သမီးဖြစ်သူကို ဘယ်သွားသွား သားပိုက်ကောင်လို အမြဲခေါ်သွားတဲ့ ချမ်းချမ်း

လက်ရှိတွင် အမျိုးသမီးအဆိုတော်ငါးဦးပါဝင်သည့် စီးရီး စီစဉ်နေပြီး တစ်ကိုယ်တော်ဖျော် ဖြေပွဲ နှစ်ပွဲနှင့် 3 Ladies Show တစ်ပွဲ လက်ခံထားကြောင်း အဆို တော် ချမ်းချမ်းက ပြောသည်။

‘‘စက်တင်ဘာမှာ သြစတြေး လျမှာ One Lady Show (တစ် ကိုယ်တော်ဖျော်ဖြေပွဲ)ရှိမယ်။ ပြီးရင် အောက်တိုဘာမှာ စင်ကာ ပူမှာ 3 Ladies Show ရှိမယ်။ ပြီး သွားရင် ဒီဇင်ဘာမှာ One Lady Show ရန်ကုန်မှာလုပ်ပါမယ်’’ဟု ၎င်းကပြောသည်။

လတ်တလောတွင် ‘သို့...ချစ်နေတုန်းပဲ’အခွေအတွက် အမ် တီဗီများ ရိုက်ကူးနေပြီး ယခုလ ထဲ၌ သီချင်းတစ်ပုဒ်ကို အွန် လိုင်းတွင် တင်ပေးရန်စီစဉ်နေ သည်ဟုဆိုသည်။

‘‘ဒီလထဲမှာပဲ ၂၀ ကနေ ၂၄  ကမ်းခြေတစ်ခုမှာ သွားရိုက်မယ်။ ပြီးသွားရင် အွန်လိုင်းကနေ သီ ချင်းတစ်ပုဒ်တင်ဖို့ရှိပါတယ်။ ‘ထားခဲ့လိုက်ပြီ’ဆိုတဲ့ ရိုမန့်တစ် သီချင်းလေးပါ။ ကျွန်မကိုယ်တိုင် ရေးထားတာပါ’’ဟု ၎င်းကဆို သည်။ ရှိုးပွဲများ၊ ရိုက်ကူးရေးများ နှင့် အလုပ်ရှုပ်နေသော်လည်း သမီးဖြစ်သူကို အချိန်ပေးပြီး ဘယ်နေရာသွားသွား ခေါ်သွား လေ့ရှိသည်ဟု ချမ်းချမ်းက ပြော သည်။

‘‘သားပိုက်ကောင်လိုပဲ။ ဘယ်သွားသွား ထည့်ခေါ်သွား တာပဲ။ သူလိုက်ချင်လည်းလိုက်၊ မလိုက်ချင်လည်းလိုက်၊ ပျော် လည်းလိုက်၊ မပျော်လည်းလိုက် ပါပဲ။ ဒါပေမဲ့ အဓိကကတော့ ကျွန်မသွားတဲ့ အလုပ်ခွင်တိုင်းမှာ သူ့အတွက် ပျော်စရာအစား အသောက်ပဲဖြစ်ဖြစ်၊ ကစားကွင်း ပဲဖြစ်ဖြစ် ရှိတဲ့နေရာ အရင်ဦး တည်ပြီးသွားတယ်။ ပြီးတော့  သူ့ ကို အမြဲအဖော်လုပ်ပေးတဲ့ အတွက် အထီးမကျန်ဘူး’’ဟု ၎င်း က ပြောသည်။

သမီးသည် အနုပညာနှင့် ပတ်သက်ပြီး အဆိုတော်၊ သရုပ် ဆောင်နှင့် အကကို ဝါသနာပါ သဖြင့် သမီးအတွက် ၎င်းကိုယ် တိုင် ပံ့ပိုးပေးဖြစ်သည်ဟု ချမ်းချမ်းကပြောသည်။

‘‘သူ့ရွေးချယ်မှု အရမ်းများပါ တယ်။ သူ့ကို ပံ့ပိုးပါတယ်။ ကမယ်ဆို သီချင်းအမြဲတမ်းဖွင့် ပေးရတယ်။ အဲဒါမှ အိပ်သွား တယ်။ အမြဲတမ်းပဲ သားအမိနှစ် ယောက်ကတော့ ဓာတ်တည့် အောင်နေရတာပေါ့’’ဟု အဆို တော်ချမ်းချမ်းက ပြောသည်။