သက်ငယ်မုဒိမ်းကျူးလွန်သူကို လက်စားချေသူမိခင်အဖြစ် သရုပ်ဆောင်မယ့် အိန္ဒြာကျော်ဇင်

ဓာတ်ပုံ−RBV

ဟစ်တိုင်ဟု အမည် ပေးထားသည့် သက်ငယ်မုဒိမ်း ပညာပေး ရုပ်ရှင်ကားတွင် အဓိ ကသရုပ်ဆောင်အဖြစ် ပါဝင်ခွင့် ရသဖြင့် ကျေနပ်မိသလိုအ ကောင်းဆုံးကြိုးစားသရုပ်ဆောင်  မည်ဖြစ်ကြောင်း သရုပ်ဆောင် အိန္ဒြာကျော်ဇင်က ပြောသည်။

‘‘ဒေါင်းနီရဲ့  စိတ်ဓာတ်က မဟုတ်မခံ၊ အဓိက သူ့ဘ၀မှာ သူ့သမီးလေးကအရေးကြီးတယ်။  သမီးကို အရမ်းချစ်တဲ့စိတ်နဲ့၊ နောက်ပြီးတော့ ဒီလိုမျိုးမတရား တဲ့အမှုကို  လက်တုံ့ပြန်ချင်တဲ့ မိန်းမမျိုးပေါ့။ သူ့ရဲ့စိတ်ဓာတ် တွေ၊  movement တွေကတော့ ပြင်းထန်မယ်။ နည်းနည်းကြမ်း မယ်။ အဲဒီအတွက်ပင်ပန်းမယ်’’ ဟု ၎င်း ကပြောသည်။

ဟစ်တိုင် ရုပ်ရှင်ကားကို ဒါရိုက်တာဟိန်းစိုးက ပုံဖော်ရိုက် ကူးမည်ဖြစ်ပြီး အကယ်ဒမီ မေ သန်းနု၊ အကယ်ဒမီအိန္ဒြာကျော် ဇင်၊ ထူးပြည့်အောင်၊ စိုင်းဝဏ္ဏ အောင်၊ ဖြိုးပပထူး၊ James၊ စ၀်ယွန်းဝတီဦး၊ သန်းသန်းစိုး၊ စိုးမိုးကြည်၊ လှမျိုးသဉ္ဇာနွယ်၊ ဇင်မျိုး၊ ကလေးသရုပ်ဆောင် ပြည့် ပြည့်နှင့် အခြား သရုပ်ဆောင် များစွာ ပါဝင်မည်ဖြစ်သည်။

‘‘ဒီဇာတ်ထဲမှာ ရေးထားတဲ့  ဒေါင်းနီဆိုတဲ့ ကာရိုက်တာက ရုပ်ရှင်မင်းသမီးထဲမှာ အူဝဲကလွဲ လို့ဘယ်သူနဲ့မှမရဘူး။ ဘယ်သူ မဆို ဖတ်ကြည့်ရင်အူဝဲကိုပဲပြေး မြင်မှာပါ’’ ဟု ဒါရိုက်တာ ဟိန်းစိုး ကပြောသည်။

ဟစ်တိုင်ဇာတ်ကားကို ဇူ လိုင် ၆ ရက်ကစတင်ကာမကွေး တိုင်းဆင်ဖြူကျွန်းတွင် ရိုက်ကူး မည်ဖြစ်သည်။