လက်တစ်ကမ်းက အန္တရာယ်

ဧပြီလအတွင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ အရည်အသွေး စစ်ဆေးချက်ထောက်ခံမှုမပါဘဲ တရားမဝင်တင်သွင်းသည့်မိုဘိုင်းဟန်းဆက်ကျပ်သန်း ၇၀၀ဖိုး ဖမ်ဆီးရမိခဲ့သည်။ အရည်အသွေးနိမ့်သောအားသွင်းကြိုးနှင့် ဘက်ထရီများမှာ ပေါက်ကွဲတတ်သည်။ ဓာတ်ပုံ-စိုင်းဇော်

အသက်(၂၀)အရွယ် ညီညီ အောင်တစ်ယောက် ဆိုင်ကယ်ကယ်ရီအငှားလိုက်ရာမှ အပြေးအလွှား ပြန်လည်ရောက်ရှိလာသည်။ 

ပုံမှန် ဂိတ်ထိုးသည့် ကွမ်း ယာဆိုင်အနီးတွင် ဆိုင်ကယ်ကို ဒေါက်ထောက်ပြီးသည့်အခါ အရောင်လွင့်နေသည့် လွယ်အိတ် ငယ်အတွင်းမှ မိုဘိုင်းဖုန်းနှင့် Power Bank ကို ထုတ်ယူလိုက် သည်။

လှိုင်သာယာမြို့နယ် ဗိုလ် အောင်ကျော်လမ်းမပေါ်ရှိ လမ်း ဆုံတစ်ခုတွင် ညီညီအောင် အပါ အဝင် ဆိုင်ကယ်ကယ်ရီဆွဲသူ ၁၀ ဦးခန့်ရှိသည်။ လုပ်ငန်းတူအလှည့် ကျ ကယ်ရီသမားက လမ်းသွား လမ်းလာများကို ‘ကယ်ရီလား’ ‘ကယ်ရီလား’ဟု မေးမြန်းကာ ဈေးကွက်ရှာဖွေနေသော်လည်း ညီညီအောင်က သူ၏ဆိုင်ကယ် ပေါ်တွင်ထိုင်ကာ ဖုန်းပွတ်နေ သည်။

သူ့အနေဖြင့် ဂိတ်သို့အပြေး အလွှားပြန်လာရသည့် အကြောင်း အရင်းသည် ဖုန်းပွတ်လို၍ ဖြစ် သည်။ လွန်ခဲ့သည့် နာရီဝက်ခန့် က ၎င်းသည် ဂိတ်မှ မထွက်ခွာမီ အထိ ဖုန်းပွတ်နေခဲ့ကြောင်း လုပ် ငန်းတူ ကယ်ရီသမားများက ပြော သည်။

မိုဘိုင်းအွန်လိုင်း တိုက်ခိုက် ရေးဂိမ်းတစ်ခုကို လွန်ခဲ့သည့် တစ်လက စွဲစွဲလမ်းလမ်း နှစ်သက် ခဲ့သည်ဟု ညီညီအောင်က ပြော သည်။ ဂိမ်းဆော့ခြင်းကြောင့် ဖုန်းဘက်ထရီ မကြာခဏကုန် ဆုံးခြင်းကို ကာကွယ်ရန် သူက Power Bank ကို ဆောင်ထား သည်။

ယခုလည်း ဘက်ထရီကုန် ဆုံးခါနီးဖြစ်သည့် မိုဘိုင်းဖုန်းကို Power Bank နှင့် ချိတ်ဆက်အား သွင်းကာ အွန်လိုင်းမိုဘိုင်းဂိမ်းကို ကစားနေသည်။ လုပ်ငန်းတူ ကယ်ရီသမားတစ်ဦးက အပူလွန် ကဲ၍ မိုဘိုင်းဖုန်းပေါက်ကွဲခြင်း ကြောင့် လက်တစ်ဖက် ဖြတ်ရ သည့်သတင်းကို ပြောပြသည့် အခါ  ညီညီအောင်တစ်ယောက် အံ့သြထိတ်လန့်ပြီး ဂိမ်းကစား ခြင်းကို ရပ်တန့်လိုက်သည်။

