(၇၁)နှစ်ပြည့် မွေးနေ့ အကြိုအဖြစ် ရုပ်ရှင်အစည်းအရုံးမှာ ငွေပဒေသာပင် မတည်လှူဒါန်းတဲ့ ဦးကိတ္တိသာရ(ကျော်ဟိန်း)

တစ်ချိန်က နာမည်ကျော် ကြားခဲ့သည့် သရုပ်ဆောင်အ ကယ်ဒမီကျော်ဟိန်း ဦးပဉ္စင်း(ဦးကိတ္တိသာရ)၏ ဇူလိုင် ၁၄ ရက်တွင် ကျရောက်မည့် (၇၁) နှစ်ပြည့်မွေးနေ့အကြိုအဖြစ် ၎င်း၏ မိသားစုဝင်များက ရုပ်ရှင်အစည်းအရုံးသို့ ကျပ်သိန်း ၁၅၀ လှူဒါန်းခဲ့သည်။

ဇူလိုင် ၉ ရက်တွင် လှူဒါန်းခဲ့ပြီး သက်ကြီးရွယ်အို သရုပ်ဆောင်များနှင့် ကိုလူချော အဖွဲ့ဝင်များအ တွက် ငွေပဒေသာပင် စိုက်ထူရန်ကျပ် ၇၅ သိန်းစီ ခွဲဝေလှူဒါန်းခဲ့ ကြောင်း ၎င်း၏သား နေ၀င်းက ပြောသည်။

‘‘အလှူငွေအပြင် စာအုပ် လေးနှစ်အုပ်လည်း ပါတယ်။ တစ်အုပ်က သက်ကြီးရွယ်အိုတွေ အတွက် သူကျင့်ကြံအားထုတ် ထားတဲ့ စာလေးတွေ၊ သူလည်း အသက်ကြီးပြီ။ အဲဒီတော့ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ မနှစ် ကဆေးရုံတက်ခဲ့တာတို့၊ သူအဲဒါ တွေကို ဘယ်လိုကျော်ဖြတ်ခဲ့လဲ ဆိုတဲ့ အဲဒါလေးတွေကို တစ်အုပ် ရေးထားတဲ့ သက်ကြီးရွယ်အိုတွေ အတွက် စာအုပ်၊ အနုပညာသမား တွေရော၊ သူတို့နဲ့ပတ်သက်တဲ့ ဆွေမျိုးတွေ၊ လူကြီး၊ လူငယ်တွေ အားလုံး မူးယစ်ဆေးဝေါးနဲ့ပတ် သက်တဲ့ Knowledge အနေနဲ့ ရော၊ တကယ်လို့ဖြစ်နေတဲ့ ပတ် သက်နေတဲ့၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဒုက္ခရောက်နေတဲ့ သူတွေ၊ နောက်ပြီး ဦးဉ္စင်းကြီး လည်း သူသုံးစွဲခဲ့လို့ ပြဿနာတွေ တက်ပြီး ဒုက္ခရောက်ခဲ့တာတွေကို လည်း ကူညီပေးချင်တဲ့အနေနဲ့ ရေးပြီး မျှဝေတာပါ။ စာအုပ်အား လုံးပေါင်း အစုံ ၃,၅၀၀ စီ ဝေပေး မယ်’’ဟု ၎င်းကပြောသည်။

‘အရင်တုန်းက စိန်ဂေါ်လီ လမ်းသူရဲ ဘိန်းစား၊ နောက်တော့ ကျော်ဟိန်း၊ အခုနောက်ဆုံး ကိတ္တိသာရ’ နှင့် ‘အသက်(၇၁) နှစ်ပြည့် မွေးနေ့အလှူအဖြစ် ကျပ်သိန်း ၁၅၀ ကို ရာသက်ပန် ပဒေသာင်စိုက်ထူမတည်၍ သက် ကြီးရွယ်အို သရုပ်ဆောင်များ၊ လူ ကြမ်းသရုပ်ဆောင်ကိုလူချောများ ကို ကျေးဇူးဆပ်ခြင်း’ ဟု အမည် ပေးထားသော အဆိုပါ စာအုပ် နှစ်အုပ်ကို အပြင်၌ မရောင်းချ သော်လည်း လက်ရှိတွင် ပေါ်ပြူ လာဂျာနယ်ဖေ့စ်ဘွတ်ခ်၌ တင် ထားပြီး လူမှုကွန်ရက်မှတစ်ဆင့် မျှဝေပေးမည်ဖြစ်သည်။

