အရင်းအနှီးမရှိသဖြင့် သထုံခရိုင်အတွင်း စက်ချုပ်ပညာဖြင့် အသက်မွေးသူ နည်းပါးလာ

 ကျေးလက်နေပြည်သူများ အလုပ်အကိုင်ရရှိပြီး ၀င်ငွေတိုး စေရေး အခြေခံစက်ချုပ်သင်တန်းများ ကျေးရွာများအရောက် လိုက်လံသင်ကြားပေးနေသော်လည်း စီးပွားဖြစ် လုပ်ကိုင်သူနည်းနေ သေးကြောင်း သထုံခရိုင် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ရေးမှူးဦးမိုး ၀င်းက ပြောသည်။

 သင်တန်း တက်ပြီးသည့် အမျိုးသမီးများသည် လုပ်ငန်းလည်ပတ်ရန် လိုအပ်သော အရင်းအနှီး မရှိခြင်း၊ ပတ်ဝန်းကျင်အ ခြေအနေအရ ပြန်လည်လုပ်ကိုင် ရန် ခက်ခဲခြင်းနှင့် ဒေသတွင်းအ ထည်ချုပ်စက်ရုံများ မရှိခြင်းတို့ ကြောင့် စက်ချုပ်ပညာဖြင့် အ သက်မွေးသူ နည်းနေခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။

‘‘သင်တန်းမှာ သေသေချာ ချာ သင်ပေးလိုက်တော့ စက်ချုပ် ပညာတော့ တတ်သွားတယ်။ ကိုယ့်အိမ်မှာ ပစ္စည်းတွေဝယ်ပြီး အလုပ်လုပ်ဖို့ဆိုပြန်တော့ အရင်း အနှီးက လိုသေးတယ်။ တချို့ ရွာ တွေဆို အင်္ကျီချုပ်ဝတ်တဲ့သူတွေ နည်းတော့ လုပ်ကိုင်ရတာ အ ဆင်မပြေတာလည်း ရှိတယ်’’ဟု ဦးမိုးဝင်းက ပြောသည်။

ကျေးလက်နှင့် မြို့ပြကွာဟ မှု မရှိစေရေး၊ ကျေးလက်နေလူငယ်များ အလုပ်အကိုင်၊ အခွင့်အလမ်းများ ရရှိစေရေးနှင့် တစ်နိုင်တစ်ပိုင် အသက်မွေးဝမ်း ကျောင်း လုပ်ငန်းများလုပ်ကိုင်နိုင် ရေး အမျိုးသမီးများအား အခြေခံ စက်ချုပ်နည်း၊ အဆင့်မြင့်မော် တာစက်ချုပ်နည်း၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်ပြုလုပ်နည်းများ၊ အမျိုးသားများအတွက် လက်သမား၊ ပန်းရန်၊ သံဂဟေဆက်၊ စက်ပြင်သင်တန်းများကို ကျေးရွာအ ရောက်လိုက်လံသင်ကြားပေးနေ ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

‘‘သင်တန်းပြီးတော့ အလုပ် လုပ်ဖို့က အပ်ချုပ်စက်ဝယ်နိုင်ရ မယ်။ တဖြည်းဖြည်းနဲ့ အများလက်ခံလာတဲ့အထိ လက်ရာကောင်းအောင် ကြိုးစားရတာ လေ။ ရင်းနှီးရတဲ့ အချိန်ကမနည်း ဘူး။ ဇွဲတော်တော်ကောင်းမှ ရ မယ်’’ဟု သင်တန်းတက်ပြီးနောက် စက်ချုပ်လုပ်ငန်းလုပ်ကိုင်နေသူ မမိုးမိုးလွင်က ပြောသည်။

ကျေးလက်နေ အမျိုးသမီး များ အသက်မွေးမှုအတတ်ပညာ ဖြစ်သည့် အခြေခံစက်ချုပ်သင် တန်းများကို အကြိမ်ရေများများ ဖွင့်လှစ်သင်ကြားပေးရန်နှင့် သင်တန်းပြီးဆုံးပါက လိုအပ်သည့် အရင်းအနှီးထောက်ပံ့နိုင်ပါက ပိုမိုအကျိုးရှိလာပြီး ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများလာမည်ဖြစ်ကြောင်း ဦးမိုးဝင်းက ပြောသည်။