မိုဘိုင်းဖုန်း ပေါက်ကွဲခြင်း ကြောင့် ဘယ်ဘက်လက်ဖဝါး ဖြတ်တောက်ခဲ့ရသူသည် ပူတာအို ခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ပါတီဒုတိယဥက္ကဋ္ဌ ဦးရဲ့ တီရဲ့ ဖြစ်သည်။ သူသည် မေလ ၁၈ ရက်က မိုဘိုင်းဖုန်းအားသွင်းနေ စဉ် အင်တာနက်သုံးနေပြီး ဗီဒီယို Call ဖြင့် ဆက်သွယ်ပြောဆိုနေချိန် ဖြစ်သည်။ အပူလွန်ကဲခြင်း ကြောင့် မိုဘိုင်းဖုန်းပေါက်ကွဲသည့် အခါ သူ၏မျက်နှာတွင် ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည့်အပြင် ဖုန်းကိုကိုင်ဆောင် အသုံးပြုနေ သည့် ၎င်း၏လက်ဖဝါးလည်း ပြတ်ထွက်သွားခဲ့သည်။

ဦးရဲ့တီရဲ့ အသုံးပြုသည့် မိုဘိုင်းဖုန်းသည် တရုတ်နိုင်ငံထုတ် Hello အမျိုးအစားဖြစ်ပြီး လွန်ခဲ့ သည့်ခြောက်လက မြစ်ကြီးနားမြို့ မှ ဝယ်ယူခဲ့သည်။ အဆိုပါ မိုဘိုင်း ဖုန်းသည် မပေါက်ကွဲမီအထိ ဖုန်းပြင်သည့်ဆိုင်သို့ မကြာခဏ ရောက်ရှိခဲ့သည့်အပြင် အားသွင်း နေစဉ် အပူချိန်အလွန်မြင့်မား သည်ဟု ၎င်းကပြောသည်။

မိုဘိုင်းဖုန်း ပေါက်ကွဲခြင်း ကြောင့် ကိုယ်ခန္ဓာထိခိုက်ဒဏ်ရာ ရရှိသူသည် ဦးရဲ့တီရဲ့ တစ်ဦး တည်းမဟုတ်။ လွန်ခဲ့သောတစ်နှစ် ကျော်က မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ (၁၆)နှစ် အရွယ် ကလေးငယ်တစ်ဦး မို ဘိုင်းဖုန်း ပေါက်ကွဲခြင်းကြောင့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

Coolpad အမျိုးအစား ဟန်း ဆက်ကို အိပ်ရာအတွင်း ထည့် သွင်းအိပ်စက်စဉ် ရုတ်တရက် ဟန်းဆက်ပေါက်ကွဲခြင်းကြောင့် ဆယ်ကျော်သက်အရွယ် ယုသဇင် ဖြိုး၏ ဘယ်ဘက်လက်မောင်း တစ်ခုလုံး မီးလောင်ကျွမ်းဒဏ်ရာ များရရှိခဲ့သည်။


မိုဘိုင်းဖုန်းအားသွင်းနေစဉ် အင်တာနက်အသုံးပြုရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ဒဏ်ရာရရှိခဲ့သူတစ်ဦး (ဓာတ်ပုံ −  ပူတာအိုခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

‘‘အားသွင်းခဲ့တာကတော့ တစ်နာရီခွဲလောက်အထိ ကြာ တယ်။ ပေါက်ကွဲတဲ့ အသံတော့ ကျယ်တော့ကျယ်တယ်။ သိပ် အကျယ်ကြီးတော့လည်း မဟုတ် ဘူး’’ဟု အားသွင်းပြီးနောက် ဟန်း ဆက်ကို ဖြုတ်ပြီး အိပ်ရာအတွင်း ယူဆောင်ခဲ့စဉ် ပေါက်ကွဲခဲ့သည့် ဖြစ်ရပ်ကို ယုသဇင်ဖြိုးက ပြန် လည်ပြောပြသည်။

