နင်ဇီမေပြန်ဆိုတဲ့သီချင်း အောင်မြင်မှုအပေါ် ရဲလေးရဲ့ပီတိ

‘အသည်းကွဲတယ်ဆို တာ’ သီချင်းကို ၎င်းကိုယ်တိုင် အဆိုတော်နင်ဇီမေကို အကူအညီ တောင်းကာ ပြန်လည်သီဆိုစေ ပြီး ပရိသတ်ကြားတွင် အထိုက်အ လျောက်အောင်မြင်သောကြောင့် ဝမ်းသာရကြောင်း အဆိုတော်ရဲ လေးက ပြောသည်။

‘‘မိန်းကလေးတွေဘက်က ခံစားလို့ရအောင် Girl Version ကို နင်ဇီဆိုပေးပါဆိုပြီး သူ့ကို အကူ အညီတောင်းခဲ့ပါတယ်။ ကျွန် တော်ကိုယ်တိုင် Produce ပြန်လုပ် တယ်။ ကိုယ်ကိုယ်တိုင် Arrange-ment လုပ်ပြီး ပြန်ဆိုခိုင်းတာပါ။ ကိုယ့်သီချင်းလေးကို အောင်မြင် စေချင်တာပေါ့။ အားလုံးကြိုးစား ခဲ့တဲ့အတွက် ပရိသတ်ကြားမှာ အထိုက်အလျောက် အောင်မြင် သွားခဲ့ပါတယ်။ သူ့အတွက်လည်း အရမ်းဂုဏ်ယူပါတယ်။ ကျွန်တော်လည်း ပျော်ပါတယ်’’ဟု ၎င်းက ပြောသည်။ ၎င်း၏ သီချင်းများကို သီချင်းပြိုင်ပွဲများတွင် သီဆိုသလို ကာဗာ   ပြန်ဆိုသည့်အခါများတွင် လွတ်လပ်စွာဆိုနိုင်ကြောင်း ၎င်းက ခွင့်ပြုပြောကြားသည်။

‘‘ကျွန်တော့်သီချင်းတွေကို လွတ်လပ်စွာ ဆိုခွင့်ရှိတယ်။ ယောက်ျားလေး၊ မိန်းကလေးတွေ အကုန်လုံးကိုပေးဆိုတယ်။ တစ် နိုင်ငံလုံးမှာ ကျွန်တော့်ကိုချစ်တဲ့၊ မြတ်နိုးတဲ့ ဘယ်သူမဆို ဆိုခွင့်ရှိ တယ်။ တစ်ခုရှိတာက လေးစားမှု လေးတော့ ထားပေါ့ဗျာ။ ဘယ်မှာ ပဲ သုံးချင်သုံးချင် ခွင့်တောင်းပေး ပေါ့နော်။ ကာဗာပြန်ဆိုတာက တော့ ခွင့်တောင်းစရာမလိုပါဘူး။ ကျွန်တော့်ထက်ပိုကောင်းအောင် ဆိုကြမယ်ဆိုတာကို ယုံကြည် တယ်’’ဟု ၎င်းက ပြောသည်။

ဂီတလှုပ်ရှားမှုအနေဖြင့် ဇူလိုင် ၂ ရက်က Don't Worry ဟု   အမည်ရှိသည့်   ပျော်စရာ ကောင်းသည့်    သီချင်းအသစ် တစ်ပုဒ်ကို အွန်းလိုင်းပေါ် တင် ပေးထားသည်။

‘‘အဲဒီသီချင်းလေးရဲ့သ ဘောတရားက စိတ်ကောက်နေ တဲ့ ချစ်သူတွေ ပြန်အဆင်ပြေဖို့ အတွက် ရည်ညွှန်းထားတဲ့ သီချင်း လေးပါ။ သီချင်းလေးက အရမ်းကောင်းပါတယ်။ အပျော်ပေါ့’’ဟု ရဲလေးက ပြောသည်။

လက်ရှိဖန်တီးနေသည့် သီ ချင်းခွေအသစ်တွင် မြင်တွေ့နေ ကျပုံစံများနှင့်   အနည်းငယ်ခွဲ ထွက်ထားသောပုံစံများ   ပါဝင် မည်ဟုဆိုသည်။