ကိုသိန်းကို အဲဒီအိမ်ကနေ ဘယ်သူတွေက မောင်းထုတ်ကြမှာလဲ ဆိုတာတွေကိုတော့ ဇွန်လ ၂၉ ရက်ကစတင်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် နယ်မြို့က ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မယ့် ဝိညာဉ်စိမ်းဆိုတဲ့ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ကျော်သူ၊ ရန်အောင်၊ မင်းမော်ကွန်း၊ ကျော် ကျော်ဗို၊ မြင့်မြတ်၊ ဟိန်းဝေယံ၊ စိုးမြတ်သူဇာတို့က အဓိကသရုပ် ဆောင်တွေအဖြစ် ပါဝင်သရုပ် ဆောင်ထားပြီး ရွှေမန်းချမ်းသာရဲ့ လိပ်ပြာမှားပြဇာတ်ကို ငြိမ်းမင်း ဇာတ်ညွှန်း ရေးသားကာ ဒါရိုက်တာ ဝင်းထွန်းထွန်းက ရိုက်ကူးပုံ ဖော်ထားပါတယ်။