ဟန်းဆက်များသည် ပါဝါ ဖွင့်ထားစဉ် Network ပိုင်းဆိုင်ရာ များ ရှော့ခ်ဖြစ်လာသည့်အခါ ပေါက်ကွဲတတ်ပြီး အသုံးပြုသည့် ဘက်ထရီအရည်အသွေး ညံ့ သည့်အခါများ၌လည်း ပေါက် ကွဲတတ်ကြောင်း Lucky Friends ဟန်းဆက် အရောင်းဆိုင်မှ နည်း ပညာရှင် ကိုနေမျိုးနိုင်ကဆိုသည်။

‘‘အသုံးပြုနေတဲ့ အချိန်မှာ ဟန်းဆက်တွေ ပူလာရင်လည်း ပေါက်ကွဲတတ်တယ်။ အားသွင်း ကြိုးတွေ၊ ဘက်ထရီတွေ အရည် အသွေးနိမ့်ရင်လည်း ပေါက်ကွဲ တတ်တယ်။ တရုတ်ကလာတဲ့ ဘက်ထရီအပိုတွေကို ဝယ်မသုံး စေချင်ဘူး’’ဟု ၎င်းကအကြံပြု သည်။

၂၀၁၇ က ဟိုပင်မြို့ အနောက်ဘက် ငါးမိုင်အကွာ၌ရှိသည့် အင်းလေးကျေးရွာတွင်လည်း မိုဘိုင်းဖုန်း ပေါက်ကွဲ၍ ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။

ထို့အပြင် ၂၀၁၄ က ပခုက္ကူခရိုင် မြိုင်မြို့နယ်တွင် ဖုန်း ပြောနေစဉ် မိုးကြိုးပစ်ခံရသဖြင့် ဖုန်းပေါက်ကွဲခဲ့ပြီး အသက် (၂၄) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

မကြာမီက စစ်ကိုင်းတိုင်း ဒေသကြီး ကနီမြို့နယ်အတွင်း မိုဘိုင်းဖုန်းပေါက်ကွဲမှု တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အသက် (၁၃)နှစ် အရွယ် ကလေးငယ်တစ်ဦး ခန္ဓာ ကိုယ်တွင် ဒဏ်ရာအများအပြား ရရှိခဲ့သည်။ အဆိုပါပေါက်ကွဲမှု သည် မိုဘိုင်းဖုန်းအားသွင်းနေစဉ် ကြုံတွေ့ရခြင်းဖြစ်သည်။

မိုဘိုင်းဖုန်းပေါက်ကွဲဖြစ်စဉ် များကို လေ့လာသည့်အခါ တရုတ်နိုင်ငံထုတ် မိုဘိုင်းဖုန်းများ သာဖြစ်နေပြီး ပေါက်ကွဲမှုဖြစ်ပွား သည့် တည်နေရာများသည်လည်း နယ်မြို့များတွင် အများဆုံးဖြစ် သည်။ မြန်မာနိုင်ငံ၏  ဟန်းဆက် ဈေးကွက်တွင် နာမည်ကျော် အမှတ်တံဆိပ် ဖုန်းဟန်းဆက်များ သည် မြို့ပေါ်ဈေးကွက်များတွင် သာ အောင်မြင်မှုရရှိနေပြီး နာ မည်ကျော်ကြားမှုမရှိဘဲ ဈေးနှုန်း လည်း သက်သာသော တရုတ် နိုင်ငံထုတ် ဟန်းဆက်များသည် နယ်မြို့များ၌ ဈေးကွက်အခိုင် အမာ ရရှိနေသည်ဟု လူကြီးမင်း ဟန်းဆက် အရောင်းဆိုင်ဂရု(ပ်)မှ ဒါရိုက်တာ ဦးကိုကိုအောင်က ပြောသည်။

