မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုအတွက် ကမ္ဘာ့ဘဏ်ဆက်ကူညီသွားမယ်

ဓာတ်ပုံ - ကမ္ဘာ့ဘဏ်ဝက်ဆိုက်

ကမ္ဘာ့ဘဏ်ရဲ့အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ ဒုဥက္ကဌ ဗစ်တိုရီးယား ကွာလွာဟာ မြန်မာနိုင်ငံကို သုံးရက်ကြာလာရောက်မယ်လို့ ကမ္ဘာ့ဘဏ်က ဒီကနေ့မှာထုတ်ပြန်ပါတယ်။


ဇူလိုင် ၈ ရက်မှာစတင်မယ့် သုံးရက်ကြာခရီးစဉ်အတွင်းမှာတော့ ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ အဖွဲ့ဝင်တွေ ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းတွေ နဲ့တွေ့ဆုံဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့  အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအသင်းရန်ပုံငွေနဲ့ မြန်မာနိုင်ငံအတွင်းငြိမ်းချမ်းရေးတည် ဆောက်ဖို့နဲ့ လူမှုအသိုင်းအဝိုင်းတွေအကြား သဟဇာတဖြစ်ဖို့ ကြိုးပမ်းနေတာတွေကို ပံ့ပိုးကူညီသွာဖို့အဓိက ထားဆွေးနွေးမယ် လည်း ထုတ်ပြန်ချက်က ဆိုထားပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီးကို ကမ္ဘာ့ဘဏ် အကြီးအကဲက   မြန်မာ နိုင်ငံမှာ ကူညီပေးနေတဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းတော့မယ်လို့ပြောလိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်ပြီး တဲ့ နောက်    ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာ တော့ ရခိုင်ပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ စီးပွားရေး ဖွံဖြိုးတိုးတက်မှု ဖော်ဆောင်နိုင်ဖို့ ကမ္ဘာ့ဘဏ်က ဆက်လက်ကူညီ ပံ့ပိုးပေးသွားမယ်လို့လည်း ပါရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစပြီးမြန်မာနိုင်ငံနဲ့ ပြန်လည်လက်တွဲပြီးတဲ့နောက်မှာ မြန်မာနိုင်ငံရဲ့စီးပွားရေး ပြု ပြင်ပြောင်း လဲရေးလုပ်ငန်းတွေနဲ့ ငြိမ်းချမ်းရေး ကဏ္ဍအသီးသီးမှာ အမေရိကန် ဒေါ်လာသန်းနှစ်ထောင်နဲ့ညီမျှတဲ့ နှစ်ရှည်ချေး ငွေနဲ့ ကမ္ဘာ့ဘဏ်က ပံ့ပိုးပေးနေတယ်လို့ သိရပါတယ်။