၂၁ ရာစုပင်လုံသို့ ကေအိုင်အိုက မြောက်ပိုင်းအဖွဲ့အနေဖြင့် တက်ရောက်မည်ဟု အဖွဲ့ပြောရေးဆိုခွင့်ရှိသူပြောကြား

 ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံတ တိယအစည်းအဝေးသို့ ကချင် လက်နက်ကိုင်အဖွဲ့ (KIO/KIA) က မြောက်ပိုင်းအဖွဲ့အနေဖြင့်သာ တက်ရောက်ရန် စီစဉ်နေကြောင်း  KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။


‘‘ကျွန်တော် ကြားသ လောက်တော့ KIO အဖွဲ့အစည်း အနေနဲ့ အဲဒီပင်လုံညီလာခံတက် ဖို့ အစီအစဉ်မရှိလောက်ဘူးထင် တယ်။ ဒါပေမဲ့ မြောက်ပိုင်းမဟာ မိတ်အဖွဲ့ပေါ့။ FPNCC အဖွဲ့အ နေနဲ့တော့တက်ဖို့ အစီအစဉ်ရှိ တယ်ဆိုတာ ကျွန်တော်ကြားပါ တယ်’’ ဟု ဗိုလ်မှူးကြီးနော်ဘူက ဇူလိုင် ၇ ရက်တွင် ပြောကြား သည်။

မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့၏ ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်အနေဖြင့် တက်ရောက်ရာတွင် FPNCC ၌ တာဝန်ယူထားသည့် KIA ဗိုလ်မှူး ကြီး ဆင်ဝါးပါဝင်နိုင်ဖွယ်ရှိသည် ဟု ၎င်းကပြောသည်။

ညီလာခံတက်ရောက်မည့် အဖွဲ့တွင် KIO ဥက္ကဋ္ဌဗိုလ်ချုပ် ကြီးအင်ဘန်လပါဝင်ခြင်းရှိ၊ မရှိ မသိရသေးကြောင်း ၎င်းကဆို သည်။ ဗိုလ်ချုပ်ကြီးအင်ဘန်လ သည် ကချင်အဖွဲ့(KIO/KIA)၊ ‘၀’အဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ရှမ်းအဖွဲ့ (SSPP)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)နှင့်ရခိုင်အဖွဲ့ (AA) ခေါင်းဆောင်များဖြင့် ဖွဲ့ စည်းထားသည့် FPNCC ဥက္ကဋ္ဌ (၂)အဖြစ် တာဝန်ယူထားသည်။ FPNCC ဥက္ကဋ္ဌ(၁)သည် UWSA ဥက္ကဋ္ဌဦးပေါက်ယူချန်းဖြစ်သည်။

အစိုးရကိုယ်စားလှယ် ဦး ဇော်ဌေးကမူ KIO/KIA အပါအ ၀င် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မထိုးရသေးသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ရှစ် ဖွဲ့ကို တစ်ဖွဲ့ချင်းအနေဖြင့်ဖိတ် ကြားထားကြောင်း ပြောဆိုထား သည်။

NCA မရေးထိုးရသေးသည့် TNLA သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ခံ မိုင်းအိုက်ကျော်က ၎င်းတို့အဖွဲ့အနေဖြင့် ၂၁ ရာစု ပင်လုံသို့ တက်ရောက်မည်ဖြစ်ပြီး ကိုယ်စားလှယ် မရွေးရသေး ကြောင်းပြောသည်။

‘‘တစ်ဖွဲ့ချင်းပဲ ဖိတ်တော့ တစ်ဖွဲ့ချင်းပဲ သွားမှာပေါ့’’ ဟု မိုင်းအိုက်ကျော်က ဇူလိုင် ၇ ရက် တွင်ပြောသည်။

မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုး ဆောင်အဖွဲ့ (PCG)မှ ဦးဆန် အောင်ကမူ KIA အနေဖြင့်တရား ၀င်ဆွေးနွေးရန် ၂၁ ရာစုပင်လုံသို့ သွားရောက်ခြင်းမဟုတ်၍ မည် သည့်ပုံစံဖြင့်တက်တက် မထူး ခြားဟု ပြောသည်။ PCG သည် အစိုးရနှင့် KIA အကြားငြိမ်းချမ်း ရေးဆွေးနွေးစဉ်က ကြားဝင်ညှိ နှိုင်းပေးသည့်အဖွဲ့အစည်းဖြစ် သည်။

‘‘အခုက အဖြည့်ခံသဘော မျိုးနဲ့လာတဲ့သဘောမျိုး၊ အဲဒီလိုပဲ မြင်တယ်။ တရားဝင်ဆွေးနွေးပွဲ လာတာမဟုတ်ဘဲ သူများဆွေး နွေးတာကို နားထောင်ဖို့လာတာ သက်သက်ဆိုရင်တော့ ဘယ်လိုပဲ လာလာ သိပ်တော့မထူးခြားဘူး လို့မြင်တယ်’’ ဟု ဦးဆန်အောင်က ဆိုသည်။

KIA အပါအ၀င် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ ၂၁ ရာစု ပင်လုံတက်ရောက်ရန် တရုတ်နိုင် ငံက တိုက်တွန်းထားသည်။ တ ရုတ်နိုင်ငံ၏ ညှိနှိုင်းပေးမှုဖြင့် ၂၀၁၇ မေလက ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံဒုတိယအစည်းအ ဝေးသို့ ဗိုလ်ချုပ်ကြီးအင်ဘန်လ အပါအ၀င် FPNCC အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

ထိုစဉ်က မြောက်ပိုင်းလက် နက်ကိုင်အဖွဲ့များသည် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

တပ်မတော်နှင့် KIA သည် ၂၀၁၁ ဇွန်လကစ၍ တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွားခဲ့ရာ ခုနစ် နှစ်ကြာသည်အထိ ပြေလည်မှု မရသေးပေ။ ယခုနှစ်မေလကုန် ကစ၍ ကချင်ဒေသအခြေအနေ မတည်ငြိမ်သော်လည်း လက်ရှိ တွင် ဖားကန့်နယ်မြေ၌ တပ်မ တော်က အင်အားတိုး၍ဖြည့်တင်း နေသည်ဟု သတင်းရရှိကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကြီးနော်ဘူက ပြောသည်။

More in Politics Section