ဆက်သွယ်ရေးကဏ္ဍပြုပြင် ပြောင်းလဲခဲ့သည့် နောက်ပိုင်း ၂၀၁၄ ကစတင်၍ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ တရားဝင် လျှောက်ထားပြီး တင်သွင်းခဲ့သည့် ဟန်းဆက်အရေ အတွက် ၁၇ သန်းကျော်ရှိသည်။

တင်သွင်းခွင့်အတွက် ကုမ္ပ ဏီ ၁၀၀ ကျော် လိုင်စင်ရရှိထား သော်လည်း အဓိက တရားဝင် ဆက်သွယ် တင်သွင်းနေသည့် ကုမ္ပဏီ ၂၀ ခန့်သာရှိသည်။ ‘‘တင် သွင်းတဲ့အရေအတွက်က မှန်ကန် မှုမရှိနိုင်ဘူး။ မှောင်ခိုသွင်းတာတွေ လည်းရှိတယ်။ ဆင်းမ်ကတ်အရေ အတွက်နဲ့ တိုင်းတာရင်တော့ ဟန်းဆက်အရေအတွက်က ပြည် တွင်းမှာ သန်း ၅၀ ကျော်ရှိမှာပဲ’’ ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးမျိုးဆွေက ခန့်မှန်းပြော ကြားသည်။

လူတစ်ဦးသည် ဟန်းဆက် တစ်ခုအတွင်း ဆင်းမ်ကတ်နှစ်ခု ထည့်သွင်းအသုံးပြုနိုင်သော်လည်း ပျက်စီးသည့် ဟန်းဆက်အရေ အတွက်နှင့် လူတစ်ဦးလျှင် ဟန်း ဆက်တစ်လုံးထက် ပိုမိုကိုင် ဆောင်သည့် အရေအတွက်ကို တိုင်းတာပါက ဆင်းမ်ကတ်အရေ အတွက်အတိုင်း သန်း ၅၀ ရှိနိုင် သည်ဟု ၎င်းကပြောသည်။

ဟန်းဆက်များသည် ဆက် သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ အရည်အသွေး  စစ်ဆေးချက် ထောက်ခံမှု မပါဘဲ တရားမဝင် တင်သွင်းမှု များပြားနေသည်ကို အကောက်အခွန် ဦးစီးဌာန၏ ဖမ်း ဆီးရရှိမှုစာရင်းအရ သိရှိနိုင် သည်။ အကောက်ခွန်  ဦးစီးဌာန က ထုတ်ပြန်ချက်အရ ၂၀၁၈ ဇွန်လ ၁ မှ ၁၅ ရက်အတွင်းမိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်း ဖမ်းဆီးရာ ကျပ် ၁၃ ဒသမ ၄၄၅ သန်း တန်ဖိုးရရှိခဲ့သည်။ အလားတူ ဧပြီလအတွင်း ကျပ်သန်း ၇၀၀ ဖိုးဖမ်းဆီးရမိခဲ့သည်။

၂၀၁၁ မှ ၂၀၁၇ ဘဏ္ဍာနှစ် အထိ ခြောက်နှစ်အတွင်း ဟန်း ဆက် တစ်သန်းခြောက်သိန်းကျော် တရားဝင်တင်သွင်းခဲ့ပြီး စုစုပေါင်း ကန်ဒေါ်လာ သန်း ၅၀ ကျော် တန်ဖိုးရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

၂၀၁၁ မှ ၂၀၁၇ ဘဏ္ဍာနှစ် အထိ ဆက်သွယ်ရေးဝန်ကြီးဌာန ထောက်ခံချက်နှင့် တင်သွင်းလာသည့် လက်ကိုင်ဖုန်း အရေအတွက်၏  စာရင်းအခြေပြုတွက်ချက်ပါက မြန်မာနိုင်ငံတွင် သီတင်းတစ်ပတ်လျှင် ဟန်းဆက်၅၇,၈၄၄ လုံး ရောင်းချနေရသည်။

