အစ္စဏီအမှု တရားလိုဘက်က ရုံးပြောင်း လျှောက်ထား

ယမန်နေ့က အစ္စဏီအား ရုံးထုတ်လာစဉ် (ဓာတ်ပုံ - ခင်ဆွေသက်)

အဆိုတော်အစ္စဏီ၏ အမှုကို တရားလိုဘက်က ရုံး ပြောင်းလျှောက်ထားခဲ့ကြောင်း စွပ်စွဲခံရသူ၏ရှေ့နေဦးကျော်ဇင် ဦးက ပြောသည်။ ရန်ကုန်အရှေ့ ပိုင်းခရိုင်တရားရုံးရာဇ၀တ်ပြင် ဆင်မှုအမှတ် (၆၅/၁၈) ဖြင့် ရုံး ပြောင်းလျှောက်ထားခဲ့ခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။


‘‘ဒီရုံးတော်က လုံခြုံရေး လည်းအပြည့်အ၀ပေးတယ်။ မှန် မှန်ကန်ကန်လည်း စစ်ဆေးပေး တယ်။ ကျွန်တော်တို့ကလည်း မှန် မှန်ကန်ကန်ထုတ်ဖော်ပြီး ဒီနေ့မှာ လည်း အမှန်တရားထုတ်ဖော်ဖို့ လာတဲ့အချိန်မှာ တရားလိုက ဘယ်အကြောင်းပြချက်နဲ့လည်း တော့မသိဘူး။ ဒီရုံးကို မကျေနပ် လို့လား၊ ဒီရုံးမှာဆက်စစ်တာ သူ့ အတွက် Safe မဖြစ်ဘူးထင်လို့ လားတော့မသိဘူး။ ရုံးပြောင်း တစ်ခုခုနဲ့တော့ လျှောက်သွားပါ တယ်’’ ဟု ၎င်းကပြောသည်။

ရုံးပြောင်း လျှောက်ထား သောကြောင့် တရားလိုသည် ဇူ လိုင် ၉ ရက်ရုံးချိန်းသို့လာရောက် ခြင်းမရှိသဖြင့် စွပ်စွဲခံရသူအနေ ဖြင့် အလွန်နစ်နာကြောင်း ဦး ကျော်ဇင်ဦးက ပြောသည်။

‘‘စွပ်စွဲခံရသူအနေနဲ့ ဒီအမှု ကို လုပ်ကြံစွပ်စွဲပြီးတရားစွဲဆိုခံရ တာနဲ့ပတ်သက်ပြီး ဒီရုံးချိန်းမှာ ဆက်လက်တင်ပြဖို့ အခွင့်အရေး အတွက်ကို လာရောက်တဲ့အခါ မှာ တရားလိုကမလာတဲ့အတွက် စွပ်စွဲခံရသူအနေနဲ့ အရမ်းနစ်နာ နေပါတယ်’’ဟု ၎င်းကပြောသည်။

တရားလိုစူးရှထက်အားဖုန်း ဖြင့်ဆက်သွယ်မေးမြန်းရာတွင် ‘‘ရုံးပြောင်းလျှောက်ထားတယ်။ အဲဒါကြောင့် ဒီနေ့ရုံးချိန်းမတက် တာပါ’’ ဟု ပြန်လည်ဖြေကြား သည်။

အဆိုတော်အစ္စဏီ၏ မိခင် က ဇူလိုင် ၉ ရက်ရုံးချိန်းအပြန် တွင် ‘‘သားအနေနဲ့ အထဲထဲမှာနေ ရတာ အဆင်မပြေဘူးပေါ့။ ဒါ ပေမဲ့ ဟိုဘက်ကလည်း သူ့လုပ် ပိုင်ခွင့်ရှိလို့ သူလုပ်တာပေါ့’’ ဟု မီဒီယာများအား ဖြေကြားသည်။

အမှုအတွက် တရားလိုမော် ဒယ်စူးရှထက်အပါအ၀င် တရား လိုပြသက်သေ ၁၁ ဦးတင်သွင်း ထားပြီး အဆိုပါအမှုကို တာမွေ မြို့နယ်တရားရုံးရှိ တွဲဖက်မြို့နယ် တရားသူကြီး(၁)က တာဝန်ယူ စစ်ဆေးနေဆဲဖြစ်သည်။

လက်ရှိတွင် အဆိုတော် အစ္စဏီကို အဓမ္မပြုကျင့်မှု၊ ဘေး ဖြစ်စေသောလက်နက်ဖြင့် နာ ကျင်စေမှုနှင့် သာမန်နာကျင်စေ မှုပုဒ်မသုံးခုဖြင့် မေလ ၁၀ ရက် က တရားစွဲဆိုခဲ့သည်။

အစ္စဏီသည် ရည်းစား ဟောင်းကို နာကျင်အောင်ပြုလုပ် သည့်အပြင် နှစ်ကြိမ်အဓမ္မပြုကျင့် ကြောင်း၊ ထို့နောက် မော်ဒယ်အ မျိုးသမီးက အိမ်သာအသုံးပြုမည် ဟု အကြောင်းပြကာ အိမ်သာတံ ခါးပိတ်၍ သူငယ်ချင်းထံဖုန်းဆက် အကူအညီတောင်းရာမှ လွတ် မြောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ် ပြန်ချက်တွင် ပါရှိသည်။