မွန်ပြည်နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေထူထောင်ရေးဆောင်ရွက်မည်

ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ ထူထောင်ရေးကို တိုင်းနှင့်ပြည်နယ်ကိုးခုတွင် လုပ်ဆောင်လျက်ရှိသည်။ (ဓာတ်ပုံ-ကျော်ဇင်သန်း)

မွန်ပြည်နယ်တွင် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေ ထူထောင်ရေး ဇူလိုင်လဆန်းတွင် ဆောင်ရွက် မည်ဖြစ်သည်။

ယင်းအစီအစဉ်ကို ပြည်သူ့  ကျန်းမာရေးဖောင်ဒေးရှင်းက ဦးစီး ဆောင်ရွက်ခြင်းဖြစ်ကာ ယခုနှစ် အတွင်းမှာပင် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတွင် ယင်းအစီအစဉ်ကို ဆောင်ရွက်ပြီးဖြစ်သည်။ အဆိုပါ အစီအစဉ်သည် ဆေးရုံ၊ ပန်းခြံ၊ ရုပ်ရှင်ရုံ စသော ဆေးလိပ်မ သောက်ရနေရာများတွင် ဆေးလိပ်မသောက်ရန် အဓိကရည်ရွယ် ၍ ပြည်နယ်နှင့် တိုင်းအစိုးရများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ် ကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာ သန်းစိန်က ပြောသည်။ 

‘‘မော်လမြိုင်ဆေးရုံကြီးမှာ ဆေးလိပ်မသောက်ရနေရာ သတ် မှတ်ထားမယ်။ လူနာတွေ၊ လူနာ ရှင်တွေ ဆေးလိပ်သောက်ချင် တယ်ဆိုရင်လည်း ဆေးလိပ် သောက်တဲ့ နေရာလေး သတ်မှတ် ပြီးတော့ အဲဒီနေရာမှာ သွား သောက်ပေါ့။ လူနာခန်းတွေမှာ ဆေးလိပ်သောက်လို့မရဘူး။ မွန် ပြည်နယ်ကျန်းမာရေးဦးစီးရုံးက လည်း ဆေးလိပ်ကင်းစင်တဲ့ နယ် မြေဖြစ်တယ်ဆိုပြီး စီစဉ်တယ်။ တခြားရုံးတွေမှာလည်း လုပ်နိုင်တယ်ဆိုရင် အဆင်ပြေတယ်။ ပြီးရင် တစ်ဆင့်ပြီးတစ်ဆင့် ဥပဒေထဲမှာပါတဲ့အတိုင်း ဆေးလိပ်ငွေ့ကင်းစင်ရေး နေရာတွေ လုပ်ဖို့ရှိပါတယ်’’ဟု ၎င်းက ပြောသည်။ 

ဆေးလိပ်ငွေ့ကင်းစင်ရေး နယ်မြေထူထောင်ခြင်းနှင့် ဆေး လိပ်အခွန်တိုးမြှင့်ကောက်ခံခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု လျော့ကျလာခြင်းအပြင် နောက်ဆက်တွဲဖြစ်သော ရောဂါဖြစ်ပွား သေဆုံးနှုန်း လျော့ကျလာခြင်း စ သည့် အကျိုးသက်ရောက်မှု ဖြစ် ပေါ်လာနိုင်သည်။ 

၎င်းတို့အနေဖြင့် လက်ရှိအ ချိန်အထိ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်တိုင်း၊ ကရင်၊ ရှမ်းပြည်နယ်၊ ဧရာဝတီ၊ ပဲခူးတိုင်း တိုင်းနှင့် ပြည်နယ်ရှစ်ခုတွင် ဆေး လိပ်ငွေ့ကင်းစင်ရေးနယ်မြေထူ ထောင်ရေးလုပ်ငန်းများ ဆောင် ရွက်နေပြီး ယခုမွန်ပြည်နယ်ကိုပါ ထပ်မံဆောင်ရွက်ပါက ကိုးခုရှိလာ မည်ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ၂၀၁၄ က မကူးစက်တတ်သည့် ရောဂါများ ဖြစ်ပွားမှုအကြောင်းရင်းများ ဆန်း စစ်ချက်အရ အမျိုးသား ၄၃ ဒသမ ၈ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၈ ဒသမ ၄ ရာခိုင်နှုန်း ဆေးလိပ်သောက်သုံးပြီး အမျိုးသား ၆၂ ဒသမ ၂ ရာခိုင်နှုန်း နှင့် အမျိုးသမီး ၂၄ ဒသမ ၁ ရာခိုင်နှုန်း ကွမ်းယာစားသုံးနေသည်။