တရားမဝင် တင်သွင်းလာ သည့် ဟန်းဆက်များကို ဖမ်းဆီး ရာတွင် ခြောက်နှစ်အတွင်း အလုံး ရေ ကိုးထောင်ကျော် ဖမ်းဆီးရမိ ပြီး တန်ဖိုး ကျပ်သန်းတစ်ထောင် ကျော်ရှိကြောင်း ဦးမောင်မောင် ဝင်းက ပြောသည်။ ဖမ်းဆီးရမိ သည့် အရေအတွက်နှင့် တန် ဖိုးကို တွက်ချက်သည့်အခါ တရား မဝင်တင်သွင်းလာသည့် ဟန်း ဆက်များသည် ဈေးပေါသော ဟန်းဆက်များဖြစ်သည်ကို တွေ့ရ သည်။

သို့သော် မိုဘိုင်းဖုန်းပေါက် ကွဲမှုသည် ဈေးပေါသော ဟန်း ဆက်များတွင်သာ ဖြစ်ပွားတတ် သည်ဟု ပြော၍မရပေ။

ကမ္ဘာကျော် iPhone လည်း ပေါက်ကွဲတတ်သည်။ ၂၀၁၇ စက် တင်ဘာက ဈေးကွက်အတွင်း ရောက်ရှိလာသည်မှာ တစ်ပတ် သာရှိသေးသည့် iPhone 8 Plus သည် တိုင်ပေတွင် ပေါက်ကွဲခဲ့ သည်။ အားသွင်းနေစဉ် ပေါက် ကွဲခဲ့ပြီး ဟန်းဆက် မျက်နှာပြင် များ ကြွတက်သည့်အဆင့်သို့ ရောက်ရှိခဲ့သည်။

ပါဝါစွမ်းအင် 2675 mAh ကို အသုံးပြုထားသည့် iPhone 8 Plus သည် အားသွင်းစဉ် သုံးမိနစ် အတွင်း ပေါက်ကွဲခြင်းဖြစ်သည်။ ထို့အပြင် လန်ဒန်တွင် ၂၀၁၆ ဒီဇင်ဘာ၌ ဘားဆိုင်ဝန်ထမ်း၏ ကုတ်အင်္ကျီအတွင်း ထည့်ထား သည့် iPhone 6 သည် အလို အလျောက် ပေါက်ကွဲခြင်းကြောင့် အဆိုပါဝန်ထမ်း မီးလောင်ဒဏ် ရာ ရခဲ့သည်။ နာမည်ကြီး ဟန်း ဆက် ပေါက်ကွဲမှုတွင် iPhone သာမဟုတ်ဘဲ ကမ္ဘာကျော် ဟန်းဆက်ကုမ္ပဏီ ဆမ်ဆောင်း လည်း ပါဝင်သည်။

ဘက်ထရီပါဝါ 3500 mAh ကို အသုံးပြုထားသည့် ဆမ် ဆောင်း Note 7 ကို ကုမ္ပဏီက ၂၀၁၆ တွင် စတင်မိတ်ဆက်ခဲ့ သည်။ ကျပ် ကိုးသိန်းကျော်တန်ဖိုး ရှိ အဆင့်မြင့်နည်းပညာသုံး အဆို ပါဟန်းဆက်သည် စတင်မိတ် ဆက်ပြီး ရက်ပိုင်းအတွင်း ပေါက် ကွဲမှုဖြင့် ရင်ဆိုင်ခဲ့ရသည်။

ကုမ္ပဏီသည် ၎င်း၏ ဟန်း ဆက်များကို ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းခဲ့ပြီး ဘက် ထရီနည်းပညာအသစ်တစ်ခုကို အသုံးပြုထားသော Note 7 အသစ်ဖြင့် ပြန်လည်အစားထိုးခဲ့ သည်။ သို့သော် အဆိုပါ Note 7 က ထပ်မံပေါက်ကွဲခဲ့သဖြင့် Note 7 စီးရီးထုတ်လုပ်မှုကို အပြီး အပိုင် ရပ်ဆိုင်းခဲ့ရသည်။

ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ် သက်၍ ကုမ္ပဏီက ဘက်ထရီအပူ လွန်ကဲခြင်းကြောင့် ဖြစ်သည်ဟု သတင်းထုတ်ပြန်သည်။ ဆမ် ဆောင်းကုမ္ပဏီသည် တစ်ကမ္ဘာ လုံး အတိုင်းအတာဖြင့် ဟန်းဆက် အလုံးရေ ၂ ဒသမ ၅ သန်းရောင်း ချပြီးချိန်တွင် ယင်းပေါက်ကွဲမှု ကြုံ တွေ့ခဲ့သည်။

ဆမ်ဆောင်းကုမ္ပဏီက ၀ယ်ယူ  အသုံးပြုထားသည့် Note 7 များကို ငွေပြန်အမ်းခြင်း၊အသစ် လဲလှယ်ပေးခြင်းများ ပြုလုပ်ခဲ့ သည်။  မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတစ်ဝန်းရှိ လေဆိပ်များက လေကြောင်းလိုင်း ခရီးစဉ်တစ် လျှောက် Note 7  သယ်ယူခွင့်ကို ပိတ်ပင်သည့်အထိ ဖြစ်ခဲ့သည်။ 

တရုတ်နိုင်ငံတွင် စတင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် Note 7 ကိုလေယာဉ်ခရီးစဉ်ဖြင့် သယ်ယူ လိုပါက အစိတ်အပိုင်းများ (ဘက် ထရီဖြုတ်၍)ကို ဖြုတ်၍ သယ် ဆောင်ရမည်ဟု လေဆိပ်များတွင် အသိပေးကြေညာခဲ့သည်။ 

မိုဘိုင်းဟန်းဆက်ပေါက်ကွဲ ခြင်းကြောင့် နောက်ဆုံးထွက်ရှိ လာသည့် ကမ္ဘာ့သတင်းတစ်ပုဒ်  အားသွင်းထားသည့် မိုဘိုင်းဖုန်း ပေါက်ကွဲမှုကြောင့် ကုမ္ပဏီတစ်ခု ၏ အမှုဆောင်အရာရှိချုပ် တစ်ဦး ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ 

အသက် (၄၅)နှစ်အရွယ်ရှိ  နာဇရင်ဟာဆန်သည် အိပ်ရာ ထက်၌ အားသွင်းထားသည့် ဟန်း ဆက်ပေါက်ကွဲမှုကြောင့် ဦးခေါင်း  အနောက်ဘက် ထိခိုက်ဒဏ်ရာ ဖြင့်  ယခုနှစ် ဇွန်လ ၁၄ ရက်တွင် သူ နေထိုင်ရာမလေးရှားနိုင်ငံတွင် ကွယ်လွန်ခဲ့သည်။ 

ဟန်းဆက်များဘာကြောင့်  ပေါက်ကွဲမှုဖြစ်ပွားရသည်ကို ကျွမ်းကျင်နည်းပညာရှင်လေးဦး သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဘက် ထရီဆိုင်ရာ အရည်အသွေးနှင့် အသုံး ပြုသူပေါ့ဆမှုကြောင့်ဖြစ် ကြောင်း  ၎င်းတို့အားလုံးက တညီ တညွတ်တည်းပြောသည်။ 

‘‘သုံးတဲ့လူမပြောနဲ့ ကျွန် တော်တို့ ပြုပြင်ရေးသများတွေ တောင်ဖောင်းနေတဲ့ဘက်ထရီကို အ ချွန်လေးနဲ့မတော်တဆ ထိမိ ရင် ထပေါက်ကွဲတယ်။ မီးတောက် ထွက်တာမျိုးလေ။ ခဏလေးပဲ မီး တောက်တာပါ’’ ဟု SKY  မိုဘိုင်း  ဖုန်းပြုပြင်ရေးစင်တာမှ နည်း ပညာရှင်ကိုတေဇအောင်က ပြော သည်။ 


