ဖြိုးကိုကိုတင့်ဆန်းအမှုများအတွက် စစ်ဆေးရမည့် တရားလိုပြသက်သေပေါင်း လေးရာကျော်ရှိ

ဖြိုးကိုကိုတင့်ဆန်းအား ရုံးထုတ်လာသည့် အချုပ်ကားအား တွေ့ရစဉ် (ဓာတ်ပုံ − ရဲနိုင်)

ရန်ကုန်နှင့် နေ ပြည်တော်တွင် မူးယစ်မှု၊ လက် နက်မှုအပါအဝင် အမှုပေါင်း ၂၀ ကျော် တရားစွဲဆိုခံထားရသော ဖြိုးကိုကိုတင့်ဆန်းအမှုများအ တွက် တရားလိုပြသက်သေလေး ရာကျော်ကို စစ်ဆေးမည်ဖြစ် ကြောင်း ဒက္ခိဏသီရိခရိုင်တရား ရုံးမှ သိရသည်။ 


နေပြည်တော်တွင် ပုဒ်မ ၁၀ ခုနှင့် တရားခံပြေးမှု နှစ်မှုတို့အ တွက် တရားလိုပြသက်သေ ၁၈၇ ဦးအနက် စစ်ဆေးပြီးသူ ၆၂ ဦး အထိ ရှိပြီဖြစ်သည်။ 

ရန်ကုန်တွင်မူ ပုဒ်မခုနစ်ခု နှင့် တရားခံပြေး အမှုလေးမှုအ တွက် တရားလိုပြသက်သေ ၂၁၆ ဦးပါဝင်သည်။ သို့သော် ရန်ကုန်တိုင်းရှိ အမှုတွဲများ နေပြည်တော် သို့ ရောက်ရှိထားသော်လည်း စွပ်စွဲခံရသူများကို လွှဲပြောင်းလက် ခံရခြင်း မရှိသေးသောကြောင့် တရားလိုပြသက်သေများကို မစစ် ဆေးရသေးပေ။ 

ရန်ကုန်တိုင်းတွင် တရားစွဲ ဆိုထားသော ၁၁ မှုကို နေပြည်တော် ဒက္ခိဏသီရိခရိုင်တရားရုံး တွင် ပူးပေါင်းစစ်ဆေးရန်  ပြည်ထောင်စုတရားလွှတ်တော်ချုပ် က ဆုံးဖြတ်ပြီးနောက် ဖြိုးကိုကို တင့်ဆန်းအမှုများကို တရားခွင် စစ်ဆေးမှုများ ပြန်လည်ပြုလုပ် နေပြီဖြစ်သည်။ 

ယင်းအမှုကို ပြီးခဲ့သည့် ဇန်နဝါရီလဆန်းက စတင်စစ်ဆေးခဲ့ သော်လည်း ခြောက်လနီးပါးကြာ မြင့်ချိန်ထိ တရားလိုပြသက်သေ များကို စစ်ဆေးမှုအဆင့်မှာပင် မပြီးပြတ်သေးပေ။ 

ယမန်နေ့က ဒက္ခိဏခရိုင် တရားခွင်ရုံးချိန်းတွင် တရားလိုပြ သက်သေသုံးဦးကို စစ်ဆေးပြီး ရဲတပ်ကြပ်ကြီးတစ်ဦး ပါဝင်ခဲ့ သည်။ နောင်လာမည့် ရုံးချိန်းကို ဇူလိုင် ၁၁ ရက်တွင် တရားလိုပြ သက်သေများကို ဆက်လက်စစ် ဆေးမည်ဖြစ်သည်။ 

တရားလိုပြသက်သေ ၄၀၃ ဦးတွင် ၆၂ ဦးအား စစ်ဆေးပြီး ဖြစ်သောကြောင့် ဆက်လက်စစ် ဆေးရန် ၃၄၁ ဦးကျန်ရှိသေးသည်။ တစ်ပတ် ရုံးချိန်းတစ်ချိန်းလျှင် လိုပြသက်သေပုံမှန်သုံးဦးနှုန်း စစ်ဆေးနေပြီး ယင်းအတိုင်းစစ်ဆေး ပါက ၁၁၄ ရက် (လေးလနီးပါး) ကြာမြင့်မည်ဖြစ်သည်။

သို့သော် ရန်ကုန်က တရား လိုပြသက်သေများကို စတင်စစ် ဆေးမည်ဆိုပါက ပုံမှန်ခေါ်ယူနေ သော တစ်ပတ်လျှင် ရုံးချိန်းတစ် ရက်ကို အခြေအနေပေါ် မူတည်၍ ထပ်တိုးခေါ်ယူမည်ဖြစ်ကြောင်း ဒက္ခိဏခရိုင် ဒုတိယတရားသူကြီး ဦးခင်မောင်ထွေးကပြောသည်။