ဂုဏ်ထူးရှင်၏ အိပ်မက်

နေအိမ်တွင် ငါးဖမ်းပိုက် ရက်လုပ်နေသည့် မဝင်းကေခိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဇွဲဉာဏ်)

ဆယ်စုနှစ် တစ်ခုခန့်မျှ ဖခင်ဖြစ်သူက ကျောပိုးပြီး ကျောင်းပို့ပေးရကျိုးနပ်အောင် မဝင်းကေခိုင်တစ်ယောက် စွမ်းဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ 

ညောင်တုန်းမြို့နယ် ဆားမ လောက်ကျေးရွာတွင် နေထိုင်သူ  မဝင်းကေခိုင်၏ ခြေထောက်တစ် ဖက်သည် ပုံမှန်အနေအထား မ ဟုတ်ပါ။ 

ယင်းခြေထောက်ကို ညှာ၍ လမ်းလျှောက်ရသောကြောင့် မွေး ဖွားစဉ်က အကောင်းအတိုင်းဖြစ် ခဲ့သည့် ဘယ်ဘက်ခြေထောက် သည် ဖွံ့ဖြိုးမှုမရှိတော့ဘဲ ညာ ဘက်ခြေထောက်နည်းတူ သိမ်နေသောကြောင့် အသက်(၁၈)နှစ်ဖြစ်သော်လည်း မဝင်းကေခိုင်၏အရပ်သည် သုံးပေခန့်သာရှိသေးသည်။ ဘယ်ဘက်လက်သည်လည်း အခြားသူများကဲ့သို့ လက်ချောင်းများ ပြည့်ပြည့်စုံစုံပါသူမဟုတ်ပေ။

သို့သော် မဝင်းကေခိုင်က ၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးသုံးဘာသာဖြင့် ထူးထူးချွန်ချွန်အောင်မြင်ကာ မသန်သော် လည်း စွမ်းကြောင်း သက်သေပြ နိုင်ခဲ့သည်။ 

‘‘စိတ်ဓာတ်တော့ မကျခဲ့ဖူး ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သန်သန် မာမာလို့ပဲ သဘောထားပြီး ကြိုး စားခဲ့တယ်။ မသန်စွမ်းဖြစ်လို့ လည်း အားမငယ်ဘူး။ သူများတွေ လုပ်နိုင်ရင် ကိုယ်လည်း လုပ်နိုင်ရ မယ်’’ဟု မဝင်းကေခိုင်က ၎င်း၏ ခံစားချက်ကို ပြောသည်။ 

ဝိဇ္ဇာတွဲဘာသာရပ်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့သည့် မဝင်းကေခိုင်က ပထဝီဝင်၊ သမိုင်း နှင့် ဘောဂဗေဒဘာသာရပ်များ တွင် ဂုဏ်ထူးရရှိခဲ့ပြီး မြန်မာစာ ဂုဏ်ထူးမှန်းခဲ့သော်လည်း ၇၂ မှတ်သာရရှိသည်။ စုစုပေါင်း ရမှတ် ၄၃၂ မှတ်ဖြစ်သည်။ 

‘‘တစ်ညလုံး အိပ်လို့မရဘူး။ တစ်နှစ်ကလည်း ကျထားတော့။ ဒါပေမဲ့ အဲဒီညက အိပ်မက်ထဲမှာ လည်း ဂုဏ်ထူးသုံးဘာသာပါ တယ်လို့ မက်တယ်’’ဟု အောင်စာ ရင်းထွက်သည့်နေ့က အကြောင်း ကို မဝင်းကေခိုင်က တက်ကြွစွာ ပြောသည်။ 

 တက္ကသိုလ်ဝင်စာမေးပွဲကို ဒုတိယအကြိမ်ဖြေဆိုသည့်အချိန် ၌ အောင်မြင်ခြင်းဖြစ်ပြီး ပြီးခဲ့ သည့်နှစ်က စာမေးပွဲရှုံးနိမ့်ခဲ့ခြင်း မှာလည်း အင်္ဂလိပ်စာအားနည်း သောကြောင့် ၃၈ မှတ်သာ ရရှိခဲ့ သည်။ 

ထို့ကြောင့် ယခုနှစ်တွင် အား နည်းသည့် ဘာသာရပ်များကို ကြိုးစား၍ မိဘများ စိတ်ချမ်းသာ အောင် အပင်ပန်းခံ ကြိုးစားခဲ့သည်ဟု ၎င်းကပြောသည်။ 

မဝင်းကေခိုင်သည် မိဘများ ၏ ထောက်ပံ့မှုကောင်းကောင်းဖြင့် ကျောင်းတက်ခဲ့ရခြင်းမဟုတ်။ အင်္ဂလိပ် အားနည်းသော်လည်း မိဘများက ငွေကြေးမတတ်နိုင် သောကြောင့် ပြင်ပတွင် ကျူရှင် တက်ရောက်နိုင်ခြင်းမရှိပေ။ 

