အမျိုးသမီးများတွင် မျိုးပွားအင်္ဂါပုံမှန်မဟုတ်ဟုယူဆပါက ဆရာဝန်နှင့် ပြသရန်လို

အမျိုးသမီးငယ်များ အနေဖြင့် ကလေးဘ၀ကစတင်၍ မျိုးပွား အင်္ဂါပုံမှန်မဟုတ်ဟု ယူဆပါက ဆရာဝန်ကြီးများနှင့် ပြသတိုင်ပင် သင့်ကြောင်း သားဖွားမီးယပ် ဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်ကပြောသည်။ 

‘‘မျိုးပွားအင်္ဂါကျန်းမာရေး ဆိုတာ ငယ်ငယ်ကတည်းကနေ သွေးဆုံးတဲ့အထိ အရေးကြီးတာ ပဲ။ ရာသီလာရတဲ့အချိန်မှာမလာ ဘူးဆိုရင်သတိထားရမယ်။ တချို့ ဆိုငယ်ငယ်ကတည်းက ရာသီမ လာဘူး။ သားအိမ်လည်းမပါဘူး။ အဲဒီလိုတွေရှိတယ်။ တချို့ကျ တော့သားအိမ်ပါပြီး အောက် ကအပေါက်မပါတော့ ရာသီမ ဆင်းနိုင်ဘဲသားအိမ်ထဲမှာ အလုံး ကြီးဖြစ်သွားတယ်။ အဲဒီအခါကျ ငယ်ငယ်ရွယ်ရွယ်နဲ့ သားအိမ်ပါ ထုတ်လိုက်ရတယ်’’ ဟု ဒေါက် တာစိုးလွင်ကပြောသည်။ 

ထိုသို့ အချိန်လွန်မှ သိရှိ ပါက ကုသရခက်ခဲကာမလိုလား အပ်သော ကျန်းမာရေးပြဿနာ များခံစားရသဖြင့် ငယ်စဉ်ကစပြီး မိမိတို့၏ မျိုးပွားအင်္ဂါပုံမှန်ဖြစ်၊ မဖြစ်စစ်ဆေးရန် လိုအပ်သည်။ မျိုးပွားအင်္ဂါ ကျန်းမာရေးပြဿနာ များဖြစ်ပွားပါကလည်း ဆရာဝန် ကြီးများနှင့် အမြန်ဆုံးပြသ၍ ဆေးကုသမှုခံယူရမည်ဖြစ်သည်။ 

‘‘အသက်ကြီး အရွယ်တွေဆို လည်း သားအိမ်ထွက်ကျတာရှက် လို့ဆိုပြီးမပြဘူး။ ဘယ်သူမှလည်း မသိဘူး။ အဲဒီတော့ မြန်မာလူမျိုး တွေရှက်တာ၊ ကြောက်တာသိပ် ကို လွန်လွန်းတယ်။ ဆေးရုံရောက် တော့သေခါနီးနေပြီ။  မျိုးပွား အင်္ဂါကင်ဆာဆိုတာရှိတယ်။သား အိမ်ခေါင်းကင်ဆာဆိုလည်း အခု ဆိုကာကွယ်ဆေးရှိနေပြီ။ ကျန်း မာရေးအသိကို ပိုပြီးသိဖို့လိုပါ တယ်’’ ဟု ဒေါက်တာစိုးလွင်က ပြောသည်။ 

မြန်မာနိုင်ငံတွင် အမျိုးသမီး များ၌ အဖြစ်များဆုံးကင်ဆာ ရောဂါများသည် ရင်သားကင်ဆာ၊  သားအိမ်ခေါင်းကင်ဆာ၊ သား အိမ်ကင်ဆာများဖြစ်သည်။