ဓာတ်ပုံ −  စိုင်းဇော်

ပုံမှန်အားဖြင့် ဟန်းဆက် ဘက်ထရီများသည် နောက်ခံ ကာဗာကိုဖြုတ်၍ သွင်ပြင် လက္ခဏာကို ကြည့်ရှုနိုင်သော် လည်း အသစ်ထွက်မော်ဒယ်မြင့် ဟန်းဆက်အချို့သည် ဘက်ထရီ ကို ထုတ်ယူကြည့်ရှုနိုင်ခြင်း မရှိ ပေ။ ‘‘ဘက်ထရီအသေတွေက ဖောင်းနေလားဆိုတာ ကြည့်လို့ မရဘူး သတိထားရမယ်။ သူေ ဖာင်းလာရင် မျက်နှာပြင်က မသိ မသာ ကြွတက်နေတတ်တယ်’’ ဟု ၎င်းကပြောသည်။ 

မိုဘိုင်းဖုန်းများတွင်အသုံးပြု သည့် ဘက်ထရီသည် အခြား သော ဓာတ်ခဲခြောက်ဘက်ထရီ များနှင့် တူညီမှုမရှိဘဲ နောက်ဆုံး ပေါ်နည်းပညာ Lithium ion အမျိုးအစား ဖြစ်သည်။ 

ယင်းသည် ကုမ္ပဏီအလိုက် အရည်အသွေး တူညီမှုမရှိသည့်အပြင် သိုလှောင်သိမ်းဆည်းနိုင်သည့်ပမာဏလည်း တူညီမှုမရှိပေ။  

ဥပမာအနေဖြင့် ၂၀၁၈ မတ် လတွင် ထွက်ရှိသည့် ဆမ်ဆောင်း S9+ သည်ဘက်ထရီပါဝါ 3500 mAh အသုံးပြုထားပြီး ဇွန်လတွင် ထွက်ရှိသည့် ဟွာဝေး Honor 9i သည် ဘက်ထရီပါဝါ 3000 mAh ကိုအသုံးပြုထားသည်။ 

သိုလှောင်မှုပမာဏအပေါ်မူ တည်၍ အသုံးပြုနိုင်သည့်အချိန် ကွာခြားပြီး အားသွင်းရသည့် အချိန်လည်း လိုက်လံကွာခြား သည်။ မည်သည့်ဘက်ထရီမဆို ပျမ်းမျှအားဖြင့် ၄ နာရီခန့်သာ အားသွင်းသင့်သည်ဟု ဟန်းဆက် ဆိုင်ရာနည်းပညာရှင်  ကိုအောင် မင်းဟန်က ပြောသည်။ 

‘‘Brand ရှိတဲ့ဟန်းဆက်တွေ ကအားဘယ်အချိန်ပြည့်မယ်ဆို တာပြတယ်။ ဥပမာ ၂နာရီကြာရင်  ပြည့်မယ်ဆိုရင်အဲဒီအချိန်ဖြုတ် လိုက်သင့်တယ်။ မပြရင်လည်း ဆော့ဖ်ဝဲတွေ ထည့်ပြီး (Battery Doctor) ကြည့်လို့ရပါတယ်’’ ဟု ၎င်းကပြောသည်။ 

မိုဘိုင်း ဘက်ထရီများ၏ သ ဘောသဘာဝအရအားသွင်းသည့် အကြိမ်အရေအတွက်ဖြင့် သက် တမ်းတစ်ခုကို သတ်မှတ်ထား သည်။ ဥပမာအားသွင်းခေါင်းဖြင့် ၅ မိနစ်ခန့်ချိတ်ဆက်ပြီးချိန်တွင် ပြန်လည်ဖြုတ်သည့်အခါ သက် တမ်းတစ်ကြိမ်ဟု ရေတွက်သည်။