ရေလုပ်သားအလုပ် လုပ် ကိုင်သည့် ဖခင်နှင့် ငါးဖမ်းပိုက်ရက် လုပ်သည့် မိခင်တို့က တစ်ဦးတည်းသောသမီး မဝင်းကေခိုင် ပညာရေးအတွက် အစိုးရကျောင်းသာ ထားပေးနိုင်ခဲ့သည်။ 

‘‘ပိုက်ချတဲ့ အလုပ်ကလည်း ရတဲ့နေ့က ရသလို မရတဲ့နေ့က မရဘူး။ ဒီလိုပဲ ရှာဖွေပြီး သူ့ကိုဖြစ် ထွန်းအောင် လုပ်ကိုင်ပေးရတာ။ မိဘတစ်ယောက်အနေနဲ့’’ဟု ဖခင်က ပြောသည်။

အိမ်နှင့် မိနစ်ပိုင်းသာ လမ်း လျှောက်ရုံဖြင့် ရောက်နိုင်သည့် ကျောင်းကို မဝင်းကေခိုင် ကိုယ် တိုင် သွားရောက်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် ၎င်းငယ်ရွယ်စဉ်က ဖခင်ကိုယ်တိုင် ကုန်းပိုး၍ ကျောင်းလိုက်ပို့ခဲ့ရပြီး အထက်တန်းရောက်ရှိချိန်တွင် ၎င်းတို့အိမ်အနီးမှ ဆိုင်ကယ် ကယ်ရီငှားကာ ကျောင်း သွား၊ ကျောင်းပြန်လုပ်ခဲ့ရသည်။ 

မဝင်းကေခိုင်သည် မသန် စွမ်းတစ်ဦးဖြစ်သောကြောင့်ဟုဆို ကာ အားငယ်နေတတ်သူမဟုတ် ပေ။ ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီး ပါးတွင် သနပ်ခါးဖြင့် ပန်းကလေး တစ်ပွင့် အမြဲပန်ထားတတ်သည်။ 

 မွေးရာပါ မသန်စွမ်းမှု ကြောင့် လမ်းများများမလျှောက် နိုင်သလို အလေးအပင် မ,မနိုင် သော်လည်း မဝင်းကေခိုင်က လက်ရှိတွင် မိခင်၏ငါးဖမ်းပိုက်ရက်လုပ် သည့် အလုပ်ကို ကူညီနေသည်။ 

ကျောင်းတက်သည့် အချိန် ကလည်း သောက်ရေအိုးစင်မှ ရေ ခပ်ရသည့်ကိစ္စတစ်ခုသာ ၎င်းအ တွက် အခက်အခဲရှိပြီး သူငယ်ချင်း များက ကူညီပေးကြောင်း ၎င်းက ဆိုသည်။ 

‘‘သူငယ်ချင်းတွေနဲ့လည်း ဒီ အတိုင်း စနောက်ပြီးပဲနေတာ။ သူတို့လည်း ကိုယ့်ကို မသန်တဲ့လူ လို့ မသတ်မှတ်ဘူး။ အချင်းချင်း စနောက်ပြီး လိုအပ်တာတွေရှိရင် တော့ ကူညီပေးတယ်’’ဟု ကျောင်းတက်ခဲ့ရသည့် အခြေအနေကို မဝင်းကေခိုင်ကပြောသည်။ 

 ထို့အပြင် တက္ကသိုလ်ဝင် တန်းရောက်ရှိသည့်အချိန်မှ ဂုဏ်ထူးများရရှိခြင်းမဟုတ်ဘဲ ငယ်ရွယ် စဉ်ကလည်း ကျောင်းတွင် ဆုများရရှိဖူးကြောင်း ထရံတွင် ကပ်ထားသည့် တစ်လုံးတည်းသော ဗီရိုအဟောင်းပေါ်မှ ဆုတံဆိပ်များကို ညွှန်ပြရင်း ဂုဏ်ယူစွာပြောသည်။ 

မသန်စွမ်းသူများတွင် မစုပုံ ချစ်သည် ၎င်းအတွက် စံနမူနာယူ ရသူတစ်ဦးဖြစ်သလို အခြားမသန် သော်လည်း စွမ်းနိုင်သူများကို အား ကျသည်ဟု ၎င်းကဆိုသည်။ 

တက္ကသိုလ်ဝင် စာမေးပွဲကို ဘဝတစ်ဆစ်ချိုး အပြောင်းအလဲ တစ်ခုအဖြစ် ယုံကြည်ထားသော ကြောင့် ကြိုးစားခဲ့သော်လည်း မဝင်းကေခိုင် တက္ကသိုလ်တက် ရောက်ရန် အခက်အခဲများက စောင့်ကြိုနေသည်။ 

