ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ရုရှားသံရုံးတွင် ကြည့်ရှုရန် ဖိတ်ခေါ်

 ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲကို ရုရှားသံရုံးတွင် ကြည့်ရှုရန် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဒေါက်တာနီ ကိုလိုင်းလီစတိုပါဒေါ့ဗ်က ဘော လုံးဝါသနာရှင်များအား ဖိတ်ကြားကြောင်း ရုရှားသံရုံးက ထုတ်ပြန် သည်။

ရုရှားနိုင်ငံ၌ ကျင်းပနေသည့် ဖီဖာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဇူလိုင် ၁၅ ရက် မြန်မာစံတော်ချိန် ည ၉ နာရီခွဲ၌ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းဗိုလ်လုပွဲကို မြန်မာဘောလုံးဝါသနာ ရှင်များ ရုရှားသံရုံးတွင် အတူတကွကြည့်ရှုရန် ဖိတ်ကြားခြင်း ဖြစ်ပြီး ဇူလိုင် ၁၃ ရက် နောက်ဆုံးထားကာ သတ်မှတ်ထားသည့် အချက်အလက်များ ရုရှားသံရုံးသို့ ပေးပို့ရမည်ဖြစ်ကြောင်း ထုတ် ပြန်ချက်၌ ပါရှိသည်။


သတ်မှတ်ချက်များတွင် အ မည်၊ အလုပ်အကိုင်၊ ကုမ္ပဏီ အမည်၊ လျှောက်ထားသူနှင့် လိုက်ပါမည့် အရေအတွက်တို့ကို ဖုန်း နံပါတ် ၀၁-၂၄၁ ၉၅၅၊ ၀၁-၂၅၄၁၆၁ (သို့မဟုတ်) အီးမေးလ်လိပ်စာ- rusinmyan@yandex. ru သို့ ပေးပို့ရမည်ဖြစ်သည်။

 လာရောက်ကြည့်ရှုသူများ အနေဖြင့် ကြိုက်နှစ်သက်ရာ မြန်မာဘောလုံးအသင်း၏ ဝတ်စုံ (သို့မဟုတ်) သင့်လျော်အဆင်ပြေ သည့် အဝတ်အစားဝတ်ဆင်ရ မည်ဖြစ်ပြီး မှတ်ပုံတင်(သို့မဟုတ်)ဝန်ထမ်းကတ် (သို့မဟုတ်) ယာဉ် မောင်းလိုင်စင် ယူဆောင်လာရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

 ဇွန်လ ၂၅ ရက်က ကမ္ဘာ့ ဖလားဘောလုံးပြိုင်ပွဲ အုပ်စု (က)နောက်ဆုံးပွဲ ယှဉ်ပြိုင်သည့် အိမ်ရှင်ရုရှားနှင့် ဥရုဂွေးပွဲစဉ်ကို မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း ကစားသမားများနှင့် နည်းပြ၊ အုပ်ချုပ်သူများအပါအဝင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ များအား ရုရှားသံအမတ်ကြီးက ဖိတ်ခေါ်ပြီး အတူတကွ ကြည့်ရှု အားပေးခဲ့သည်။

၂၀၁၈ ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲသည် လက်ရှိတွင် ကွာတား ဖိုင်နယ်အဆင့်သို့ ရောက်ရှိနေ သည်။ ကွာတားဖိုင်နယ်အဆင့် တွင် ဥရုဂွေးနှင့် ပြင်သစ်၊ ဘရာဇီးနှင့် ဘယ်လ်ဂျီယံ၊ ဆွီဒင်နှင့် အင်္ဂလန်၊ အိမ်ရှင်ရုရှားနှင့် ခရိုအေးရှားတို့ ထိပ်တိုက်တွေ့ဆုံနေသည်။