ကယားပြည်နယ်တွင် ဗိုလ်ချုပ်ရုပ်တုစိုက်ထူရေး ယာယီရပ်ဆိုင်း

အများစုထောက်ခံမှ ဆက်လုပ်မည်ဟု ဝန်ကြီးချုပ်ပြော၊ တိုင်းရင်းသား ခေါင်းဆောင်များ၏ ရုပ်တုထားရှိလိုက ကူညီမည်ဟုဆို
(ဓာတ်ပုံ − စိုင်းဇော်)

ကယားပြည်နယ်အတွင်း ပထမဆုံးသောဗိုလ်ချုပ်ရုပ်တုစိုက်ထူရန်စီစဉ်မှုအပေါ် အများစု၏ ထောက် ခံမှုအတိအကျရရှိမှသာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိဆောင်ရွက်နေမှုများကို ယာယီဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။

ဗိုလ်ချုပ်ရုပ်တုစိုက်ထူမှုကို ကန့်ကွက်ကြောင်း လက် ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဆန္ဒထုတ်ဖော်ခြင်းများပြုလုပ် ခဲ့သည့် လူငယ်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများ၊ လက်နက် ကိုင်အဖွဲ့အစည်းများအပါအဝင် တစ်ပြည်နယ်လုံးရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ဇူလိုင် ၇ ရက်က ကယား ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဗိုလ်ချုပ်ရုပ်တုထားရှိရန်စီစဉ်သည့် ကိစ္စနှင့်ပတ် သက်၍ ဝါဒဖြန့်စာရွက်များ ဖြန့်ဝေသည့် ခေါင်းဆောင် ၁၁ ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)(ဂ)နှင့် တရားစွဲပြီးနောက် ပိုင်းပြည်နယ်အစိုးရက ပထမဆုံးအကြိမ် ခေါ်ယူတွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ဗိုလ်ချုပ် အောင်ဆန်းရုပ်တုကို လွိုင်ကော် မြို့၌ ထားရှိရန် လူအများစု လက်ခံပါက လူနည်းစုက ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးအယ်လ်ဖောင်းရှိုက ပြောသည်။ ထို့အပြင် ဗိုလ်ချုပ်အောင် ဆန်းရုပ်တုကို လွိုင်ကော်မြို့၌ ထားရှိရန် အများပြည်သူနှင့် စတင် တိုင်ပင်ရာတွင် အောက်ခြေရပ်ကျေးအဆင့်အထိ တိုင်ပင်ခြင်းမ ရှိခဲ့၍ ဝန်ကြီးချုပ်က တောင်းပန်သည်။

ဆက်လက်၍ ဝန်ကြီးချုပ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၀ ကျော်ကို ဗိုလ်ချုပ်ရုပ်တုထားရှိ ရေးနှင့် ပတ်သက်၍ သဘောထား မှတ်ချက်တောင်းခံရာ အများစုက ထောက်ခံခဲ့သည်။

‘‘ကျွန်တော့်တို့ အုပ်စုမှာ တော့ ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင် နှုန်းထောက်ခံတယ်၊ မခံဘူး၊ လာ ရောက်တင်ပြပေး။ အဲဒီအချိန်ကျ ရင် အများဆန္ဒကို ကြည့်ပါမယ်။ ဒီလိုပြတ်ပြတ်သားသားလုပ်ရပါ့ မယ်။ လက်ခံသူကလည်း တကယ်လိုလားတဲ့သူပဲ ဖြစ်ရမယ်’’ ဟု ဦးအယ်လ်ဖောင်းရှိုက ဆိုသည်။

ကန့်ကွက်သူကိုယ်စားလှယ် အများစုက နှစ်ဖက်ညှိနှိုင်းမှုပြေ လည်ချိန်အထိ ဗိုလ်ချုပ်ရုပ်တု ထားရှိရေး ရွှေ့ဆိုင်းထားရန် ပြည်နယ်အစိုးရကို အကြံပြုသည်။

တွေ့ဆုံပွဲတွင် တရားစွဲဆို ထားမှုကို ဝန်ကြီးချုပ်အနေဖြင့် ပယ်ဖျက်ပေးရန် ကန့်ကွက်သူအ သင်းအဖွဲ့များနှင့် တိုင်းရင်းသား ကိုယ်စားလှယ်ခေါင်းဆောင်များ က တောင်းဆိုသော်လည်း ဝန် ကြီးချုပ်က ဥပဒေအတိုင်းသာ ဆက်လက်ဆောင်ရွက်မည်ဟု တုံ့ပြန်သည်။ လွိုင်ကော်မြို့ ကန္ဒာ ဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ် အောင်ဆန်းရုပ်တုထားရှိရန် ပြည် နယ်အစိုးရစီစဉ်မှုကို ဒေသတွင်းရှိ အသင်းအဖွဲ့များနှင့် တိုင်းရင်းသားကိုယ်စားလှယ်ခေါင်းဆောင် များက ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ရာ ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ ကန့်ကွက်ရသည့် အကြောင်းရင်းသည် သမိုင်း ကြောင်းနောက်ခံများကြောင့် ဖြစ်သည်ဟု ကယန်းအမျိုးသားပါတီ ကိုယ်စားပြု တက်ရောက်ဆွေး နွေးသည့် ခွန်ဘီထူးက ပြောသည်။လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ရုပ်တုထားရှိမည်၊ မထားရှိမည်နှင့် ပတ်သက်၍ ဇူလိုင် ၂၀ ရက်၌ အပြန်အလှန်ဆွေးနွေးမည်ဖြစ်ပြီး ဇူလိုင် ၃၀ ရက်တွင် ဆုံးဖြတ်မည် ဟု ဝန်ကြီးချုပ်က ပြောသည်။

‘‘ဦးဆောင်သူတွေက လက် အောက်ငယ်သားတွေကို ကိုယ် စားပြုဖို့လိုပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ လိုပါတယ်။ ကိုယ် စားမပြုရင် လက်ခံဆွေးနွေးလို့ မဖြစ်ပါဘူး’’ဟု ဝန်ကြီးချုပ်က ပြောသည်။

ဇူလိုင် ၃၀ ရက်တွင် ရပ်ကျေး အုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူလူထုဆန္ဒကို တိတိကျ ကျကောက်၍ ယူဆောင်လာရန် ဝန်ကြီးချုပ်က ညွှန်ကြားခဲ့သည်။ ပြည်နယ်အတွင်း ဗိုလ်ချုပ်ရုပ်တု ထားရှိခြင်းသည် လွတ်လပ်ရေး ဖခင်ပုံရိပ်ကို မှတ်တမ်းတင် ခြင်းသာဖြစ်ပြီး မည်သည့်ရည် ရွယ်ချက်မျှမရှိကြောင်းနှင့် ဗိုလ် ချုပ်ရုပ်တုအပြင် ဒေသခံများက တိုင်းရင်းသားခေါင်းဆောင်များ ရုပ်တု ထားရှိလိုပါက ကူညီပံ့ပိုးရန် အဆင်သင့်ရှိကြောင်း ဝန်ကြီးချုပ် က ဆိုသည်။

More in News Section