ဂျပန်နိုင်ငံတွင် ရေကြီးမြေပြိုမှုများကြောင့် သေဆုံးသူ ၈၁ ဦးအထိ မြင့်တက်

ဂျပန်နိုင်ငံအနောက်ပိုင်း ဟီရိုရှီးမားမြို့တွင် မိုးသည်းထန်စွာရွာပြီးနောက် မြေပြိုမှုတစ်ခုကြောင့် ပျက်စီးသွားသော နေအိမ်များအနီး၌ ကယ်ဆယ်ရေးလုပ်သားများကို တွေ့ရစဉ် (Mandatory credit Kyodo/reuters)

ဂျပန်နိုင်ငံ အနောက် ဘက်တွင် စံချိန်တင် မိုးသည်း ထန်စွာရွာသွန်းပြီးနောက် ရေကြီး မြေပြိုမှုများကြောင့် သေဆုံးသူ ၈၁ ဦးထက်မနည်းရှိလာပြီး ဒါဇင် နှင့်ချီသောလူများ ပျောက်ဆုံးနေ သည်။

ကြာသပတေးနေ့ကတည်း က မိုးသည်းထန်စွာ ရွာသွန်းမှု အဆိုးရွားဆုံးခံစားခဲ့ရသည့် ဟီရိုရှီးမားစီရင်စုတွင် သေဆုံးမှု အ များဆုံးဖြစ်ပွားခဲ့ပြီး ရာချီသော လူနေအိမ် အဆောက်အအုံများ ပျက်စီးခဲ့သည်။

လက်ရှိတွင် ဒေသခံ ၁ ဒသမ ၅ သန်းကို နေအိမ်မှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ် ပြန်ခဲ့ပြီး လူသုံးသန်းခန့်ကိုလည်း ရွှေ့ပြောင်းရန် တိုက်တွန်းထား သည်။


ရေဖုံးလွှမ်းမှုကြောင့် နေ အိမ်များ၊ ကားလမ်းများ ပျက်စီး ပြီး ကယ်ဆယ်ရေးဝန်ထမ်းများ သည် လှေများဖြင့် လိုက်လံကယ် ဆယ်နေကာ အဆိုပါ ရာသီဥတု ကပ်ဘေးမှာ ဂျပန်နိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးဖြစ်နိုင်ကြောင်း အာဏာပိုင် များကပြောသည်။

အာဏာပိုင်များသည် ဒေသ ခံများကို ဘေးလွတ်ရာသို့ ရွှေ့ ပြောင်းပေးရန်နှင့် ကယ်ဆယ်ရန် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် နေကြောင်း ဝန်ကြီးချုပ်က ပြော သည်။

ရေကြီးမြေပြိုမှု ဖြစ်ပွားရာ နေရာများ၌ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းတွင် ထောင်ချီသော ရဲတပ်ဖွဲ့ဝင်၊ မီးသတ်သမားနှင့် စစ်သားများ ပါဝင်ဆောင်ရွက်နေ သည်။

မြို့တော်တိုကျိုမှ အနောက် ဘက် မိုင် ၃၇၀ အကွာရှိ မိုတိုယာ မာမြို့တွင် သောကြာ နံနက်မှ စနေနံနက်အထိ မိုးရေချိန် ၂၃ လက်မအထိ ရွာသွန်းခဲ့ကြောင်း ဂျပန်မိုးလေဝသဌာနက ထုတ်ပြန် ပြီး လာမည့်ရက်အနည်းငယ်အ တွင်း မိုးပိုမိုရွာသွန်းနိုင်သည်ဟု ခန့်မှန်းရရှိကြောင်း ပြောသည်။

မိုးရွာသွန်းမှုဒဏ် အများဆုံး ခံစားရသော ဟီရိုရှီးမားစီရင်စုအ ရှေ့ဘက် ကီလိုမီတာ ၃၀၀ ခန့်အ ကွာရှိ မြို့တော်တိုကျိုတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိ ပြီး မုန်တိုင်းရာသီစတင်ပြီဖြစ်၍ မြစ်ချောင်းအနီး ဒေသခံများအ တွက် စိုးရိမ်စရာကောင်းကြောင်း ဒေသခံတစ်ဦးက ပြောသည်ဟု Japan Times ဝက်ဘ်ဆိုက်က ဖော်ပြသည်။        

—Ref: BBC/Kyodo News