ရုပ်ရှင် အကြိုခံစားခြင်း

LOBSTER COP

ပရိသတ်တွေအတွက် ဒီနေ့တော့ တရုတ်ဟာသအက်ရှင်ဇာတ်ကား လေး ဖော်ပြလိုက်ပါတယ်။


စကားအရမ်းများတဲ့ ခေါင်း ဆောင် Du Yu Fei ဦးဆောင်တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ် ဖွဲ့မှာ ကပျစ်ကညစ်နေတတ်တဲ့ Hua Jie၊ ပင်စင်ယူခါနီး Neng Shu နဲ့ ရဲဝန်ထမ်းအသစ်လေး Cheng Li တို့ ပါဝင်ပါတယ်။

သူတို့အဖွဲ့ဟာ မူးယစ်ဆေး ဝါးရောင်းတဲ့ဂိုဏ်းက Song Hui နဲ့ Dong Zi တို့ကို အနီးကပ်စောင့် ကြည့်ဖို့ သတင်းရထားတဲ့နေရာ ရဲ့ဘေးမှာ စားသောက်ဆိုင်ဖွင့် ထားပြီး ဣနြေ္ဒမပျက်စောင့်ကြည့် ဖို့ စီစဉ်ခဲ့ပါတယ်။

အဲဒါနဲ့ ပုစွန်တုပ်ဟင်းလျာ ရောင်းတဲ့ စားသောက်ဆိုင်ဖွင့်ခဲ့ ပြီး Neng က အထူးစပယ်ရှယ် ပုစွန်တုပ်ဟင်းကို လက်စွမ်းပြခဲ့ ပါတယ်။ Hua Jie, Neng Shu နဲ့ Cheng Li တို့က စားသောက်ဆိုင် က ဝန်ထမ်းတွေလိုနေပြီး ခေါင်း ဆောင် Du ကတော့ မထင်မှတ် တဲ့နေရာကနေ မူးယစ်ဂိုဏ်းအဖွဲ့ ဝင်တွေကို တိတ်တဆိတ်စောင့် ကြည့်ခဲ့ပါတယ်။

သူတို့အဖွဲ့တွေဟာ ဘာ လုပ်လုပ် အလွဲတွေဖြစ်ပေမယ့် ပုစွန်တုပ်ဟင်းလျာ စားသောက် ဆိုင်လုပ်ငန်းကတော့ မထင်မှတ် ဘဲ အောင်မြင်ခဲ့ပြီး စီးပွားရေး လည်းကောင်းခဲ့ပါတယ်။ ပုစွန် တုပ်ဟင်းအရသာကို လူဆိုးဂိုဏ်း က လူတွေလာစားပြီး သဘောကျ ကာ မကြာခဏ ရောက်လာကြ ပေမယ့် သူတို့အဖွဲ့ကိုတော့ ရဲတွေလို့ လုံးဝသံသယမရှိခဲ့ပါဘူး။

Du တို့အဖွဲ့ဟာ ပုစွန်တုပ် ဟင်းဆိုင်ကို စီမံခန့်ခွဲရင်း၊ တစ် ဖက်ကလည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ပတ် သက်တဲ့ သဲလွန်စတွေကိုရှာရင်း ထုံး စံအတိုင်း အလွဲတွေကြုံရတာ လည်း ရယ်စရာရှုစားရမှာပါ။ 

မူးယစ်ဆေးဝါးဂိုဏ်းကို ဖော်ထုတ်ဖို့ ရဲအဖြစ်ကနေ ပုစွန် တုပ်ဟင်းရောင်းခဲ့ကြတဲ့ Du တို့ အဖွဲ့တွေ ရည်မှန်းထားတဲ့ စစ် ဆင်ရေးကို အောင်မြင်အောင် လုပ်နိုင်ပါ့မလား။ ပုစွန်တုပ်ဆိုင် စီးပွားရေးကောင်းနေတဲ့ စား သောက်ဆိုင်လုပ်ငန်းကို ဆက် လုပ်ကြမှာလား။ အလွဲတွေနဲ့ သူ တို့အဖွဲ့ မူးယစ်စစ်ဆင်ရေးမှာ ကော ဘယ်လိုတွေဖြစ်ဦးမယ်ဆို တာ ဆက်ကြည့်ရအောင်လို့ ဖော် ပြလိုက်ပါတယ်။

ပါဝင်တဲ့ သရုပ်ဆောင်တွေ က Qianyuan Wang, ShanshanYuan, Hua Liu, You Chou, Yunpeng Zhou တို့ ဖြစ်ပါတယ်။