တောင်ကိုရီးယားသမ္မတ မွန်ဂျေအင် စင်ကာပူနိုင်ငံသို့ သွားမည်

 တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်သည် ဇူလိုင် ၁၁ ရက် မှ ၁၃ ရက်အထိ စင်ကာပူနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ဇူ လိုင် ၂ ရက်တွင် အိမ်ပြာတော် က ကြေညာသည်။

စင်ကာပူခရီးစဉ်တွင် သမ္မတ မွန်ဂျေအင်သည် ကိုရီးယားကျွန်း ဆွယ်ဒေသ၌ အစဉ်အမြဲငြိမ်းချမ်း စေရေး ၎င်း၏ သုံးသပ်ချက်များနှင့် မူဝါဒများကို မိန့်ခွန်းပြောကြား မည်ဖြစ်ပြီး ဒေသတွင်း အာရှနိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်ရေး လှုပ်ရှားမည်ဖြစ်သည်။


ပြီးခဲ့သည့်လက စင်ကာပူ နိုင်ငံ၌ အမေရိကန်သမ္မတ ဒေါ် နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ သမိုင်းဝင် တွေ့ဆုံမှုပြီးနောက် မွန်ဂျေအင်၏ စင်ကာပူခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

လာမည့် သီတင်းပတ်တွင် စင်ကာပူသို့ သွားရောက်မည့် မွန် ဂျေအင်သည် သမ္မတ ဟာလီမာ ယာကို၊ ဝန်ကြီးချုပ်လီရှန်လွန်းတို့ နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အိမ် ပြာတော် ပြောရေးဆိုခွင့်ရှိသူတစ် ဦးက ပြောကြောင်း ယွန်ဟပ် သတင်းဌာနက ဖော်ပြသည်။

‘‘သမ္မတမွန်ဂျေအင်က စင် ကာပူသမ္မတ၊ ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးမှုကတစ်ဆင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားမှာပါ။ ဒီလိုတိုးတက်မှုတွေကို အခြေခံပြီးတော့ အနာဂတ်မှာ ပူးပေါင်း ဆောင်ရွက်ဖို့ နည်းလမ်းတွေကို လည်း ဆွေးနွေးသွားမှာပါ’’ဟု ထိုပြောရေးဆိုခွင့်ရှိသူက ပြော သည်။

ထို့အပြင် မွန်ဂျေအင်သည် ကိုရီးယားကျွန်းဆွယ်၌ နျူလက် နက် လုံးဝကင်းစင်ရေးနှင့် ငြိမ်း ချမ်းရေးထူထောင်ရန် တောင်ကို ရီးယားနိုင်ငံ၏ မူဝါဒများကို ရှင်း ပြမည်ဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် မှု မြှင့်တင်ရန် ကြိုးပမ်းမည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြော သည်။

စင်ကာပူခရီးစဉ်မတိုင်မီ မွန် ဂျေအင်သည် ဇူလိုင် ၈ ရက်မှ ၁၁ ရက်အထိ အိန္ဒိယနိုင်ငံသို့ သွား ရောက်မည်ဖြစ်သည်။

—Ref: Agencies/na