မိဘများ ပြိုင်ဆိုင်လိုစိတ်ပြင်းထန်မှုကြောင့် ယနေ့ခေတ် လူငယ်များအကြား ပူးပေါင်းဆောင်ရွက်တတ်မှုနှင့် မုဒိတာစိတ်ဓာတ်များ အားနည်းလာဟု အတိုင်ပင်ခံပုဂ္ဂိုလ် သတိပေး

ဇူလိုင် ၃ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ပြုလုပ်သော မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ − ဟိန်းထက်/အီးပီအေ)

မိဘများ၏ပြိုင်ဆိုင်လိုစိတ် ပြင်းထန်မှုကြောင့် ယနေ့ခေတ်လူငယ် များကြားတွင် ပူးပေါင်းဆောင်ရွက်တတ်မှုနှင့် မုဒိတာစိတ်ဓာတ်များ အားနည်း လာသဖြင့် မှန်ကန်သောစိတ်ဓာတ်ဖြင့် တည်ငြိမ်စွာရင်ဆိုင်တတ်စေရေး ဦးတည် ပြုစုပျိုးထောင်ပေးရန်လိုအပ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က သတိပေးပြောကြားသည်။

ဇူလိုင် ၃ ရက်က နေပြည် တော်ရှိ သင်္ဂဟဟိုတယ်၌ ပြုလုပ် သော မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခြင်း ဖြစ် သည်။

‘‘ကျွန်မတို့ရဲ့လူ့အသိုင်းအ ဝိုင်းမှာဆိုရင် ကိုယ့်မိဘတွေကိုယ် တိုင်ကကို ယှဉ်ပြိုင်ချင်စိတ်ရှိ တယ်။ အတန်းထဲက ဘယ်သူ့ ထက်သာရမယ်၊ ဟိုဘက်အိမ်က ဘယ်ကလေးထက်သာရမယ်ဆို တဲ့ဟာမျိုးတွေကို ခဏခဏသင် ပေးတဲ့အခါကျတော့ ကျွန်မတို့ လူငယ်တွေကြားထဲမှာ ပူးပေါင်း ဆောင်ရွက်ချင်တဲ့စိတ်နဲ့ မုဒိတာ ပွားခြင်းဟာ နည်းသွားတာပေါ့။ ဘယ်သူက တော်လိုက်တာလို့ ချီးမွမ်းတာဟာ ရိုးရိုးချီးမွမ်းတာ မဟုတ်ဘဲနဲ့ ကိုယ့်သား၊ ကိုယ့် သမီးကို မင်းကတော့ ဘာလို့ ဒီ လောက်မတော်သလဲဆိုတဲ့ပုံစံနဲ့ ချီးမွမ်းတဲ့အခါကျတော့ ကလေး တွေစိတ်ထဲမှာ ငယ်ငယ်ကတည်း က သူတို့ရဲ့တန်ဖိုးဟာ တခြားလူ တွေထက် သာနိုင်မှ မြင့်တယ်လို့ ထင်သွားတတ်ပါတယ်’’ ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောသည်။

သို့သော် မည်သူမျှ နေရာ အားလုံးတွင် မသာနိုင်ကြောင်းနှင့် အားနည်းချက်၊ အားသာချက်ရှိ သဖြင့် မိဘ၊ ဆရာသမားများက ကလေးငယ်များကို မှန်ကန်စွာ လမ်းပြ ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း အတိုင်ပင်ခံက ဆိုသည်။

‘‘ပြုစုပျိုးထောင်ရေးဆိုတာ စာမေးပွဲအောင်ဖို့နဲ့ ဂုဏ်ထူးတွေ အများကြီးရဖို့ ဒါ အဓိကမဟုတ်ပါ ဘူး။ မှန်ကန်တဲ့စိတ်ထားတွေနဲ့ ဒီကလေးဟာ ကြီးပြင်းလာဖို့၊ ရှုံး နိမ့်မှုကိုရော၊ အောင်နိုင်မှုကိုရော တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင် ဖို့။ လူသားတိုင်း၊ လူသားတိုင်း ဟာ ရှုံးနိမ့်မှုနဲ့ အောင်မြင်မှု ကြောင့်မို့လို့ အဆမတန်တုန်လှုပ် ခြင်းမရှိဘူးဆိုရင် ကျွန်မတို့ရဲ့လူ့ လောကကြီးဟာ အင်မတန်မှ ပို ပြီးတော့ အေးချမ်းမှာဖြစ်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ဥပမာပေးပြောဆိုသည်။

ဆက်လက်၍ ၎င်းက ‘‘အောင်နိုင်မှု ရှိတဲ့လူတွေက မော်ကြွားကြတယ်။ နောက်ပြီးတော့ အောင်နိုင်တဲ့လူတွေက ရှုံးတဲ့လူတွေကို အထင်သေးကြတယ်။ ဒါတွေဟာ ကျွန်မတို့အတွက် လောဘ၊ ဒေါသတွေ ပွားစေတဲ့ စိတ်ဓာတ်တွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အမျိုးသမီးများဟာ၊ ကျောင်းဆရာမများဆိုရင် မိမိတို့အတန်းတွင်း ကလေးတွေ၊ မိခင်များဆိုလို့ရှိရင် မိမိရဲ့သားသမီးတွေကိုပြုစုပျိုးထောင်ကြဖို့ တိုက်တွန်းလိုပါ တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည် က ဆက်လက်ပြောကြားသည်။

ထို့အပြင် နိုင်ငံဖွံ့ဖြိုးမှုအတွက် လူသားအချင်းချင်း ကောင်းမွန်စွာ ဆက်ဆံတတ်ရေးသည် လည်း လက်ရှိ လူ့အဖွဲ့အစည်း တွင် လိုအပ်ချက်၊ အားနည်းချက် တစ်ခုဖြစ်နေသည်ဟု အတိုင်ပင် ခံပုဂ္ဂိုလ်က ဖြည့်စွက်ပြောကြား သည်။  ယနေ့ခေတ် အခြေအနေ အရ လူငယ်အများစုသည် နည်းပညာ အသုံးပြုမှုများလာကြသဖြင့် မိဘ၊ ဆရာသမားများသင်မပြ သော အတတ်ပညာများကို လေ့ လာသင်ယူနိုင်သော်လည်း အ ကောင်း၊ အဆိုးခွဲခြားသိရန် သတိပြု သင်ကြားပေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

More in News Section