Mytel Group ကုမ္ပဏီက မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးကို ကျပ်သိန်း ၁,၀၀၀ ကျော်ရလိုမှုဖြင့် တရားစွဲ

တရားစွဲဆိုသော Mytel သည် ဆက်သွယ်ရေးအော်ပရေတာ Mytel မဟုတ်ဟုဆို
ဇွန်လ ၃၀ ရက် ကြေးမုံသတင်းစာတွင် ဖော်ပြထားသော ငြင်းချက်ထုတ်ရန်ဆင့်စာကို တွေ့ရစဉ်

 Mytel Group Co.Ltd က မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးနှင့် ပါတီအတွင်းရေးမှူး ဦးသန့် ဇင်ကို ဖုန်းဟန်းဆက်များနှင့် ဆင်းမ်ကတ်များအတွက် ကျပ် သိန်း ၁,၀၀၀ ကျော် ရလိုမှုဖြင့် တရားစွဲထားမှုနှင့် ပတ်သက်၍ အနောက်ပိုင်းခရိုင် တရားရုံးက ဇူလိုင် ၁၈ ရက်သို့ ရုံးချိန်းချိန်းဆို သည်။


Mytel Group Co.Ltd က ၂၀၁၅ ကစ၍ ပြည်ခိုင်ဖြိုးပါတီရုံးကို ဖုန်းဟန်းဆက်နှင့် ဆင်းမ် ကတ်များ အရစ်ကျအရောင်းအ ဝယ်ပြုလုပ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဘက်မှ အရစ်ကျငွေများ ပေးသွင်းရာတွင် ကျန်ရှိသော ကျပ် ၁,၁၁၇သိန်းကျော် ရလိုမှုဖြင့် ဖေဖော်ဝါရီ ၂ ရက်က စတင်၍ အနောက်ပိုင်းခရိုင်တရားရုံးတွင် လျှောက် ထားစွဲဆိုကြောင်း တရားရုံး သတင်းမီဒီယာ ပြန်ကြားရေး အရာရှိက ပြောသည်။

ထို့နောက် ဇွန်လ ၃၀ ရက် တွင် ကြေးမုံသတင်းစာ၌ မွန်ပြည် နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ပါတီ အတွင်းရေးမှူး ဦးသန့်ဇင်ကို ဇွန်လ ၃ ရက်တွင် ရုံးတော်၌ လာ ရောက်၍ ထုချေရှင်းလင်း ငြင်း ချက်ထုတ်ရန် ဆင့်စာဖော်ပြခဲ့ သည်။

ဇူလိုင် ၃ ရက် ရုံးချိန်းတွင် တရားပြိုင်နှစ်ဦးအနက် ပြည်ခိုင် ဖြိုးပါတီကိုယ်စား အတွင်းရေးမှူး ဦးဝင်းမောင်ဦးက တရားခွင်သို့ လာရောက်ရင်ဆိုင်ပြီး တရားပြိုင် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသန့်ဇင်က လာ ရောက်ခြင်းမရှိပေ။

မွန်ပြည်နယ် ပြည်ခိုင်ဖြိုး ပါတီရုံးက အမှုကိုရင်ဆိုင်ရန် ရှေ့ နေ ငှားရမ်းမည်ဖြစ်သောကြောင့် တရားသူကြီးက ဇူလိုင် ၁၈ ရက် သို့ ရုံးချိန်းချိန်းဆိုခဲ့သည်။

တရားစွဲဆိုခံရခြင်းနှင့် ပတ် သက်၍ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း က ‘‘ကျွန်တော်တို့ အနိုင်ရမှာပေါ့ဗျာ။ ပါတီအနေနဲ့က လုပ်လို့မှ မရတာကြီး။ ဒါအရှင်းဆုံးပဲ။ ပါတီမှ လုပ်လို့မရတာ။ သူလုပ်ရင် သူခံလေ။ ဒါအရှင်းဆုံးပဲ။ ကျွန်တော်တို့က သူ ဘာလုပ်သလဲ ဒါပဲကြည့်ချင်တာ။ ပါတီကို ဘယ်လို အသုံးချသွားသလဲပေါ့’’ဟု ပြောသည်။

သတင်းစာတွင် ပါဝင်သော အဆိုပါ ဆင့်စာအရ တရားစွဲဆိုသော ကုမ္ပဏီသည် ဆက်သွယ် ရေးအော်ပရေတာ Mytel နှင့် နာ မည်တူနေသဖြင့် အဆိုပါဆက်သွယ်ရေးအော်ပရေတာက တရား စွဲသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သို့သော် တရားစွဲဆိုသော Mytel ကုမ္ပဏီသည် ဆက်သွယ် ရေးအော်ပရေတာ Mytel နှင့် အမည်တူနေခြင်းသာဖြစ်ပြီး ကုမ္ပဏီ မတူကြောင်း မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကရှင်းပြသည်။

‘‘တရားစွဲတဲ့ Mytel က အခု ဆင်းမ်ကတ်ရောင်းတဲ့ Mytel မဟုတ်ပါဘူး။ ကျွန်တော်တို့က ကိုယ့်လက်ထက်မဟုတ်ဘဲ လုပ် ခဲ့တဲ့အခါကျတော့၊ ဒါပေမဲ့ ပါတီ ဆိုတော့လည်း ကိုယ့်တာဝန်ရှိ တာပေါ့။ အဲဒီတော့ ကျွန်တော်တို့ လည်း မသိတော့ Mytel ဆိုတော့ အခု Mytel ဆိုတာပဲ ကြားဖူးတာ ကိုး။ အစတုန်းက အဲဒီလိုထင်ခဲ့တာ။ ပြီးတော့မှ ပြန်ချိတ်ကြည့် လိုက်တော့ ဘာမှမဆိုင်ဘူး။ ဟို Mytel နဲ့ ဒီ Mytel နဲ့ တခြားစီပဲ’’ဟု ဦးအောင်ကြည်သိန်းက ပြော သည်။