ကိုယ်ပိုင်အမှတ်တံဆိပ်လက်ဖက်လုပ်ငန်း ထူထောင်တဲ့ သားစိုး

 လက်ဖက်ကို ငယ်စဉ် ကတည်းက ကြိုက်နှစ်သက်သည့် အပြင် ပရိသတ်များအားလုံးပျော် ပျော်ရွှင်ရွှင် စားသောက်နိုင် အောင်ကျပ် ၅၀ တန်ရောသမနှပ်  

ရှူးရှဲလက်ဖက်ကို ထုတ်လုပ်ခြင်း ဖြစ်ကြောင်း အဆိုတော်သားစိုး ကပြောသည်။

‘‘ကျွန်တော်ကလက်ဖက် ကြိုက်တယ်။ ဒီအရသာကိုလည်း ကိုယ့်ဟာကိုယ် စပ်ကြည့်ရင်းနဲ့  ကြိုက်တယ်ဆိုပြီးလုပ်ဖြစ်သွား တာပါ။ ကျွန်တော့်ရဲ့ကိုယ်ပိုင်အ ရသာ၊ ကိုယ်ပိုင်ဒီဇိုင်းနဲ့ထုတ်တာ ဖြစ်ပါတယ်။ လက်ရှိဈေးကွက်မှာ  ရောင်းနေတဲ့ကျပ် ၅၀ တန်အရ သာနဲ့မတူအောင် ကြိုးစားထားပါ တယ်’’ ဟု ၎င်းကပြောသည်။

ရောသမနှပ် လက်ဖက်ကို သန့်ရှင်းမှုရှိစေရန် လက်ဖက် ထည့်ခြင်းကအစအိတ်ပိတ်သည့် အဆုံးထုတ်လုပ်မှုလုပ်ငန်းအဆင့် အားလုံးကို စက်နှင့်သာလုပ်ကိုင် ကြောင်းဆိုသည်။

လက်ရှိတွင် ကျပ် ၅၀ တန် ရှူးရှဲတစ်ခုတည်းကိုသာ ထုတ်ပြီး နောက်ပိုင်းတွင် စားသုံးသူအပေါ် မူတည်ပြီး ဇယန်းနှပ်နှင့် အကြော် စုံတို့ကိုပါ ထည့်သွင်းရောင်းချ မည်ဟုဆိုသည်။

ယခုလအတွင်း ရောသမနှပ် ၏ အထူးပရိုမိုးရှင်းအနေဖြင့် ကျပ် တစ်သောင်းဖိုးအထက်မှာ ယူသူများကို သယ်ယူပို့ဆောင်ခ အခမဲ့ဖြင့် ပို့ဆောင်ပေးမည်ဖြစ် သည်။

‘‘ကျပ် ၅၀ တန်ကအမြတ် နည်းပေမယ့် နယ်မှာကျတော့ ကျပ် ၅၀တန်က ပိုပေါက်တယ်။ နယ်ဘက်မှာ ကျွန်တော့်ပရိသတ် ပိုများတာကိုး။ ဈေးများရင်  သိပ် မကြိုက်ကြဘူးလေ။ ကျွန်တော် ကလက်ဖက်ထမင်းအတွက်ကို ပို ရည်ရွယ်ပါတယ်။ ထမင်းတစ်နပ် အတွက် ပိုအဆင်ပြေသွားတာ ပေါ့’’ ဟု ၎င်းကပြောသည်။

လက်ရှိတွင် စီးပွားရေးဘက် ကိုပိုမိုအာရုံစိုက်ဖြစ်နေသော ကြောင့် ဂီတဘက်ကို အပြည့်အ၀ အာရုံမစိုက်နိုင်သေးဘဲရုပ်ရှင် ဇာတ်ဝင်တေးများသာ သီဆိုဖြစ် ကြောင်း သားစိုးကပြောသည်။