အားလပ်ရက်မှာ ဖတ်စရာ

မြန်မာပြည်မြောက်ပိုင်း ခရီးသွားကြမလား

မြန်မာဝတ္ထုရှည်ကြီးတွေကို တရှိုက်မက်မက်ဖတ်ခွင့်ရခဲ့တဲ့ အ ချိန်တုန်းက ဆရာနတ်နွယ်ရဲ့ မြန် မာပြည်မြောက်ပိုင်း ၀တ္ထုကြီးကို စာဖတ်သူတွေသိကြမှာပါ။ မြန် မာပြည်မြောက်ပိုင်းတစ်ခွင်ကို အ ခြေပြုပြီး ခေတ်သမိုင်းပုံရိပ်နဲ့ ပေါင်းစပ် ဖန်တီးရေးသားခဲ့တဲ့ ဒီဝတ္ထုရှည်ကြီးဟာ ယခုဆိုရင် ဂန္ထ၀င်မြန်မာဝတ္ထုရှည်တစ်ပုဒ်အ ဖြစ် မြန်မာစာပေစာရင်းဝင်ခဲ့ပါ ပြီ။ ဆရာနတ်နွယ်ဟာ ဒီဝတ္ထု ရှည်ကြီးရေးသားဖို့အတွက် မြန် မာပြည်မြောက်ပိုင်းတစ်ခွင်ကို ပြဲ ပြဲစင်ခရီးထွက်ခဲ့ပါတယ်။ အဲဒီလို သွားလာရင်း ၀တ္ထုအတွက်အာရုံ တွေ၊  ပုံရိပ်တွေစုစည်းပြီး ဇာတ် ၀င်ခန်းတွေစဉ်းစားခဲ့သလို တစ် ဖက်မှာလည်း တခြားစာပေ ပုံသဏ္ဌာန်တစ်ရပ်ဖြစ်တဲ့ ခရီး သွားဆောင်းပါးဟန်နဲ့ မှတ်တမ်း တင်ခဲ့ပါသေးတယ်။ ဒီမှတ်တမ်း တွေကို စုစည်းပြီးစာအုပ်အဖြစ် ထုတ်ဝေခဲ့ရာမှာ သီတာခုနစ် တန် တောင်စဉ်ခုနစ်ထပ် အမည် နဲ့ထွက်ရှိလာပါတယ်။ ယခင် ထုတ်ဝေဖူးပေမယ့် စာအုပ်ဈေး ကွက်ထဲ ပြတ်လပ်နေတာကြောင့် ယခုလိုပြန်လည်ထွက်လာတာ သတင်းကောင်းတစ်ရပ်ပါပဲ။ ဒါ ကြောင့် ဒီတစ်ပတ်အားလပ်ရက် မှာ ဖတ်စရာအဖြစ်ယခုစာအုပ်ကို ညွှန်းဆိုလိုက်ပါတယ်။

စာအုပ်မှာ ၁၉၆၇ ကနေ ၁၉၇၀ ပြည့်နှစ်အတွင်း ရေးသား ခဲ့တဲ့ဆရာနတ်နွယ်ရဲ့ ခရီးသွား ဆောင်းပါး ၁၁ ပုဒ်ကိုစုစည်းထုတ် ဝေထားပါတယ်။ မဲဇာမှ နမ့်ထုံခ သို့၊ တစ်တောင်ကျော် တစ်တောင် ဆင်း၊ တစ်တောင်ဆင်း တစ် တောင်တက်၊ ခမ်းမတီးတို့ပွဲ၊ နမ့် ထုံခကို ကူးချည် ဖြတ်ချည်၊ဘုရား ပွဲမှ အပြန်၊ မချမ်းဘောဝန်းကျင်၊ ဘယ်ယိမ်းညာနွဲ့ ဘယ်ပြန်နွဲ့၊ တစ်နှစ်ပြီးတစ်နှစ် တစ်နယ်ပြီး တစ်နယ်၊ ချောက်ကမ်းပါးများအ လယ် ၀ဲဂယက်များအကြား၊ ဧရာ ၀တီမြစ်ကိုဖြတ် မူးကိုဖြတ် ချင်း တွင်းကိုဖြတ်၊ တောင်တန်းက ပြာ ကန်သာကစိမ်းအစရှိတဲ့ ခရီးသွား ဆောင်းပါးတွေ ပါဝင်ပါတယ်။

မဲဇာမှ နမ့်ထုံခသို့ခရီးသွား ဆောင်းပါးမှာ ၁၉၆၇ စက်တင် ဘာမှ ၁၉၆၈ မတ်လအထိ မိုးဝေ မဂ္ဂဇင်း(ထိုစဉ်က စုံထောက်မဂ္ဂ ဇင်း)မှာ ဖော်ပြခဲ့တဲ့အကြောင်း အမှာမှာရေးထားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က မြန်မာနိုင်ငံမြောက်ပိုင်း ကို သွားရောက်ခဲ့တဲ့ခရီးမှာ ‘ကား မှာ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်တပ်များသုံးသော ဂျီ အင်မ်စီထရပ်ကားကြီးဖြစ်သည်။ ယင်းကားမျိုးသည် ကြမ်းတမ်း မတ်စောက်သော တောင်ပေါ် လမ်းများအတွက် အထူးပြုလုပ် ထားသောကားမျိုးဖြစ်သည်။ အ ရေးရှိလျှင် အသုံးပြုရန်ရှေ့တွင် ၀င်ဆွဲစက်ပါသည်။ ဤခရီးလမ်း မျိုးတွင် ဤကားမျိုးသာသွားနိုင် ပေသည်။ ရန်ကုန်မှ ဘတ်စကား များဆိုလျှင်ပင် တစ်စစီ တစ်ပိုင်း စီလိုက်ကောက်ယူရပေမည်။ လမ်းသည် ဤမျှအထိကြမ်းတမ်း လှပေသည်’ လို့ ရေးထားပါတယ်။

