မကွေးတိုင်းအတွင်း ကျောင်းသားအချင်းချင်း ဓားထိုးမှု နှစ်ရက်ဆက်တိုက်ဖြစ်ပွား

မကွေးတိုင်းအောင် လံနှင့် ရေနံချောင်းမြို့တွင် ကျောင်းသားအချင်းချင်း ဓားထိုး မှုများ ဖြစ်ပွားခဲ့ကြောင်း ယင်း မြို့နယ် များရှိ ရဲတပ်ဖွဲ့စခန်းတာ ၀န်ရှိသူများက ပြောသည်။


ဇူလိုင် ၉ ရက်နေ့လယ်က အောင်လံမြို့အထက (၃) ရွာ ထောင်ကျောင်း၌  န၀မတန်းတွင် ပညာသင်ကြားနေသည့် ကျောင်း သားအချင်းချင်း ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်းအောင်လံမြို့မ ရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

အသက် (၁၄) နှစ် အရွယ်  န၀မတန်းကျောင်းသားက တစ်ခန်းတည်းနေ  (၁၅) နှစ် အရွယ် ကျောင်းသားကို အရိုးအသွား ခြောက်လက်မရှိ သစ်သီးလှီးဓားဖြင့် ထိုးခဲ့သဖြင့် ဒဏ်ရာငါးချက်ရရှိခဲ့ကြောင်း၊ သို့သော် သာမန် ပြတ်ရှဒဏ်ရာများသာဖြစ်ပြီး အ သက်အန္တရာယ် မစိုးရိမ်ရဘဲ အောင်လံ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း တာဝန်ကျရဲအရာရှိတစ်ဦးကဆိုသည်။

‘‘ဓားနဲ့အထိုးခံရတဲ့ကလေး က ခေါင်းကို နှစ်ချက်ရိုက်ပြီးစခဲ့ တာကို မကျေနပ်လို့နေ့လယ် ၁ နာရီလောက်မှာ ကိုးတန်းဆောင် နဲ့ ဆယ်တန်းဆောင်အကြားလမ်း မမှာ ဓားနဲ့ထိုးခဲ့တာလို့သိရ တယ်။ အသေးစိတ်အခြေအနေ ကိုတော့စစ်ဆေးနေဆဲပါ’’ ဟု အောင်လံမြို့မရဲတပ်ဖွဲ့မှ စခန်း မှူး ဒုရဲမှူးစိုးညွန့်ဦးက ပြောကြား သည်။

ဓားဖြင့်ထိုးခဲ့သူ ကျောင်း သားကိုမြို့မရဲတပ်ဖွဲ့စခန်းတွင်   ထိန်းသိမ်းထားပြီး အပြင်းအထန် နာကျင်စေမှုဖြင့်အမှုဖွင့်စစ်ဆေး နေကြောင်း ၎င်းကဆိုသည်။

အလားတူ ရေနံချောင်းမြို့ ရွာသစ်ရပ်အထက(၁)ကျောင်း ရှေ့တွင် ဇူလိုင် ၈ ရက်ညနေက ကျောင်းသားအချင်းချင်း ဓားဖြင့်  ထိုးမှုဖြစ်ပွားပြီး ကျောင်းသား တစ်ဦး ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိသဖြင့် ရေနံချောင်း မြို့နယ်ဆေးရုံကြီးသို့ တင်ပို့ကု သပေးခဲ့ရကြောင်း ရေနံချောင်း မြို့နယ်ရဲတပ်ဖွဲ့စစ်ဆေးချက် မှတ်တမ်းတွင်ဖော်ပြသည်။  ဓား ဖြင့် ထိုးခံရသည့်  (၁၅) နှစ် အ ရွယ် ကျောင်းသားသည် အထက လည်ပေါ်ကျောင်းတွင် ဒသမ တန်း၌ ပညာသင်ကြားနေသူဖြစ် ပြီး ယင်းနေ့တွင်ပြုလုပ်သော ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ သို့ သွားရောက်ကြည့်ရှုရာမှ အထက (၁) ကျောင်းတွင် ဒသမ တန်းပညာသင်ကြားနေသူ (၁၆) နှစ်အရွယ် ကျောင်းသားနှင့် စ ကားများရန်ဖြစ်ပြီး ယင်းကျောင်း  သားက ဓားဖြင့်ထိုးခဲ့ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြသည်။

ဓားဖြင့်ထိုးခဲ့သည့် ရေနံ ချောင်း  အထက (၁) မှ ကျောင်း  သားကိုအခင်းဖြစ်ညတွင် ၎င်း နေထိုင်ရာ ဘော်ဒါဆောင်၌  ဖမ်း ဆီးပြီး အပြင်းအထန်နာကျင်စေ မှုဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ရေနံချောင်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။