‘‘မနှစ်က သူဆေးရုံတက်ခဲ့ ရတယ်။ အဆုတ်က သိပ်မကောင်း တော့ဘူး။ မူးယစ်ဆေးဝါးနဲ့ပတ် သက်ပြီး အဆုတ်ကို ထိခိုက်ဒဏ် ရာရခဲ့တာလေးတွေ ရှိတယ်။ ပြီး တော့ နှလုံးခွဲထားတဲ့ ဒဏ်က အခု အောက်ဆီဂျင်က ၂၄ နာရီ ဆိုတော့ ဒီကိုလေယာဉ်ပျံပြန်စီး ရင် ၁၂ နာရီလောက်ကြာမယ် လေ။ အခက်အခဲတွေရှိလို့ ဒီကို ပြန်လာဖို့ အဆင်မပြေတာပါ။ အခုကတော့ ကောင်းတယ်။ ဒါ ပေမဲ့ အောက်ဆီဂျင်နဲ့တော့ သွား နေရတယ်။ အရင်လို ပေါ့ပေါ့ပါး ပါးတော့ မဟုတ်တော့ဘူး’’ ဟု နေ၀င်းက ပြောသည်။

ဦးကျော်ဟိန်းသရုပ်ဆောင် စဉ်က ၁၁ နှစ်ခန့် အနီးကပ်နေ ထိုင်ကာ ပညာသင်ခဲ့သည့် သရုပ် ဆောင်အောင်ခိုင်က ဦးကျော် ဟိန်းနှင့် မတွေ့ဆုံဖြစ်သည်မှာ ခုနစ်နှစ်ခန့် ရှိပြီဖြစ်သောကြောင့် အနီးကပ်တွေ့ဆုံကာ စကားများ ပြောချင်ကြောင်း ဆိုသည်။

‘‘နှစ်ပေါင်း ၄၁ နှစ်တိုင် အောင် သူဒီနယ်မြေမှာ အလုပ် လုပ်ခဲ့တယ်။ သူ့နေရာမှာ သူရပ် တည်ခဲ့တဲ့ တကယ့်ပါရမီရှင်တစ် ယောက်ပါ။ ဒါပေမဲ့ သူကသူကြုံ ခဲ့ရတဲ့ အတွေ့အကြုံတွေကိုယူ ပြီး ဒီထဲမှာ နစ်နေရင်တော့ ငါနွံ ထဲက ထွက်လို့ရမှာမဟုတ်ဘူးဆို တဲ့ အင်မတန်ပြင်းပြတဲ့ အသိစိတ်၊ ခိုင်မာတဲ့ အသိစိတ်နဲ့ ဒီလောကကို စွန့်လွှတ်ပြီး စစ်မှန်တဲ့တရားကိုရအောင် ရှာမယ်ဆိုပြီး ထွက်သွားခဲ့တာပါ’’ဟု အောင်ခိုင် က ပြောသည်။

ဦးကိတ္တိသာရသည် ယမန်နှစ်က ၎င်း၏သက်တော် (၇၀)ပြည့်မွေးနေ့အလှူအဖြစ် ကိုလူချောအဖွဲ့ဝင်များအနက် ၎င်းနှင့် လက်တွဲခဲ့သည့် လူကြမ်း ၅၂ ဦးကိုတစ်ဦးလျှင် ဆန်တစ်အိတ်နှင့် ကျပ်တစ်သိန်းစီ၊ ကျန် ၃၅ ဦးကို ဆန်တစ်အိတ်စီအပြင် စက် မှုသာရေး၊ နာရေး အဖွဲ့အတွက် ကျပ် ၁၀ သိန်း၊ ဇာတ်ပို့၊ ဇာတ်ရံအဖွဲ့အတွက် ကျပ် ၁၀  သိန်းစီနှင့် ၎င်းကိုယ်တိုင် ရေးသားထားသည့် အသိ၊ သတိ စာအုပ်များ လှူဒါန်းခဲ့ပြီး ယခုနှစ်တွင် ဒုတိယအကြိမ် မြောက် လှူဒါန်းခြင်း ဖြစ်သည်။

၎င်းသည် ၂၀၀၈ က သာသ နာ့ဘောင်သို့ စတင်ဝင်ရောက် ပြီး မှော်ဘီနှင့် မော်လမြိုင်မြို့တွင် သီတင်းသုံးနေရာမှ ၂၀၁၃ ကစ၍သမီးနှစ်ဦးရှိရာ သြစတြေးလျနိုင် ငံ ကန်ဘာရာမြို့သို့ သွားရောက် သီတင်းသုံးနေသည်။