ပေါင်မြို့နယ်တွင် တရားမ၀င် ပိတောက်သစ်ခွဲသား ၆၀ ခန့်ကို ရေလုပ်သားများနှင့်အတူ ဖမ်းမိ

မွန်ပြည်နယ် ပေါင်မြို့နယ် သဲကုန်းကျေးရွာအုပ်စု မရမ်း ချောင်း ချောင်းဝနှင့် ၆ မိုင်ခန့်အ ကွာ ပင်လယ်ပြင်တွင် ဇွဲအားမာန် (ရန်ကုန်) အမည်ပါ သစ်သား ကိုယ်ထည် စက်လှေပေါ်တွင် ရေ လုပ်သားများနှင့်အတူ တရားမ ၀င် ပိတောက်သစ်ခွဲသား တန်  ၆၀ ခန့် ဖမ်းဆီးရမိသည်ဟု ပေါင်မြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီးဦးသန်းဝင်းကပြောသည်။


ဇူလိုင် ၇ ရက်က မောရ၀တီ ရေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူး ခွန်မြတ်ဇော်ဝင်းက တရားမ၀င် ပိတောက်သစ်ခွဲသားများ သယ် ဆောင်လာသည့် စက်လှေတစ်စီး နှင့် စက်လှေပေါ်တွင် လိုက်ပါလာသည့် ရေလုပ်သား ၁၃ ဦး၊ သစ်တန်ချိန် ၆၀ ခန့်ကို လာရောက်အပ်နှံကာ ပေါင်မြို့နယ် သစ်တောဦးစီး ဌာနက တောအုပ်ကြီး ဦးသန်းဝင်းမှ တရားလိုပြု လုပ်ပြီး ပေါင်မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့သည်ဟု ၎င်းကဆိုသည်။

‘‘ရေတပ်စခန်းကနေ မြစ် ကြောင်းကို စစ်ဆေးနေတဲ့အချိန် မှာ စက်လှေတစ်စီးပေါ်မှာ တရား မ၀င်တင်ဆောင်ထားတဲ့ သစ်တွေတွေ့တော့ ဖမ်းလိုက်တယ်။ စက်လှေပေါ်က တရားခံအားလုံးက ၁၃ ဦး၊ ၁၁ ဦးကိုတော့ ပေါင်ရဲ စခန်းမှာ ထိန်းသိမ်းထားတယ်။ ကျန်တဲ့နှစ်ဦးက စက်မောင်းသ မားနဲ့ ပဲ့နင်းကိုတော့ စက်လှေနဲ့ အတူ ရေတပ်ကခေါ်ထားတယ်။ စက်လှေက မိုးလေ၀သအခြေအ နေ မကောင်းသေးလို့ မောင်းလို့ မရသေးဘူး။ ဒါကြောင့် ကမ်းကပ် လို့မရသေးဘူး။ ပေါင်မှာက ဆိပ် ကမ်းမရှိတော့ မော်လမြိုင်ဆိပ် ကမ်းကို ကပ်ရမယ်။ သစ်တွေကို လည်း မတိုင်းတာရသေးတော့ အတိအကျမသိသေးဘူး။ ဆိပ် ကမ်းကပ်မှ စာရင်းအတိအကျ သိမယ်။ အခုတော့ ခန့်မှန်းအနေ နဲ့ အမှုဖွင့်ထားတယ်’’ဟု ဦးသန်း ၀င်းက ပြောသည်။

ရဲစခန်းတွင် အမှုဖွင့်ထား သည့် ကာလတန်ဖိုးနှင့် သစ်တန်ချိန်သည် ခန့်မှန်းအရေအတွက် သာဖြစ်ပြီး စစ်ဆေးမှုမပြီးသေး သဖြင့် သစ်ပိုင်ရှင်ကို မသိသေး ကြောင်း လက်ရှိတွင် ရေလုပ်သား ၁၁ ဦးကိုသာ အမှုဖွင့်ထားသည် ဟု ၎င်းကဆိုသည်။

တရားမ၀င် ပိတောက်သစ် ခွဲသားများ သယ်ဆောင်လာသည့် ဇွဲအားမာန်စက်လှေပေါ်တွင် လိုက်ပါလာသည့် ရေလုပ်သား စောဝင်းကြိုင်ပါ ၁၁ ဦးကို ပေါင်မြို့မရဲစခန်း၌ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပ ဒေပုဒ်မ ၆(၁)အရ အမှုဖွင့်ခဲ့သည် ဟု ရဲမှတ်တမ်းတွင် ရေးသားထား သည်။