ထို့ကြောင့် မိုဘိုင်းဖုန်းကို အားသွင်းသည့်အခါ ၉၀ ရာခိုင်း နှုန်းနှင့် ၁၀၀ ရာခိုင်နှုန်းအကြား အထိပြည့်မီအောင် ဖြည့်သွင်းသင့် ပြီး ၁၀ ရာခိုင်နှုန်းအောက်ရောက် ရှိသည့်အခါ ဆက်လက်အသုံးမပြု ဘဲ သက်မှတ်ရာခိုင်နှုန်းအထိအား 

ပြန်သွင်းသင့်ကြောင်း ကိုအောင် မင်းဟန်ကအကြံပြုသည်။ 

‘‘ဘက်ထရီတစ်ခုနဲ့ တစ်ခုမ တူဘူး။ အားသွင်းနိုင်တဲ့အကြိမ်အ ရေအတွက်တွေ၊ ဘယ်လောက် ကြာ အားသွင်းရမယ်ဆိုတာ တွေကို ၀ယ်တုန်းကပါတဲ့စာရွက် လေးထဲမှာရေးထားတယ်’’ ဟု ၎င်းကပြောသည်။ 

မိုဘိုင်းဖုန်းပေါက်ကွဲမှု ကင်း ဝေးရန်အားသွင်းနေစဉ်အသုံးပြု ခြင်း၊ ဖောင်းကြွနေသည့် ဘက်ထ ရီများကို ဆက်လက်အသုံးမပြု ခြင်း၊ အားပြည့်သည်နှင့် တစ်ပြိုင် နက်ပါဝါဖြည့်သွင်းခြင်းကို ရပ် ဆိုင်ထားခြင်း၊ ဘက်ထရီအားရပ် ဆိုင်းသည့်အထိ မိုဘိုင်းဖုန်းအသုံး ပြုခြင်းကို ရှောင်ကြဉ်ခြင်း၊ အား သွင်းကြိုးနှင့် အားသွင်းခေါင်းများ ကို ဟန်းဆက်ဝယ်ယူစဉ်က တွဲ ဖက်ပါဝင်သည်များကို အသုံးပြု ခြင်းဖြင့် ကာကွယ်နိုင်ကြောင်း ကို အောင်မင်းဟန်က အကြံပြုသည်။ 

‘‘ပေါက်ကွဲပြီဆိုရင်တော့ ပြင်းထန်အားခြင်းမတူဘူး။ အ ဆိုးဆုံးကတော့ လက်ချောင်း တွေပျက်သွားနိုင်တဲ့အထိ ဖြစ် တတ်တယ်။ ကျွန်တော်တို့ပြုပြင်  ရေးသမားတွေတောင်အရမ်းသ တိထားရတဲ့အခြေအနေပါ’’ ဟု  ၎င်းကပြောသည်။ 

ဟန်းဆက်ပြုပြင်ရေးပညာ ရှင် ကိုသစ်ဆန်းခန့်ကမှု မိုဘိုင်း ဖုန်းပေါက်ကွဲမှုအတွက် လုံခြုံ စိတ်ချမှုရှိရန်အ ကောင်းဆုံးနည်း လမ်းသည် အားသွင်းနေစဉ် ဖုန်း ပါဝါကို ပိတ်ထားခြင်းသာဖြစ် ကြောင်း အကြံပြုသည်။ 

‘‘စမတ်ဖုန်းတော်တော်များ များက အားပြည့်ရင် အလိုအ လျောက် ဖြတ်တောက်ပေးပေ မယ့် တချို့ဖုန်းတွေက ပါဝါဆက် ၀င်နေတတ်တယ်။ အားသွင်းရင်း အိပ်တာမျိုးတော့ မလုပ်သင့်ဘူး ပေါ့’’ ဟု ကိုသစ်ဆန်းခန့်က ပြော သည်။