မကာအို-မြန်မာ ချစ်ကြည်ရေးအသင်းက ဆေးရုံကြီး ခြောက်ခုသို့ သွေးစစ်ပြွန်နှင့် သွေးဖောက်အပ်များ ထောက်ပံ့

 ရန်ကုန်မြို့ရှိ ပြည်သူ့ ဆေးရုံကြီး  ခြောက်ခုအတွက် ကျပ်သိန်း ၂၄၀ တန်ဖိုးရှိ သွေးစစ်ပြွန်နှင့် သွေးဖောက်အပ်များကို မကာအို-မြန်မာချစ်ကြည်ရေးအသင်းက ဇူလိုင် ၇ ရက်တွင် ထောက်ပံ့လှူဒါန်းသည်။

ယင်းအသင်းမှ လှူဒါန်း သော သွေးစစ်ပြွန်တစ်သိန်းနှင့် သွေးဖောက်အပ် သုံးသောင်းခန့် ကို လူနာအများဆုံးတက်ရောက် သော ပြည်သူ့ဆေးရုံကြီး ခြောက် ခုအတွက် ခွဲတမ်းကျခွဲဝေပေးမည် ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေး ရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေး က ပြောသည်။


‘‘အခုလို Test Tube တွေ လှူဒါန်းတာဟာ လူနာတွေအ တွက် များစွာအကျိုးရှိပါတယ်။ ဒီ Test Tube တွေဟာ သွေးစစ် ဆေးရာမှာ မှန်ကန်တိကျတဲ့အ ဖြေ ထွက်သလို ရောဂါရှာဖွေရမှာလည်း ပိုမိုထိရောက်တဲ့အတွက် သမားတော်တွေအတွက် ရောဂါ ကုသရာမှာ ပိုအကျိုးရှိပါတယ်’’ ဟု ၎င်းကရှင်းပြသည်။

ယင်းထောက်ပံ့သည့်ပစ္စည်း များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ မြောက်ဥက္ကလာပ ဆေးရုံကြီး၊ ရန်ကုန်ကလေး ဆေးရုံကြီး၊ သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးနှင့် အင်းစိန်ဆေးရုံကြီးတို့အတွက် ခွဲ ဝေသုံးစွဲမည်ဖြစ်သည်။

ထိုကဲ့သို့ တစ်ခါသုံး သွေးစစ်ပြွန်နှင့် သွေးဖောက်အပ်များ အသုံးပြုခြင်းဖြင့် လူနာများ ရောဂါကူးစက်နှုန်း လျော့နည်းခြင်းနှင့် သွေးအဖြေထွက်ရှိမှု မှန်ကန်ကောင်းမွန်လာခြင်းစသည့် အကျိုးကျေးဇူးများ ဖြစ်ပေါ်စေသည်။

ယင်းချစ်ကြည်ရေးအသင်းသည် ပထမအကြိမ်အနေဖြင့် သွေးစစ်ပြွန်တစ်သိန်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊  ဗဟိုအမျိုးသမီးဆေးရုံကြီးနှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ထောက်ပံ့ခဲ့ပြီး ယခုလှူဒါန်းမှုသည် ဒုတိယအ ကြိမ်ဖြစ်သည်။