အလုပ်သင်မြန်မာအလုပ်သမားများခေါ်ယူရေး ဂျပန်တာဝန်ရှိသူများ လာရောက်ဆွေးနွေး

သက်ကြီးရွယ်အိုစောင့် ရှောက်ရေးအပါအ၀င် အလုပ် သင်အလုပ်သမားများကို အမြန် ဆုံးခေါ်ယူနိုင်ရေး ဂျပန်နိုင်ငံက လာရောက် တွေ့ဆုံညှိနှိုင်းခဲ့ ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက သတင်းထုတ်ပြန် သည်။

အဆိုပါ အလုပ်သမားများ ကို ခေါ်ယူရန် ဇူလိုင် ၆ ရက်တွင် နေပြည်တော်၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဦးသိန်းဆွေနှင့် မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး တို့ တွေ့ဆုံဆွေးနွေးသည်။

‘‘ဂျပန်နိုင်ငံဘက်ကလည်း မြန်မာအလုပ်သမားတွေခေါ်ယူ နိုင်ဖို့အတွက်ကို တော်တော်လေး စိတ်အားထက်သန်နေတယ်။ စေ လွှတ်နိုင်ဖို့တော့ နီးစပ်နေပါပြီ’’ ဟု အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနှင့် ဂျပန်နိုင်ငံအစိုးရ သည် ဧပြီ ၁၉ ရက်ကနည်း ပညာအလုပ်သင်သင်တန်းသား စေလွှတ်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoC) လက်မှတ် ရေးထိုးနိုင်ခဲ့ပြီးနောက် အလုပ် သမားအသစ် တိုးမြှင့်ခေါ်ယူနိုင် ရေး ဂျပန်နိုင်ငံဘက်ကပိုမိုကြိုး စားလာခြင်းဖြစ်သည်။

ဂျပန်နိုင်ငံတွင် အလုပ်သ မားလိုအပ်ချက် မြင့်မားနေသည့် သက်ကြီးရွယ်အို စောင့်ရှောက် ရေးဂေဟာများအတွက် မြန်မာ အလုပ်သမားများ ခေါ်ယူရန် ကမ်းလှမ်းမှုများ မြင့်တက်နေ သည်ဟု ပြည်ပအလုပ်အကိုင်ရှာ ဖွေရေးအေဂျင်စီလုပ်ငန်းရှင်အ ချို့က ဆိုသည်။

ယင်းအလုပ်သမားများကို တရားဝင်စေလွှတ်ခွင့်ရရှိနိုင်ရန် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီလုပ်ငန်းရှင်များက မေ လအတွင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် တွေ့ဆုံစဉ်က လည်း တင်ပြတောင်းဆိုခဲ့သည်။

‘‘စေလွှတ်ခွင့်ပေးလာရင် အ ဆင်သင့်ဖြစ်အောင်လို့ အေဂျင်စီ တွေဘက်က ပြင်ဆင်ထားပါ တယ်။ တစ်ဖက်ကအလုပ်သမား ခေါ်မယ့်အေဂျင်စီတွေနဲ့ သက် ကြီးရွယ်အိုဂေဟာတွေကလည်း ခေါ်ဖို့အဆင်သင့်ပဲ။ စေလွှတ်ခွင့် ရလာခဲ့ရင်တော့ ဂျပန်နိုင်ငံမှာ သွားရောက်လုပ်ကိုင်နိုင်မယ့်နှုန်း ပိုများနိုင်တယ်’’ ဟု ဂျပန်နိုင်ငံသို့ အလုပ်သမား ပို့ဆောင်ပေးနေ သည့် ငွေကြိုးကြာပြည်ပအလုပ် အကိုင်ရှာဖွေရေးကုမ္ပဏီ မန်နေ ဂျင်းဒါရိုက်တာဦးစိုင်းစည်သူက ပြောသည်။

လက်ရှိတွင် ဂျပန်ရှိသက် ကြီးရွယ်အိုစောင့်ရှောက်ရေးဂေ ဟာများ၌ လုပ်ကိုင်ရန်မြန်မာအ လုပ်သမား ရာနှင့်ချီ၍ ကနဦး ခေါ်ယူရန်ကမ်းလှမ်းမှုရှိနေသည် ဟု အေဂျင်စီများကဆိုသည်။