 နွမ်းပါးသည့် မိဘများက မဝင်းကေခိုင်၏ ကျောင်းစရိတ်ကို ထောက်ပံ့ရမည့်ကိစ္စသည် လွယ် ကူလှသည်တော့မဟုတ်ပေ။ ငယ်ရွယ်စဉ်က ဆရာဝန်များကို အားကျခဲ့သော်လည်း ယခုအချိန်တွင် မဝင်းကေခိုင်က ၎င်းကို စာသင်ပြ ပေးခဲ့သည့် ဆရာမများကို အားကျသောကြောင့် ဆရာမတစ်ဦးဖြစ် ရန် စိတ်အားထက်သန်နေသည်။ 

ထို့ကြောင့် ပညာရေးတက္က သိုလ် တက်ရောက်ရန် လျှောက် ထားပြီး ၎င်း၏အမှတ်ပေါင်းသည် လည်း သတ်မှတ်ထားသည့်အမှတ် ပြည့်မီနေ၍ သူ စိတ်အားတက်ကြွ နေသည်။ 

 သို့သော် ငါးဖမ်းပိုက်ရက် လုပ်သည့် အလုပ်သည် အမြဲလုပ်ကိုင်နေရသည်တော့မဟုတ်။ အပ်သူရှိမှသာ လုပ်ကိုင်ရခြင်းဖြစ် သည်။ ထို့အပြင် ဖခင်၏ ငါးဖမ်း သည့်အလုပ်မှာလည်း မိုးတွင်းတွင်သာ အဆင်ပြေသောကြောင့် အခြားအချိန်များတွင် အခက်အခဲ များ ရင်ဆိုင်နေရသည်ဟု မဝင်းကေခိုင်ကပြောသည်။ 

ထို့ကြောင့် မဝင်းကေခိုင်၏ ရည်ရွယ်ချက်ဖြစ်သည့် ဆရာမဖြစ်လာရန် အထောက်အပံ့ပေး နိုင်မည့်သူများ လိုအပ်နေသည်။ ယင်းအကြောင်းအရာကို သိသောကြောင့် ကျောင်းတက်ရန် အခက် အခဲရှိနေကြောင်း ၎င်းနေထိုင် သည့် ကျေးရွာအနီးမှ အမျိုးသမီး တစ်ဦးက ဖေ့စ်ဘွတ်ခ်ပေါ်တွင် တင်ခဲ့သော်လည်း ယခုအချိန်အ ထိ မထူးခြားသေးပေ။ 

မွေးရာပါ ခြေထောက်တစ် ဖက်မသန်သူဖြစ်သော်လည်း စွမ်း နိုင်သည့်အကြောင်းကို မဝင်းကေ ခိုင်က ပြသနိုင်ခဲ့ပြီဖြစ်သည်။ သို့ သော်လည်း ပညာရေးဆုံးခန်းတိုင် အောင် တက်ရောက်နိုင်ရန် အသက်(၁၈)နှစ်အရွယ် မိန်းကလေး တစ်ဦးအတွက် စိန်ခေါ်မှုများက စောင့်ကြိုနေသည်။ ထို့ကြောင့် မဝင်းကေခိုင်က ပညာရေးဆုံးခန်း တိုင်သည်အထိ ထောက်ပံ့ပေးနိုင် မည့်သူတစ်ဦးကို မျှော်လင့်နေရ သည်။ 

‘‘သူ့ကို ကျွန်တော်တို့အားပေးရမယ်။ မသန်စွမ်းတစ်ယောက် ၁၀ တန်း အောင်ဖို့ဆိုတာ ဘယ် လောက်ခက်ခဲတယ်ဆိုတာ ကိုယ် တိုင်ကြုံဖူးတဲ့လူက ပိုသိတယ်။ သူ့ ကိုကြည့်ပြီး မသန်စွမ်းတွေလည်း ကြိုးစားချင်စိတ် ပေါ်ပေါက်လာ မယ်ဗျာ’’ဟု ရွှေမင်းသားဖောင်ဒေး ရှင်းဥက္ကဋ္ဌ ဦးမြတ်သူဝင်းကပြော သည်။ 

၎င်းတို့အနေဖြင့် မဝင်းကေ ခိုင် ကျောင်းတက်သည့်အချိန်တွင် ကြုံတွေ့ရမည့် အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်းပေးရန် အဆင်သင့်ရှိနေသည်ဟုဆိုသည်။ ပညာသင် ထောက်ပံ့ကြေးနှင့် ပတ်သက်၍ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)သို့ လျှောက်ထားနိုင်သည်ဟု ၎င်းကအကြံပြုသည်။ 

တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထွက်သည့် နေ့က သုံးဘာသာဂုဏ်ထူး ရရှိသည်ဟု အိပ်မက်မက်ခဲ့သလို ဆရာမတစ် ဦးဖြစ်ရန် စိတ်ကူးထားသည့် စိတ်ကူးယဉ်အိပ်မက် အကောင်အ ထည် ဖော်နိုင်မည်လားဆိုသည်မှာ လက်ရှိတွင် မသေချာမရေရာသေးပေ။          ။