မြန်မာလိဂ်ဂိုးသွင်းအများဆုံးစာရင်း၌ ဧရာဝတီတိုက်စစ်မှူးပက်ထရစ် ဆက်လက်ဦးဆောင်

မြန်မာလိဂ်ပွဲစဉ်(၁၈)အပြီးတွင် ဂိုးသွင်းအများဆုံး ကစားသမား စာရင်း၌ ဧရာဝတီအသင်းတိုက် စစ်မှူး ပက်ထရစ်က သွင်းဂိုး ၁၄ ဂိုးဖြင့် ဦးဆောင်ထားသည်။ 


ဇွန်လ ၃၀ ရက်က ကျင်းပ သည့် ၂၀၁၈ မြန်မာလိဂ်ပွဲစဉ်(၁၈) တွင် ဧရာဝတီအသင်းက မြဝတီ အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။ ယင်းပွဲတွင် ဧရာဝတီအ သင်းတိုက်စစ်မှူး ပက်ထရစ်က တစ်ဂိုးသွင်းယူကာ ဂိုးသွင်းအများ ဆုံးစာရင်း၌ ဆက်လက်ဦးဆောင် နိုင်ခဲ့သည်။ 

ဂိုးသွင်းအများဆုံးစာရင်း၌ ရန်ကုန်တိုက်စစ်မှူး ဆယ်လာနှင့် ဟံသာဝတီတိုက်စစ်မှူး ဂျိုးဇက် က သွင်းဂိုး ၁၂ ဂိုးစီဖြင့် ဒုတိယ၊ ရခိုင်တိုက်စစ်မှူး ဆန်းဒေးက ၁၀ ဂိုးဖြင့် တတိယ၊ ရတနာပုံကွင်း လယ်ကစားသမား စည်သူအောင် က ကိုးဂိုးဖြင့် စတုတ္ထ၊ ရှမ်းအသင်း တိုက်စစ်မှူး ခရစ္စတိုဖာက ရှစ်ဂိုးဖြင့် ပဉ္စမနေရာတွင် အသီးသီးရပ် တည်နေသည်။ 

၂၀၁၈ MPT မြန်မာလိဂ်ပွဲစဉ် (၁၈)အပြီးတွင် ရန်ကုန်အသင်းက ရမှတ် ၃၉ မှတ်ဖြင့် အမှတ်ပေး ဇယားထိပ်ဆုံး၌ ဦးဆောင်ထား သည်။ လက်ရှိ ချန်ပီယံရှမ်းအသင်း က ၃၇ မှတ်ဖြင့် ဒုတိယ၊ ရတနာပုံအသင်းက ၂၇ မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။ 

မြဝတီအသင်းက ပွဲစဉ်(၁၈) အပြီးတွင် နှစ်မှတ်သာ ရရှိထား ခြင်းကြောင့် လက်ကျန်ငါးပွဲ ကျန်ရှိ နေသေးသော်လည်း ပွဲစဉ်မကုန်မီ တန်းဆင်းခဲ့ရသည်။