ရုပ်ရှင်အကြိုခံစားခြင်း

တိမ်တိုက် တံတား

-ဒီကနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍ မှာတော့ လူငယ်အချစ်ဇာတ်ကား လေးတစ်ကားအကြောင်း ညွှန်းလိုက်ပါတယ်။

စိုင်းလုံနဲ့ ပန်းလှဖြူတို့က အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေ ပါ။ စိုင်းလုံက ကျောင်းဆရာတစ် ယောက်ဖြစ်ပြီး ပန်းလှဖြူကတော့ ဆရာဝန်မလေးပါ။  သူတို့နှစ် ယောက်စလုံးက နမ့်ပန်မြို့မှာ တာဝန်ကျနေတာဖြစ်ပြီး သူတို့ရဲ့ ဒေသဖြစ်သလို စေတနာ ကောင်းသူတွေဖြစ်တာကြောင့် လူချစ်လူခင်လည်း ပေါများပါ တယ်။

တစ်ရက်မှာတော့ နမ့်ပန် ဆေးရုံကို ငှက်ဖျားရောဂါသည်လူနာတစ်ဦး ရောက်လာပါတယ်။ အဲဒီလူနာက သူ့ကိုယ်သူလည်း ဘယ်သူဆိုတာ မမှတ်မိပါဘူး။ အဲဒါကြောင့် သူတို့ရဲ့ နမ့်ပန်ဆေး ရုံမှာပဲ ဆေးကုသပေးရင်း သောင် တင်သွားခဲ့ပါတယ်။ သူ့ကိုယ်သူ ဘယ်သူမှန်း မသိပေမယ့် နာ မည်တစ်ခုတော့ရလာခဲ့ပါတယ်။ အဲဒီနာမည်ကတော့ သက်တံ့ပါ။ ပန်းလှဖြူက သက်တံ့အပေါ်မှာ သံယောဇဉ် တော်တော်ရှိပါ တယ်။ အဲဒါကို မကြိုက်တာက စိုင်းလုံပါ။ တကယ်တော့ စိုင်းလုံက ပန်းလှဖြူကို တစ်ဖက်သတ် ကြိုက်နေတာပါ။ အဲဒါကြောင့် စိုင်းလုံက သက်တံ့နဲ့ပတ်သက်ရင် သိပ်ပြီး အကောင်းမြင်လေ့ မရှိပါဘူး။

ဒါပေမဲ့ တစ်ရက်မှာတော့ သက်တံ့က စိုင်းလုံရဲ့ကျောင်းမှာ ကူညီလုပ်ကိုင်ပေးရင်း သူတို့ကျောင်းက ခြေထောက်တစ်ဖက် မရှိတဲ့ ကလေးတစ်ယောက်ကို သေသေချာချာဂရုတစိုက် ကူညီ ပေးနေတာကိုတွေ့တဲ့ အချိန်မှာ တော့ စိုင်းလုံအံ့သြခဲ့ရပါတယ်။ နောက်ပြီး သက်တံ့က ခေတ် ပညာတတ်တစ်ယောက်ဖြစ်မယ် လို့လည်း ခန့်မှန်းခဲ့ပါတယ်။

ပန်းလှဖြူကတော့ သက်တံ့အပေါ်မှာ စိုင်းလုံ အမြင်ကြည် လာတာကြောင့် ဝမ်းသာခဲ့ရပါ တယ်။ နောက်ပြီး သက်တံ့က ဆေးရုံမှာလည်း သူတတ်နိုင်တဲ့ဘက် ကနေ ကူညီပေးတတ်ပါတယ်။ အဲဒါကြောင့် သက်တံ့ကလည်း စိုင်းလုံနဲ့ ပန်းလှဖြူတို့လိုပဲ မြို့ကလူတွေချစ်တဲ့သူတစ်ယောက်ဖြစ်လာပါတယ်။

အဲဒီလိုနဲ့ တစ်ရက်မှာတော့ သူတို့ဒေသက ဘုရားပွဲတော် တစ်ခုမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကကြပါတယ်။ သက်တံ့လည်း မက တတ်ကတတ်နဲ့ ဝင်ကခဲ့ပါတယ်။အဲဒီအချိန်မှာ သက်တံ့က ပန်းလှ ဖြူအပေါ်မှာ စိတ်ဝင်စားနေသလို ပန်းလှဖြူကလည်း သက်တံ့ကို  စိတ်ဝင်စားနေပါတယ်။

ဖြစ်ချင်တော့ အဲဒီပွဲတော်ကို လာတဲ့ နိုင်ငံခြားသားတစ်ဦးက ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်ကို တင်လိုက်တဲ့အချိန်မှာတော့ အဲဒီပုံကို သက်တံ့ကိုသိတဲ့ လူတစ်ဦး က တွေ့ခဲ့ပါတယ်။ တကယ်တော့ သက်တံ့ရဲ့ နာမည်အရင်းက ဒန်နီရယ်ပါ။ ဒန်နီရယ်မှာက ခြောက် နှစ်လောက်ချစ်သူသက်တမ်းရှိပြီ ဖြစ်တဲ့ မေဆိုတဲ့ ချစ်သူတစ်ဦး လည်းရှိပါတယ်။ သူတို့က သြစတြေးလျနိုင်ငံမှာ အလုပ်လုပ်နေ ကြတာပါ။

ဒန်နီရယ်က ဘာကြောင့် မြန်မာနိုင်ငံကို ပြန်လာတာလဲ။မေကကော သူ့ချစ်သူကိုလိုက်မရှာဘူးလား၊ သူတို့ ဇာတ်လမ်းဘာတွေ ဆက်ဖြစ်ဦးမှာလဲဆိုတာ ကိုတော့ ဇူလိုင် ၁၃ ရက်ကနေ စတင်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် နယ်မြို့တွေမှာ ရုံတင်ပြသ မယ့် ‘တိမ်တိုက်တံတား’ ရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ရှုစား ပေးပါ။

ဒီဇာတ်ကားမှာ သက်တံ့(ခ)ဒန်နီရယ်အဖြစ် နေတိုး၊ စိုင်းလုံ အဖြစ် ထွန်းထွန်း၊ မေအဖြစ် ငုရင်ထရန်ဟုရန်မေနဲ့ ပန်းလှဖြူအဖြစ်ခင်ဝင့်ဝါတို့ ပါဝင်သရုပ်ဆောင် ထားပါပြီး မိုးနီလွင်ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်ထားပါတယ်။