‘တိမ်တိုက်တံတား’ ဇာတ်ဝင်ခန်းတွေအကြောင်း ဖွင့်ဟတဲ့ နေတိုး

‘တိမ်တိုက်တံတား’ ရုပ် ရှင်ဇာတ်ကားတွင် ငုရင်ထရန်ဟုရန်မေနှင့် တကယ်နမ်းသည့် ဇာတ်ဝင်ခန်းများရှိသလို အချို့ဇာတ် ဝင်ခန်းများသည် ကင်မရာအ လှည့်အပြောင်းဖြင့် ရိုက်ကူးထား ခြင်းဖြစ်ကြောင်း နေတိုးက ပြော သည်။

‘‘မြန်မာမင်းသမီးတွေနဲ့ လည်း ပါးနမ်းတဲ့ဇာတ်ဝင်ခန်းတွေ တော့ ရိုက်ဖူးပါတယ်။ အဲဒါလေး တွေက ရိုမန့်အနေနဲ့ လိုအပ်လာ ရင်တော့ ပါးနမ်းတဲ့ ဇာတ်ဝင်ခန်း လေးတွေတော့ ရိုက်ရပါတယ်။ ပရိသတ်က ရိုင်းတယ်လို့ မမြင် တော့ဘူးလို့ ထင်ပါတယ်’’ဟု နေတိုးက ပြောသည်။

ဇာတ်ကား နမူနာတွင် နေတိုးနှင့် ငုရင်ထရန်ဟုရန်မေတို့ ချစ်သူနှစ်ဦး ကြည်နူးဖွယ်ကောင်း သည့်ပုံစံ ရိုက်ကူးထားသော ဇာတ်ဝင်ခန်းကို ပရိသတ်များက သဘောကျခဲ့သည်။

‘တိမ်တိုက်တံတား’ ဇာတ် ကားတွင် နေတိုး၊ ထွန်းထွန်း၊ ငုရင်ထရန်ဟုရန်မေနှင့် ခင်ဝင့်ဝါ တို့ အဓိကပါဝင် သရုပ်ဆောင် ထားပြီး ဇူလိုင် ၁၃ ရက်၌ စတင်ရုံတင်ပြသမည်ဖြစ်သည်။

‘‘ဒီဇာတ်ကားက အပြင်မှာ ရှိတဲ့လူတွေနဲ့ ဇာတ်လမ်းတည် ဆောက်ထားတာ။ ဝတ္ထုလည်းမရှိ ဘူး။ လူတွေကိုကြည့်ပြီး ဇာတ် လမ်းဆင်ထားတာဖြစ်တဲ့အတွက် တစ်ခါမှ သရုပ်မဆောင်ဖူးတဲ့ Miss တစ်ယောက်ကလည်း သူ့ နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်နေ တယ်။ ဇာတ်လမ်းရည်ရွယ်ချက် ကို တန်ဖိုးရှိအောင် တည်ဆောက် ထားတယ်’’ဟု ယင်းဇာတ်ကား နှင့်ပတ်သက်၍ နေတိုးက ပြော သည်။

ထို့အပြင် ယင်းဇာတ်ကား တွင် ငုရင်ထရန်ဟုရန်မေ ပါဝင် ခြင်းကြောင့် ပရိသတ်စိတ်ဝင်စားမှု မြင့်တက်စေကြောင်း ၎င်းက ဆိုသည်။

‘‘Presentation က ရိုးရှင်း တယ်ဆိုပေမယ့် ရိုမန့်အရသာကို ပေးနိုင်အောင် Music ပံ့ပိုးတာ တွေရှိတယ်။ Location တွေရှိ တယ်။ ကျွန်တော်ပါဝင်တဲ့ ဇာတ်ကောင်ကို အကောင်းဆုံးသရုပ် ဆောင်ထားတယ်။ ဒီကားက ဘယ်တော့မှ မရိုးသွားနိုင်တဲ့ Classic ဖြစ်တဲ့ ကားတစ်ကားလို့ မြင်မိပါ တယ်’’ဟု ‘တိမ်တိုက်တံတား’ ဇာတ်ကားအပေါ် ၎င်း၏ အမြင် ကို ပြောသည်။

လတ်တလော လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည့် နေတိုး၏ ချစ်သူဆိုသည့် ဓာတ်ပုံများသည် Rose Rider ရုပ်ရှင် အတွက် ၎င်းတို့ နှင်းဆီအဖွဲ့က ရွေးချယ်ထားသည့် ဇွန်လေးဖြူ နှင့်   ရိုက်ကူးထားသော  ဓာတ်ပုံများဖြစ်ပြီး ပရိသတ်များအနေဖြင့် ကိုယ်တိုင်ပြောကြားချိန်မှသာ ယုံကြည်စေလိုကြောင်း နေတိုးက ပြောသည်။