အုပ်စုကျပ်သော်လည်း အကောင်းဆုံးကြိုးစားမည်ဟု မြန်မာယူ-၂၃ နည်းပြပြော

 အာရှအားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် မြန်မာယူ-၂၃ အသင်းက အုပ်စု ကျပ်အတွင်း ကျရောက်နေသော် လည်း အကောင်းဆုံးကြိုးစားယှဉ် ပြိုင်မည်ဖြစ်ကြောင်း နည်းပြချုပ် အန်တွမ်နီဟေးက ပြောသည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာ ယူ-၂၃ အသင်းသည် အုပ်စု(စ) တွင် ဆော်ဒီ၊ အီရန်၊ မြောက်ကို ရီးယားအသင်းတို့နှင့် ကျရောက်နေသည်။ အင်ဒိုနီးရှားနိုင်ငံတွင် သြဂုတ်အတွင်း  ကျင်းပမည့် (၁၈)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ တွင် အသင်း ၂၄ သင်း အုပ်စုခြောက်ခုခွဲ၍ ယှဉ်ပြိုင်ရမည်ဖြစ် သည်။


‘‘ကျွန်တော်တို့ အုပ်စုကျပ် ထဲ ကျနေပါတယ်။ အထူးသဖြင့် လက်ရှိကမ္ဘာ့ဖလားမှာ ပါဝင်ခဲ့တဲ့ ဆော်ဒီ၊ အီရန်လို အာရှအင်အား ကြီး အသင်းကောင်းတွေအပြင် ၂၀၁၄ အာရှအားကစားပွဲမှာ ဖိုင်နယ်တက်ခဲ့တဲ့ မြောက်ကိုရီးယားလည်း ပါနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီပြိုင်ပွဲကတစ်ဆင့် အနာဂတ်မှာ အားကိုးရမယ့် လက်ရွေးစင် အစုအဖွဲ့တစ်ခု တည်ဆောက်နိုင်ဖို့ မျှော်မှန်းထား ပါတယ်။ မြန်မာကို ကိုယ်စားပြု ပြီး တိုင်းပြည်ဂုဏ်မငယ်ရအောင် သိက္ခာရှိရှိနဲ့ အကောင်းဆုံး ကြိုး စားယှဉ်ပြိုင်သွားမှာပါ’’ဟု အန် တွမ်နီဟေးက ပြောသည်။

ဇူလိုင် ၅ ရက်က ပြုလုပ် သည့် မဲခွဲပွဲရလဒ်အရ အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု(က)တွင်  အိမ်ရှင် အင်ဒိုနီးရှား၊ ဟောင် ကောင်၊ လာအို၊ တိုင်ပေ၊ အုပ်စု (ခ)တွင် ထိုင်း၊ ဥဇဘက်ကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ကာတာ၊ အုပ်စု (ဂ)တွင် အီရတ်၊ တရုတ်၊ တီ မော၊ ဆီးရီးယား၊ အုပ်စု(ဃ)တွင် ဂျပန်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ နီပေါ၊ အုပ်စု(င)တွင် လက်ရှိ ချန်ပီယံ တောင်ကိုရီးယား၊ ကာဂျစ္စတန်၊ မလေးရှား၊ ဘာရိန်း အသင်းတို့ ကျရောက်နေသည်။

အာရှအားကစားပြိုင်ပွဲ အ မျိုးသားဘောလုံးပြိုင်ပွဲကို ယူ-၂၃ ပြိုင်ပွဲအဖြစ် သတ်မှတ်ထားသော် လည်း ပြိုင်ပွဲဝင်အသင်းများတွင် (၂၃)နှစ်အထက် ကစားသမားသုံး ဦးပါဝင်ခွင့်ရရှိမည်ဖြစ်သည်။ အ မျိုးသားဘောလုံးပြိုင်ပွဲကို သြဂုတ်၁၄ ရက်မှ စက်တင်ဘာ ၁ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဆိုရီအန်း၊ ဆီဘီနွန်း၊ ဘီကာဆီ၊ ဆီခါရန်း အားကစားကွင်းတို့တွင် ကျင်းပ မည်ဖြစ်သည်။

 မြန်မာ ယူ-၂၃ အသင်း ပဏာမ ကစားသမားစာရင်းကို နည်းပြချုပ်က ရက်ပိုင်းအတွင်း ထုတ်ပြန်မည်ဟု ဘောလုံးအဖွဲ့ ချုပ်က သတင်းထုတ်ပြန်သည်။