တရုတ်ယဉ်ကျေးမှုစင်တာ စတင်ဖွင့်လှစ်

တရုတ်ယဉ်ကျေးမှုစင်တာဖွင့်ပွဲတွင် ၀န်ကြီးသူရဦးအောင်ကို၊ ဦးဖြိုးမင်းသိန်းနှင့် တရုတ်တာဝန်ရှိသူများ လက်ခုပ်သြဘာပေးနေစဉ် (ဓာတ်ပုံ - Yangon Region Government FB)

တရုတ်ယဉ်ကျေးမှုစင် တာဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၇ ရက်ညနေက အလုံမြို့နယ် မင်းရဲကျော်စွာလမ်းတွင် ပြုလုပ် ခဲ့ပြီး သာသနာရေးနှင့်ယဉ်ကျေးမှု ၀န်ကြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် တို့ တက်ရောက်ဖွင့်လှစ်ပေး သည်။


အဆိုပါစင်တာကို တရုတ်- မြန်မာချစ်ကြည်ရင်းနှီးပြီး ယဉ် ကျေးမှုချင်းဖလှယ်ရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း စင်တာ တာဝန်ရှိသူများက ပြောကြား သည်။

စင်တာတွင် တရုတ်ယဉ် ကျေးမှုအနုပညာလက်ရာများ ခင်းကျင်းပြသထားပြီး သင်တန်း ခန်းများနှင့် စာကြည့်တိုက်ပါဝင် ကာ အဆိုအကဖျော်ဖြေပွဲများ၊ ပြပွဲများ၊ ရုပ်ရှင်ပြပွဲများ၊ ယဉ် ကျေးမှုလှုပ်ရှားမှုများ ကျင်းပနိုင် မည်ဖြစ်သည်။

အဆိုပါပွဲသို့ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီအဖွဲ့ဝင် အတွင်း ရေးမှူးချုပ်ရုံး အတွင်းရေးမှူးနှင့် ဗဟိုကော်မတီပြန်ကြားရေးဌာန ၀န်ကြီး H.E.Mr.Huang၊ သာသ နာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ ရန်ကုန်တိုင်းဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးတို့ တက်ရောက်ခဲ့သည်။