ဒွေးကွယ်လွန်ခြင်း (၁၁)နှစ်ပြည့်ရည်စူးပြီး ထာဝရငြိမ်းချမ်းရေးစေတီမှာ ကျပ် ၁၀ သိန်းလှူဒါန်းမယ့် စတီးလ်

ဇူလိုင် ၁၁ ရက်တွင် ကျရောက်မည့် သရုပ်ဆောင် ဒွေး ကွယ်လွန်ခြင်း (၁၁)နှစ်ပြည့်အ မှတ်တရအနေဖြင့် သရုပ်ဆောင် ဒွေး၏ မန်နေဂျာတာဝန်ယူခဲ့သည့် ကာလတစ်လျှောက်လုံးတွင် အ မှတ်တရအဖြစ်ဆုံး ဖြစ်ရပ်တစ်ခု ကို ဒါရိုက်တာစတီးလ်  (ဒွေး မေတ္တာ) ကယခုလိုပြောသည်။

‘‘ကားရိုက်ပြီးတော့ ပြန်မယ် ဆိုတဲ့အချိန်မှာ ကျွန်တော့်အမျိုး သမီး မီးဖွားပြီးတာ သုံးရက်ရှိပြီ။ မီးဖွားကတည်းက  ကျွန်တော့်ကို ပြန်ခိုင်းပေမယ့် သူ့တစ်ယောက် တည်း ထားခဲ့ရမှာမို့လို့ မပြန်ဘဲ ကြိတ်မှိတ်ပြီးနေခဲ့တယ်။ ပြီးမယ့် နေ့မှာ ပြန်မယ်လုပ်တော့ ခါတိုင်း လိုပဲ သူ့အတွက် လေယာဉ်လက် မှတ်စီစဉ်ပြီး ကျွန်တော့်အတွက် ကားနဲ့လုပ်တဲ့အခါကျတော့ လေ ယာဉ်နဲ့လိုက်ခဲ့တဲ့။ ရန်ကုန်ကို  ရောက်တဲ့အချိန်မှာ ဆေးရုံကို  တန်းသွားချင်တယ်။ ဒါပေမဲ့သူ့ အိမ်ဝင်ပြီး ပစ္စည်းတွေ ချရဦးမယ့် အခါကျတော့  သူက မပြောမဆိုနဲ့ ဗဟိုအမျိုးသမီးဆေးရုံကို  သူ ကိုယ်တိုင်အခန်းထဲထိ လိုက်ပို့ တယ်။ ဆေးရုံတစ်ခုလုံးလည်း အုတ်အော်သောင်းတင်း ဖြစ်သွား တယ်။ အဲဒါ့လေးက မမေ့နိုင်တဲ့အမှတ်တရလေးတစ်ခုပါ’’ဟု ၎င်းက ပြောသည်။ ထို့အပြင် ထာဝရ ငြိမ်းချမ်းရေးစေတီတွင် ဒွေးကို ရည်စူး၍  ကျပ် ၁၀ သိန်းလှူဒါန်း မည်ဟု ၎င်းကဆိုသည်။