နယ်မြေအခြေအနေနဲ့ ပတ် သက်ပြီး ‘ကျွန်တော်တို့သည် ယခု အခါ ကချင်ပြည်နယ်အခေါင်အ ဖျားသို့ရောက်နေပြီဖြစ်၍ အပြော အဆို၊ အနေအထိုင်ကျစ်လျစ်ရ မည်။ သတိကြီးစွာရှိရမည်ဟု သ ဘောပိုက်မိသည်။ သို့သော် စိုး ရိမ်ကြောက်လန့်ခြင်းကား စိုးစဉ်း မျှမဖြစ်မိပါချေ။ အကြောင်းမူ ကချင်တိုင်းရင်းသားတို့၏ ဖြူစင် သောစိတ်ထား၊ ပြတ်သားပွင့် လင်းသော ဆက်ဆံရေးတို့ကို ကောင်းစွာ နားလည်ယုံကြည် သောကြောင့်ဖြစ်ပါသည်’ လို့ ခံစားရေးဖွဲ့ထားပါတယ်။

မဲဇာမှ နမ့်ထုံခသို့၊ ချောက် ကမ်းပါးများအလယ် ၀ဲဂယက် များအကြားနဲ့ တောင်တန်းကပြာ ကန်သာက စိမ်း ခရီးသွားဆောင်း ပါးတွေဟာဆရာနတ်နွယ်ရဲ့ မပြီး ပြတ်သေးတဲ့ မြန်မာပြည်မြောက် ပိုင်း ၀တ္ထုရှည်ကြီးအပိုင်း(၃)ရေး သားဖို့ သွားရောက်ခဲ့တဲ့ခရီးတွေ ကို မှတ်တမ်းတင်ထားတာဖြစ်ပါ တယ်။

တစ်နှစ်ပြီးတစ်နှစ်၊ တစ် နယ်ပြီးတစ်နယ်နဲ့ ဧရာဝတီကို ဖြတ်၊ မူးကိုဖြတ်၊ ချင်းတွင်းကို ဖြတ်ခရီးသွားဆောင်းပါးနှစ်ပုဒ် ဟာ ၁၉၆၈ နဲ့ ၁၉၇၀ ပြည့်နှစ် ကာလအတွင်း သွားရောက်ခဲ့တဲ့ စာပေဟောပြောပွဲခရီးနောက်ခံ အကြောင်းအရာတွေ ဖြစ်ပါ တယ်။

မချမ်းဘောဝန်းကျင် ဆောင်းပါးတစ်နေရာမှာ ‘ကားသည် နောင်ခိုင်ရွာထဲတွင် တစ်လွန့်နှစ်လွန့် တွန့်လိမ်ပြီးနောက် မလိခ မြစ်ကမ်းနဖူးဘက်သို့ ရောက်သွားသည်။ ထိုအခါ အောက်ဘက်တွင်ရှိသော မလိခ မြစ်ကူးတံတားကို ဘွားခနဲ တွေ့မြင်ရသည်။ သည်းလှိုက်ရင်ဖိုခြင်းနှင့် ကြည်နူးခြင်းကို တစ်ပြိုင်တည်းခံစားရသည်။ ဆင်းရမည့် ကမ်းပါးချောက်ကြီးသည် နက်ရှိုင်းမတ်စောက်လှသည်။ လမ်းရိုးအတိုင်း တစ်ဟုန်ထိုးဆင်းသွားရမည်ဖြစ်ပြီး ရေစပ်အနီးသို့ ရောက်သောအခါတွင်မှ တံတားဘက်သို့ ထောင့်ချိုးပြီးကွေ့ရမည် ဖြစ်သည်။ အချိန်မီမကွေ့နိုင်လျှင် သော်လည်းကောင်း၊ တံတားပေါ်သို့ တန်းတန်းမိမိမရောက်လျှင် သော်လည်းကောင်း ရေထဲသို့ ၀ုန်းခနဲထိုးကျသွားဖွယ်ရာသာ ရှိသည်။

တံတားကိုလည်း ကြည့်ပါဦး။ အကာမရှိ၊ အရံမရှိ။ အနံက ကျဉ်းကျဉ်း။ ကားတစ်စီးသွားသာရုံ။ အရှည်က တမေ့တမြောကြီး။ ပြီးတော့ တံတားကိုယ်ထည်ကလည်း သံတိုင်ကျောက်သားများမဟုတ်။ သစ်သားတိုင်နှင့် ၀ါးလုံး ၀ါးကပ်သာ။ တစ်ဖက်ကမ်းအတက်ကျတော့ရော မတ်ထောင်သည့်နံရံကြီးကို အရှိန်မရှိဘဲ တက်ရမည်။  လမ်းခုလတ်တွင် ပြန်လျှောကျလာနိုင်သည့် အသွင်မျိုး။ ကားသမားသည် ကမ်းနဖူးထက်တွင် ကားကို ခေတ္တမျှရပ်တန့်ပြီး ဘီးလေးဘီးစလုံးမောင်းနှင်နိုင်ရန် ပြုလုပ်ပြင်ဆင်လျက်ရှိသည်’ လို့ ရေးထားပါတယ်။

ယခုစာအုပ်ကို စိတ်ကူးချို ချိုစာပေက တန်ဖိုး ၂,၅၀၀ ကျပ်နဲ့ဖြန့်ချိပြီး စီးတီးမတ်နဲ့ စာအုပ်ဆိုင်ကြီးတွေမှာ ၀ယ်ယူနိုင်ပါတယ်။         ။