ဆီးရီးယားဒုက္ခသည်များကို ဂျော်ဒန်စစ်တပ်က အကူအညီများ စတင်ပေးပို့

စစ်ဘေးရှောင် ဆီးရီးယားများ၏ အထောက်အပံ့ပို့ဆောင်မည့် ထရပ်ကားများ ဂျော်ဒန်နယ်စပ်မြို့၌ တွေ့ရစဉ် (Muhammad Hamed/REUTERS)

ယခုလတွင် တိုက်ပွဲများ ပြင်းထန်နေသော ဆီးရီးယား တောင်ပိုင်းဒေသမှ ဂျော်ဒန်နိုင်ငံ နယ်စပ်အနီးသို့ ထွက်ပြေးလာ သော ထောင်ချီသည့် နေရပ်စွန့်ခွာ ထွက်ပြေးသူများအတွက် ဂျော်ဒန်စစ်တပ်က လူသားချင်း စာနာထောက်ထားမှု အကူအညီ များ စတင်ပေးပို့နေပြီဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ အမျိုး သမီး ဂျူမာနာဂူနီယာမတ်က ပြောသည်။


 နယ်စပ်သို့ ရောက်ရှိလာ သော ဆီးရီးယား နေရပ်စွန့်ခွာ ထွက်ပြေးသူများကို ကူညီမည် ဖြစ်ကြောင်း ဂူနီယာမတ်က နိုင်ငံပိုင်မီဒီယာအား ပြောခဲ့သည်။

 စနေနေ့ အစောပိုင်းတွင် ထောင်ချီသော ဆီးရီးယားဒုက္ခ သည်များသည် နယ်စပ်ဒေသ၌ စုဝေးနေကြပြီး ဂျော်ဒန်နိုင်ငံဘက် သို့ ဝင်ရောက်ခွင့်ပေးရန် တောင်း ဆိုနေသည်။

လူမှုမီဒီယာများတွင် ဖော်ပြ ထားသော ပုံရိပ်များ၌ ကလေး ငယ်နှင့် အမျိုးသမီးအများစု ပါဝင်သော အရပ်သားလူအုပ်သည် ဆီးရီးယား-ဂျော်ဒန် နယ်စပ်တစ် လျှောက် ဂျော်ဒန်စစ်သားများနှင့် တင့်ကားများ နေရာယူထားသည့် ဘက်ကို မျက်နှာမူ၍ စုဝေးနေကြ ကြောင်း တွေ့ရသည်။

ကုလသမဂ္ဂက ဖော်ပြသော အချက်အလက်များအရ ဆီးရီး ယားအစိုးရတပ်များ ထိုးစစ်ဆင် နေသော တောင်ပိုင်းဒေသမှ နေ ရပ်စွန့်ခွာထွက်ပြေးလာသည့် အရပ်သား ၁၆၀,၀၀၀ ကျော် ရှိ သည်။

ဂျော်ဒန်နိုင်ငံ နယ်စပ်အနီး တည်ရှိသော ဆီးရီးယားသူပုန် များ ထိန်းချုပ်ရာ ဒီယာမြို့တွင် အစိုးရတပ်၏ ထိုးစစ်ဆင်တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ဂျော်ဒန်နိုင်ငံဘက်အခြမ်းသို့ ဗုံးဆန်အချို့ ကျခဲ့သော်လည်း ထိ ခိုက်သေဆုံးမှုမရှိခဲ့ပေ။

 ‘‘ဂျော်ဒန်နဲ့ နယ်စပ်ဆီးရီး ယားမြေပေါ်မှာရှိနေတဲ့ အရပ်သားတွေကို တတ်နိုင်သမျှ ကူညီ ဖို့ ကျွန်တော်တို့ ဆောင်ရွက်နေ ပါတယ်။ ဆီးရီးယားနိုင်ငံမှာ တိုက်ခိုက်မှုတွေ ရပ်စဲပြီး အရပ်သား တွေ အကာအကွယ်ရဖို့ အဘက်ဘက်ကနေ လှုပ်ရှားလုပ်ဆောင် နေပါတယ်’’ဟု ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အာမန်ဆာဖာဒီက တွစ်တာတွင် ရေးသားခဲ့သည်။

—Ref: Reuters