မြန်မာလိဂ်ပွဲစဉ် (၁၈) တွင်ရန်ကုန်နှင့် မကွေးထိပ်တိုက်တွေ့

 မြန်မာလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၈) တွင် အမှတ်ပေးဇယားကို  ဦးဆောင်ထားသည့် ရန်ကုန်အ သင်းနှင့် အဆင့် (၄) နေရာရှိ မကွေးအသင်းတို့ ထိပ်တိုက်တွေ့ ဆုံနေသည်။ ၂၀၁၈ မြန်မာလိဂ်ပွဲစဉ် (၁၈) ကို ဇွန်လ ၃၀ရက်နှင့် ဇူ လိုင် ၁ရက်တွင် သက်ဆိုင်ရာ  ဘောလုံးကွင်းများ၌ ကျင်းပမည် ဖြစ်သည်။ ရန်ကုန်အသင်းသည်  အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ရန် လက်ကျန်ပွဲများကို အမှားခံမည်မဟုတ်ပေ။  


ယင်းနှစ်သင်းပထမကျော့ တွေ့ဆုံစဉ်က မကွေးအသင်းက ရန်ကုန်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိထားသည်။ ယခု ဒုတိယအကျော့ ယှဉ်ပြိုင်မည့်ပွဲတွင်လည်း ရန်ကုန်အသင်း ရမှတ်ပြည့်ရရန် ရုန်းကန်ရနိုင်သည်။

မြန်မာလိဂ်ပွဲစဉ် (၁၇) အပြီး တွင် ရန်ကုန်အသင်းက ရမှတ် ၃၆ မှတ်ဖြင့် အမှတ်ပေးဇယားကို  ဦးဆောင်ထားပြီး ရှမ်းအသင်းက ၃၄ မှတ်ဖြင့် ဒုတိယနေရာက ဖိအားပေးနေသည်။

ယခုတစ်ပတ်တွင်လက်ရှိ ချန်ပီယံရှမ်းအသင်းက တန်းဆင်း  ဇုန်အတွင်းကျရောက်နေသည့် GFA အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ရန်ကုန်အသင်းကို ဆက် လက်ဖိအားပေးနိုင်ရန် အမှားခံ မည်မဟုတ်ပေ။

မြန်မာလိဂ်ပွဲစဉ် (၁၈)  အခြားပွဲများတွင် ဟံသာဝတီနှင့် ရခိုင်၊ မြ၀တီနှင့် ဧရာဝတီ၊ ရတ နာပုံနှင့် ဆောက်သမ်းမြန်မာ၊ စစ် ကိုင်းနှင့် ဇွဲကပင်အသင်းတို့ ယှဉ် ပြိုင်မည်ဖြစ်သည်။

မြန်မာလိဂ်ပွဲစဉ် (၁၈)

၃၀.၆.၁၈

ဟံသာဝတီ - ရခိုင် (ပဲခူး)

မြ၀တီ - ဧရာဝတီ (သုဝဏ္ဏ)

၁.၇.၁၈

ရန်ကုန် - မကွေး (သုဝဏ္ဏ)

ရတနာပုံ - ဆောက်သမ်း (မန္တလာသီရိ)

ရှမ်း - GFA (တောင်ကြီး) စစ်ကိုင်း - ဇွဲကပင် (မုံရွာ)